သုဘာသိတ၀ါစာ အင်္ဂါ(၅)ပါး
၁။ ကာလ = သင့်တင့်လျှောက်ပတ်သော ကာလ၌ ပြောဆိုခြင်း၊
၂။ သစ္စ = မှန်ကန်သော စကားကို ပြောဆိုခြင်း၊
၃။ သုခုမ = သိမ်မွေ့စွာ ပြောဆိုခြင်း၊
၎။ အတ္ထ = အကျိုးရှိသော စကားကို ပြောဆိုခြင်း၊
၎။ နဒုဗ္ဘာ = မကောင်းစကား မပြောခြင်း ။ ။
Friday, May 30, 2008
သုဘာသိတ၀ါစာ အင်္ဂါ(၅)ပါး
Posted by အောင်မြေ at 2:54 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
အကြောင်း(၃)ပါးညီသော စကား
အကြောင်း(၃)ပါးညီသော စကား
၁။ ဒုဗ္ဘာသိတာ = မကောင်းသောစကားလည်း မဖြစ်စေရ၊
၂။ အန၀ဇ္ဇာစ = ရာဂအစရှိသော မပြစ်မှလည်း ကင်းခြင်း၊
၃။ အနိန္ဒ၀ဇ္ဇာစ = ပညာရှိတို့ ကဲ့ရဲ့ခြင်းမှ လွတ်ကင်းခြင်း ။
Posted by အောင်မြေ at 2:53 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
စကား(၆)ခွန်း
စကား(၆)ခွန်း
၁။ ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးမရှိစကား။
၂။ ဟုတ်၏၊ သူကားမနာလို၊ အကျိုးမရှိစကား။
၃။ မဟုတ်၊ အကျိုးမရှိ၊ သူကနာလို၏။
၎။ ဟုတ်၏၊ နာလို၏၊ အကျိုးမရှိ။
၅။ ဟုတ်၏၊ အကျိုးရှိ၏၊ သူကား မနာလို။
၆။ ဟုတ်၏၊ အကျိုးရှိ၏၊ သူလည်း နာလို၏။
(အမှတ်စဉ် ၅၊ ၆ သာ ပြောဆိုရာသည်)
Posted by အောင်မြေ at 2:51 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
စကားအရာ အင်္ဂါ(၄)တန်
စကားအရာ အင်္ဂါ(၄)တန်
၁။ တရားနှင့် ပတ်သက်သောစကား ပြောခြင်း
၂။ တရားမှကင်းသော စကားမပြောခြင်း
၃။ ချစ်ဖွယ်သောစကား ပြောခြင်း
၎။ ဟုတ်မှန်သော စကားပြောခြင်း။
(တစ်နည်း)
၁။ ကံ၊ ကတ္တား၊ တြိယာနှင့် ပြည့်စုံခြင်း
၂။ ချစ်နှစ်သက်ဖွယ်ရှိခြင်း
၃။ ဖြောင့်မှန်ခြင်း
၎။ တရားနှင့် ယှဉ်ခြင်း ။
Posted by အောင်မြေ at 2:51 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
စကား(၅)ရပ်
စကား(၅)ရပ်
၁။ စကားပြောသည့်အခါ လျှာလည်တိုင်း မြူးကွန့်၍ စကားအဖူးအညွန့်တွေ မထွက်စေနှင့်၊
၂။ လက်တွင်းရောက်ပြီးရတနာ ဘယ်ခါမှ မစွန့်ရ၊
၃။ စိတ်ထဲက ကြံသည်ကို မျက်နှာမှာ မပေါ်စေရ၊
၎။ ကိုယ်ကို ဣနြေ္ဒဖုံး၍ အပြုံးမလွတ်စေရ၊
၅။ မိမိကိုမြင်လျှင် အထင်းမှားချင် မှားကြပါစေ၊ သို့သော်
- ခြင်္သေ့လိုလည်း မဟောက်နှင့်၊
- ယုန်လိုလည်း မကြောက်နှင့်၊
- မြစ်လိုလည်း မကောက်နှင၊့်
- တောင်လိုလည်း မမောက်နှင့်၊
- တွင်းလိုလည်း မစောက်နှင့် ။ ။
Posted by အောင်မြေ at 2:49 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
