ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, April 14, 2008

မျှမျှတတ အသက်မွေးပါ

- မြတ်စွာဘုရားက လူချမ်းသာဖြစ်ဖို့အတွက် “ မျှတသော အသက်မွေးမှု” ရှိရမည်ဟု မိန့်တော်မူခဲ့သည်။ လူသည် ရရှိလာသော လူ့အသက်လေး ဆက်လက်ရှင်သန်နိုင်ဖို့အတွက် စားစရာ နေစရာ ထိုင်စရာ ဆေးဝါး ဓာတ်စာ ကျွေးမွေးပြီး ပိုးမွေးသလို မွေးမြူနေရသည်။
- စားစရာ ၀တ်စရာ နေစရာ ထိုင်စရာ ဆေးဝါးဓာတ်စာ ပြည့်စုံဖို့အတွက် မနားတမ်း ရှာဖွေနေရသည်။ ရဖို့က မသေချာပေမယ့် ကုန်ဖို့ကတော့သေချာသည်။ အ၀င်က မသေချာပေမယ့်လည်း အထွက်ကတော့သေချာ သည်။ ၀တ်စရာ နေထိုင်စရာက နေ့စဉ်မကုန်ပေမယ့် စားစရာကတော့ နေ့စဉ်ကုန်နေမည်။ အ၀င်ကမလွယ် ပေမယ့် အထွက်ကတော့အလွန်လွယ်သည်။ အမှတ်တမဲ့ အလွယ်တကူကို ထွက်နေသည်။
- လူချမ်းသာဖြစ်ချင်သူသည် အ၀င်အထွက် ထိန်းချုပ်ကိုင်တွယ်နိုင်ရမည်။ အ၀င်ကနေ့စဉ်ရှိချင်မှ ရှိမည်ဖြစ်သော်လည်း အထက်ကတော့ နေ့စဉ်ရှိနေမည်ဖြစ်သည်။ သာမန်လူတန်းစားအဖို့ အထွက်နောက်ကို အ၀င်ကမီအောင် လိုက်နိုင်ကာမှ တော်ကာကျမည်။ အထွက်နောက်ကို အ၀င်က မီအောင်မလိုက်နိုင်လျှင်ဖြင့် ဒုက္ခရောက်ဖို့သာရှိတော့သည်။
- အဆင့်တစ် အနေဖြင့် အ၀င်အထွက် ၀င်ငွေထွက်ငွေ မျှတနေလျှင်ပင် နေသာထိုင်သာရှိမည်ဖြစ်သည်။ လူချမ်းသာ သူဌေးကတော့ ဖြစ်နိုင်သေးမည်မဟုတ်။ လူချမ်းသာဖြစ်ဖို့ကတော့ တစ်ဆင့်တက်၍ ထွက်ငွေထက် ၀င်ငွေအား ကောင်းအောင် ကြိုးစားဖို့ လိုအပ်မည်။ ထွက်ပေါက်ကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရမည်။ ထွက်သင့်မှ ထွက်ဖို့၊ မထွက်သင့်က မထွက်စေဖို့ ထိန်းသိမ်းနိုင်ရမည်။

0 comments:

Posts

Followers

Labels

Comments