ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Thursday, April 17, 2008

ပိုးဖလံများ

စားနေရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်စားရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
ဝတ်ဆင်ရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်ဝတ်ရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
အိုးအိမ်လှလှနေထိုင်ရလျှင် ၊ စိတ်ပျော်ရွှင်ကာ
ငါလျှင်နေရ ၊ ကံထူးလှဟု
ရွှင်ပျ ၀မ်းမြောက်ခဲ့ပါသည်။
သြော် ... စား ၀တ် နေ ရေး
ဖြည့်ဆည်းပေးရ၊ တို့ဘ၀သည်
ခန္ဓာ့အလို ၊ သူကဆိုတိုင်း
မငြိုမငြင် ၊ စိတ်ကြီးဝင်လျက်
ပြုပြင်နေရ ၊ ၀ဋ်ဒုက္ခကို
သုခဟုပင် ၊ နှစ်သက်ချင်ကာ
မှတ်ထင်စိတ်ထဲ ၊ အသိလွဲသည်
မီးထဲတိုးသည့် ပိုးဖလံများ ။ ။

0 comments:

Posts

Followers

Labels

Comments