စကားကောင်းအင်္ဂါ(၁၀)ပါး
စကားကောင်းအင်္ဂါ(၁၀)ပါး
၁။ ပြောသင့်သော အချိန်အခါ၌ ပြောခြင်း၊
၂။ ဟုတ်မှန်သော စကားကို ပြောခြင်း၊
၃။ တရားနှင့်စပ်သောစကားကို ပြောခြင်း၊
၎။ အကျိုးနှင့်စပ်သော စကားကို ပြောခြင်း၊
၅။ ချစ်ဖွယ်သော စကားကို ပြောခြင်း၊
၆။ ပြုံးခြင်း ရှေ့ထား၍ ပြောခြင်း၊
၇။ နှိုင်းချိန်၍ ပြောခြင်း၊
၈။ အလျင်တဆော အလောတကြီး မပြောခြင်း၊
၉။ ပြည်ကြီးတိုင်းလုံး စကားဖြင့် ပြောခြင်း၊
၁၀။ အက္ခရာဋ္ဌာန်ကရိုဏ်း ပီသစွာ ပြောခြင်း ။ ။
Posted by အောင်မြေ at 2:19 AM 0 comments
Labels: စကားပြောမယ်ဆိုရင်
Monday, May 19, 2008
အောင်ခြင်းတရား
နိုင်သောသူကား
ရန်ပွားဟုန်းဟုန်း မီးမဆုံးတည့်
ရှုံးနိမ့်သူမှာ ဆင်းရဲစွာနှင့်
နာကျင်ရက်ရက်၊ ခံရခက်တည်း . .
အောင်ခြင်း ၊ ရှုံးခြင်း
သည်မှကင်း၍ ငြိမ်းခြင်းအေးရာ
နေခြင်းသာလျှင် ချမ်းသာစင်စစ်
ဧကန်ဖြစ်ဟု ၊ အတုမရှိ
မုနိဗုဒ္ဓ မြွတ်ခြွေဟသည်
လောက အောင်ခြင်းတရားတည်း.....။
(အောင်သာဆန်း)
Posted by အောင်မြေ at 7:31 PM 0 comments
Labels: ကဗျာ
Monday, May 12, 2008
ဗျာဒိတ်ရပြီး ဘုရားအလောင်းတို့ မဖြစ်ရာဌာန (၁၈)ပါး
ဗျာဒိတ်ရပြီး ဘုရားအလောင်းတို့ မဖြစ်ရာဌာန (၁၈)ပါး
၁။ ပဋိသန္ဓေကန်း မဖြစ်ခြင်း။
၂။ နားပင်းသူ မဖြစ်ခြင်း။
၃။ သွားရေ မကျခြင်း။
၎။ ဆွံ့အသူ မဖြစ်ခြင်း။
၅။ အရူး မဖြစ်ခြင်း။
၆။ လူရိုင်း မဖြစ်ခြင်း။
၇။ ကျွန်မျိုး မဖြစ်ခြင်း။
၈။ နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်ခြင်း။
၉။ ပဉ္စနန္တရိယကံ မကျူးလွန်ခြင်း။
၁၀။ အသညသတ်ဗြဟ္မာ မဖြစ်ခြင်း။
၁၁။ ငုံးအောက် မငယ်၊ ဆင်ထက်မကြီး တိရစ္ဆာန် မဖြစ်ခြင်း။
၁၂။ နူနာရောဂါ မဖြစ်ခြင်း။
၁၃။ စကြ၀ဠာတစ်ပါး၌ မဖြစ်ခြင်း။
၁၄။ သုဒ္ဓါဝါသဘုံ၌ မဖြစ်ခြင်း။
၁၅။ အပါယ်ငရဲ မကျခြင်း။
၁၆။ မာရ်နတ် မဖြစ်ခြင်း။
၁၇။ ပြိတ္တာမျိုး၌ မဖြစ်ခြင်း။
၁၈။ လိင်ပြန်ရိုး မရှိခြင်း ။ ။
Posted by အောင်မြေ at 9:32 PM 0 comments
Labels: သုတ
ဗျာဒိတ်ရရန်အင်္ဂါ (၈)ပါး
ဗျာဒိတ်ရရန်အင်္ဂါ (၈)ပါး
၁။ မနုဿတ္တံ - လူသားစစ်စစ်ဖြစ်ခြင်း။
၂။ လိင်္ဂသမ္ပတ္တိ - ယောက်ျားဖြစ်ရခြင်း။
၃။ ဟေတု - တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်း။
၎။ သတ္ထာရဒဿနံ - ဘုရားကို ဖူးတွေ့ရခြင်း။
၅။ ပဗ္ဗဇ္ဇာ - ရသေ့ ရဟန်းဖြစ်ရခြင်း။
၆။ ဂုဏသမ္ပတ္တိ - ဈာန်သမာပတ် နှင့် ပြည့်စုံခြင်း။
၇။ အဓိကာရော - ဘုရားဆုကို တောင်းခြင်း။
၈။ ဆန္ဒတာ - ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒရှိခြင်း ။ ။
Posted by အောင်မြေ at 9:12 PM 1 comments
Labels: သုတ
ခေါင်းဆောင်နှင့် နောက်လိုက်
မြစ်ကိုကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်ကွေ့၍သွားသော် နောက်လိုက်နွားတို့သည်လည်း ကောက်ကွေ့၍ သာလျှင် လိုက်ကြကုန်သည်။
ရှေ့ဆောင်နွားလားသည် ဖြောင့်တန်းစွာ ကူးသွားပါမှ နောက်လိုက်နွားတို့ကလည်း ဖြောင့်တန်းစွာသာလျှင် ကူးလိုက်ကြကုန်သည်။
ဤလောက၌ တာဝန်ရှိသူ ခေါင်းဆောင်လုပ်သူက စည်းကမ်းတကျ အမှန်အကန် ကျင့်သုံးလုပ်ဆောင်လျှင် နောက်လိုက် လူများသည်လည်း စည်းကမ်းတကျ အမှန်အကန်ပင် ကျင့်သုံးလုပ်ဆောင်မြဲ ဖြစ်သည်။
ခေါင်းဆောင်လုပ်သူ အကြီးအကဲက စည်းကမ်းမရှိမူဘဲ မဟုတ်မမှန် ကျင့်သုံး လုပ်ဆောင်ပါမူ နောက်လိုက် လူအများမှာ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။
(စတုက္ကနိပါတ်၊ ပတ္တကမ္မ၀ဂ်၊ အဓမ္မိကသုတ်)
Posted by အောင်မြေ at 7:25 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
ရောက်လာခါစ ချွေးမ
ယောက္ခမအိမ်သို့ လိုက်ပါလာသော ချွေးမသည် ထိုရောက်လာခါစ တစ်ရက်လောက်၌ လင်ကိုလည်း လွန်စွာ ရှက်ကြောက်သည်။ ယောက္ခမများကိုလည်း လွန်စွာရှက်ကြောက်၏။ လင်ဖြစ်သူ၏ ညီ၊ အစ်ကို၊ နှမ၊ အစ်မ တို့ကိုလည်း လွန်စွာ ရှက်ကြောက်၏။ ယုတ်စွအဆုံး အိမ်၌ ခိုင်းစေသူကိုပင် လွန်စွာ ရှက်ကြောက် လေ၏။
ထိုချွေးမသည် ကာလကြာ၍ ပေါင်းသင်းကျွမ်းဝင် ရှိလာသောအခါ တစ်အိမ်လုံးကို အရေးမစိုက်၊ ပမာမခန့် ရှိလာတတ်သည်။ “ ဖယ်ကြစမ်းပါ၊ သင်တို့နားမလည်ပါဘူး၊ ၀င်ပြီး မရှုပ်ကြစမ်းပါနှင့်” စသည်ဖြင့် မလေးမစား ရှိလာတတ်လေသည်။
ဤလောက၌ သူတော်ကောင်းတို့သည် မကောင်းမှုမှ ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိသြတ္တပ္ပတရားကို စောင့်ထိန်းရာ၌ ယောက္ခမအိမ်သို့ ရောက်လာခါစ ချွေးမကဲ့သို့ ကျင့်သုံးကုန်သည်။
(စတုက္ကနိပါတ်၊ အပဏ္ဏက၀ဂ်၊ သပ္ပုရိသသုတ်)
Posted by အောင်မြေ at 7:15 AM 1 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Thursday, May 8, 2008
နောင်တ (၁၀) မျိုး
နောင်တ (၁၀) မျိုး
၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း။
၂။ ဥစ္စာ မစုဆောင်း မိခဲ့လေခြင်း။
၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတစ်ပါး သားမယားကို ပစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း ။ ။
Posted by အောင်မြေ at 7:36 PM 0 comments
Labels: သုတ
လောကပျက်စီးကြောင်းတရား
လောကပျက်စီးကြောင်းတရား
- ဒုစရိုက်
- အမိကို မလုပ်ကျွေးခြင်း
- အဖကို မလုပ်ကျွေးခြင်း
- ရဟန်းကို မလုပ်ကျွေးခြင်း
- ရဟန္တာကို မလုပ်ကျွေးခြင်း
- မိမိထက် အသက်အရွယ်ကြီးသူကို ရိုသေကင်းမဲ့ မလုပ်ကျွေးခြင်း
- မသင့်လျော်သောအရပ်၌ တပ်မက်နှစ်သက်ခြင်း (အဓမ္မရာဂ)
- အလွန်အားကြီးသော လိုချင်မှု (၀ိသမလောဘ)
- ဖောက်ပြန်သော ကျား+ကျားချင်း၊ မ+မချင်း (အမေ၊ မိထွေး စသည်တို့၌)
မှားယွင်းသော ရာဂတရား (မိစ္ဆာဓမ္မ)
- ဤတရားတို့ တိုးတက်ကြီးပွားလာလျှင် လောကကြီး ဆုတ်ယုတ် ပျက်စီးသည် . . ။ ။
Posted by အောင်မြေ at 7:26 PM 0 comments
Labels: သုတ
Tuesday, May 6, 2008
ပုညတြိယာ (၁၀)ပါး (ကောင်းမှုဆယ်ပါး)
ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)
၁။ ဒါန အလှူပေးခြင်း
၂။ သီလ သီတင်းသီလ ဆောက်တည်ခြင်း
၃။ ဘာဝနာ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း
၎။ အပစာယန မိဘ၊ ဆရာ၊ ရတနာသုံးပါးအား အရိုအသေပူဇော်ခြင်း
၅။ ဝေယျာဝစ္စ မိဘ၊ ဆရာ၊ ရတနာသုံးပါး၏အမှုကို ပြုခြင်း
၆။ ပတ္တိဒါန မိမိကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း
၇။ ပတ္တနုမောဒနာ သူတစ်ပါး၏ကုသိုလ်ကို သာဓုခေါ်ခြင်း
၈။ ဓမ္မသ၀န တရားတော် နာယူခြင်း
၉။ ဓမ္မဒေသနာ သူတစ်ပါးတို့အား တရားဟောပြောခြင်း
၁၀။ ဒိဋ္ဌိဇုကမ္မ ဖြောင့်မတ်စွာ ကောင်းသောအယူကိုယူခြင်း ။ ။
Posted by အောင်မြေ at 11:21 PM 0 comments
သြ၀ါဒ
သြ၀ါဒ
မည်၍မည်မျှပင် စားရ စားရ၊
တစ်ဝမ်း ၀ရုံပဲ။
မည်၍မည်မျှပင် ၀တ်ရ ၀တ်ရ၊
သားရေပြား ဖုံးရုံပဲ။
မည်၍မည်မျှပင် အိပ်ရ အိပ်ရ၊
တစ်ကိုယ်စာ ကလေးပဲ။
မည်၍မည်မျှပင် ပစ္စည်းဥစ္စာ ရှိရှိ၊
သေလျှင် ထားပစ်ခဲ့ရတာ ချည့်ပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊
ကျန်ခဲ့လျှင် သူများဖို့ . . . ။
Posted by အောင်မြေ at 6:25 PM 0 comments
Labels: သြ၀ါဒ
မင်္ဂလာတရား (၃၈) ပါး
မင်္ဂလာတရား ၃၈-ပါး
၁။ လူမိုက်ကို ရှောင်ကြဉ်ရမည်။
၂။ ပညာရှိသောသူကို မှီဝဲဆည်းကပါရမည်။
၃။ ပူဇော်ထိုက်သောသူကို ပူဇော်ရမည်။
၎။ သင့်အပ်လျှောက်ပတ်သောအရပ်၌ နေရပါမည်။
၅။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုရှိရပါမည်။
၆။ မကောင်းမှုကိုမပြုမိအောင် မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်ရပါမည်။
၇။ အကြားအမြင်များအောင် လုံ့လပြုရပါမည်။
၈။ အပြစ်မရှိသောအတတ်ကို တတ်ရပါမည်။
၉။ လူ့ဝိနည်း၊ ရဟန်းဝိနည်းတရားတော်ကို ကောင်းစွာ သင်အံ လေ့ကျင့်ရပါမည်။
၁၀။ တရားလမ်းကြောင်းသင့်၍ ကောင်းမြတ်သောစကားကို ဆိုရပါမည်။
၁၁။ အမိ အဘတို့ကို လုပ်ကျွေး မွေးမြူရပါမည်။
၁၂။ သားမယားတို့ကို သင်္ဂြိုဟ်ထောက်ပံ့ရပါမည်။
၁၃။ အကုသိုလ် အနှောင့်အယှက်မရှိသော အလုပ်ကိုလုပ်၍ အသက်မွေးရပါမည်။
၁၄။ နိဗ္ဗာန်ကို တောင့်တ၍ အလှူပေးရပါမည်။
၁၅။ တရားနှင့်လျှော်သော အကျင့်ကို ကျင့်ရပါမည်။
၁၆။ အဆွေအမျိုးတို့အား ပေးကမ်းထောက်ပံ့ရပါမည်။
၁၇။ လောက၌အပြစ်မရှိ၊ သံသရာ၌လည်း အပြစ်မရှိသော အမှုကိုပြုရပါမည်။
၁၈။ မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ရပါမည်။
၁၉။ မကောင်းမှုမှ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးဖြင့် အထူး ရှောင်ကြဉ်ရပါမည်။
၂၀။ မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်စားခြင်း၊ ရှုရှိုက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ရပါမည်။
၂၁။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရပါ။
၂၂။ ရိုသေထိုက်သောသူကို ရိုသေရပါမည်။
၂၃။ မိမိကိုယ်ကို နှိမ့်ချရပါမည်။
၂၄။ ရသမျှ ပစ္စည်းဥစ္စာနှင့် ရောင့်ရဲတင်းတိမ်ရပါမည်။
၂၅။ သူတထူး၏ ကျေးဇူးကို သိရပါမည်။
၂၆။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို နာယူရပါမည်။
၂၇။ သည်းခံရပါမည်။
၂၈။ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို ကောင်းစွာ နာယူရပါမည်။
၂၉။ ရဟန်းသံဃာတို့ကို ရိုသေလေးမြတ်စွာ ဖူးမြင်ရပါမည်။
၃၀။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းရပါမည်။
၃၁။ မကောင်းမှုကို မပြုမိအောင် ခြိုးခြံစွာ ကျင့်ရပါမည်။
၃၂။ မေထုန်အကျင့်မှကင်းသော မြတ်သောအကျင့်ကို ကျင့်ရပါမည်။
၃၃။ သစ္စာလေးပါးတရားကို ကောင်းစွာ သိမြင်ရပါမည်။
၃၄။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါမည်။
၃၅။ လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသော်လည်း တုန်လှုပ်ခြင်း မဖြစ်ရအောင် မိမိစိတ်ကို ထိန်းရပါမည်။
၃၆။ စိုးရိမ်ခြင်းမဖြစ်ရအောင် စိတ်ကို ထိန်းရပါမည်။
၃၇။ လောဘ၊ ဒေါသ၊ မောဟ ဟူသ၍ မြူမျှမရှိစေရပါ။
၃၈။ ကြောက်ခြင်းဟူသော ဘေးလည်းမရှိစေရပါ။ ။
Posted by အောင်မြေ at 6:23 PM 0 comments
Labels: သုတ
Friday, May 2, 2008
အယဉ် နှင့် အရိုင်း
အယဉ် နှင့် အရိုင်း
အိမ်ကြီးနှစ်ဆောင်သည် မျက်နှာချင်းဆိုင် တည်ရှိနေလေသည်။ မျက်စိ ကောင်းသူတစ်ယောက်သည် ထိုအိမ်ကြီးနှစ်ဆောင်၏ အလယ် တလင်းပြင်၌ ရပ်လျက်ရှိသည်။ ထိုသူသည် အိမ်ကြီးနှစ်ဆောင်အတွင်းသို့ ၀င်လာသူများကိုလဲ ကောင်းစွာမြင်ရသည်။ အိမ်ကြီးနှစ်ဆောင်မှ ထွက်ခွာသွားသူ များကိုလဲ ကောင်းစွာမြင်ရသည်။ မမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။ မျက်စိကောင်းသူ မဟုတ်လော။
ထိုနည်းတူပင် ငါဘုရားသည် သတ္တ၀ါ အမျိုးအစားကို ကောင်းစွာ သိမြင်တော်မူ သည်။ မယဉ်ကျေးသူနှင့် ယဉ်ကျေးသူ၊ လမ်းမှားသူနှင့် လမ်းမှန်သူ တို့ကိုလဲ ခွဲခြား၍ သိမြင်တော်မူသည်။ ဆုံးမခက်သူနှင့် ဆုံးမလွယ်သူတို့ကိုလဲ ကောင်းစွာ ခွဲခြား၍ သိမြင်တော်မူသည်သာဖြစ်သည်။ မသိမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပေ။ ငါဘုရား၌ ဤအလုံးစုံကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ ပြည့်စုံ နေသည် မဟုတ်လော။
(ဥပရိပဏ္ဍာသပါဠိတော်၊ သုညတ၀ဂ်၊ ဒေ၀ဒူတသုတ်)
Posted by အောင်မြေ at 5:43 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
ဆုံးရှုံးခြင်း ပို၍ ဆုံးရှုံးခြင်း
ဆုံးရှုံးခြင်း ပို၍ ဆုံးရှုံးခြင်း
လောင်းကစားကျူးသူသည် ထာဝစဉ် အရှုံးနှင့် ကြုံရသည်။ ပစ္စည်းဥစ္စာလည်း ဆုံးရှုံးရသည်။ သားသမီး၊ ဇနီး ကိုလည်း ဆုံးရှုံးရသည်။ လောင်းကစားမှုကို အကြောင်းပြု၍ ရာဇ၀တ်သင့်ကာ ဖမ်းဆီး ချုပ်နှောင်ခြင်းလည်း ခံရလေသည်။
ထိုလောင်းကစား ကျူးသူ၏ ဆုံးရှုံးခြင်းသည် သာမန်မျှသာဖြစ်သည်။
စိတ်ဖြင့် မကောင်းမှုကို ကြံစည်တွေးတောခြင်း၊ နှုတ်ဖြင့် မကောင်းမှုကို ပြောဆိုခြင်း၊ ကိုယ်ဖြင့် မကောင်းမှုကို ပြုလုပ်ခြင်း ဟူသော ဒုစရိုက်၌ မွေ့လျော် ကျက်စားမိသူ၏ ဆုံးရှုံးခြင်းသည်ကား လွန်စွာ ကြီးမားလှပေသည်။ ပြုပြင် အစားထိုး၍ ရနိုင်ခဲသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ လောင်းကစားကြူးသူ၏ ဆုံးရှုံး ခြင်းထက် အဆများစွာ ပိုလွန်သော ဆုံးရှုံးခြင်း ပင်ဖြစ်သည်။
(ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်)
Posted by အောင်မြေ at 5:39 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်