ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, May 12, 2008

ရောက်လာခါစ ချွေးမ

ယောက္ခမအိမ်သို့ လိုက်ပါလာသော ချွေးမသည် ထိုရောက်လာခါစ တစ်ရက်လောက်၌ လင်ကိုလည်း လွန်စွာ ရှက်ကြောက်သည်။ ယောက္ခမများကိုလည်း လွန်စွာရှက်ကြောက်၏။ လင်ဖြစ်သူ၏ ညီ၊ အစ်ကို၊ နှမ၊ အစ်မ တို့ကိုလည်း လွန်စွာ ရှက်ကြောက်၏။ ယုတ်စွအဆုံး အိမ်၌ ခိုင်းစေသူကိုပင် လွန်စွာ ရှက်ကြောက် လေ၏။

ထိုချွေးမသည် ကာလကြာ၍ ပေါင်းသင်းကျွမ်းဝင် ရှိလာသောအခါ တစ်အိမ်လုံးကို အရေးမစိုက်၊ ပမာမခန့် ရှိလာတတ်သည်။ “ ဖယ်ကြစမ်းပါ၊ သင်တို့နားမလည်ပါဘူး၊ ၀င်ပြီး မရှုပ်ကြစမ်းပါနှင့်” စသည်ဖြင့် မလေးမစား ရှိလာတတ်လေသည်။

ဤလောက၌ သူတော်ကောင်းတို့သည် မကောင်းမှုမှ ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိသြတ္တပ္ပတရားကို စောင့်ထိန်းရာ၌ ယောက္ခမအိမ်သို့ ရောက်လာခါစ ချွေးမကဲ့သို့ ကျင့်သုံးကုန်သည်။
(စတုက္ကနိပါတ်၊ အပဏ္ဏက၀ဂ်၊ သပ္ပုရိသသုတ်)

1 comments:

Anonymous said...

ရေးထားတဲ့ ပို့ စ်က မဟုတ်သေးပါဘူးရှင့်၊ ယောက်ျားဘက် လိုက်နေရတဲ့ ချွေးမကို နှိမ်ထားကြမှာပါ။ ယောက်ျားမျက်နှာ ကြည့်နေရ ပြီး အရာရာ အပြစ်ပြောခံ အညှင်းဆဲခံ ရမှာ သေချာ ပါတယ်။ ကျီးကန်းအုပ်ထဲ ဗျိုင်းဝင်သလို အားလုံးက ၀ိုင်းအာ နေကြမှာပါ။ သူများအသိုင်းအ၀ိုင်းထဲ နေပြီး သူတို့ ကို ပမာမခန့် လုပ်လို့ ရပါ့မလဲ ရှင်။ ဒီကြားထဲ လင်ယောက်ျားက မိခင်နဲ့ အမညီမတွေ ကိုသာ မျက်နာသာပေးပြီး ဟန်ဆောင်အပြုံးနဲ့  ကွယ်ရာ မှာ ကြိတ်ငိုရတဲ့ မိန်းမကို နားလည်ပေးမှု့ မရှိတဲ့ သူမျိုးဆိုရင် သွားပြီ။ ကျမ သူငယ်ချင်းဆိုရင် သူဌေးသမီး နောက်ဆုံး လမ်းဘေးမှာ ကြာဆံကြော် ရောင်းရတဲ့ ဘ၀။ မခံနိင်တဲ့ နောက်ဆုံး ကွဲပြီး အမေအိမ်ရောက်လာရတယ်။ ဒီပိုစ်ကတော့ တဖက်စောင်းနင်းနိုင်ပါတယ်။ သိစေချင်တာ ကတော့ ဘယ်ချွေးမက မှ ယောက်ခမတွေနဲ့ မနေချင်ကြဘူး ရှင့်။ နေရင် ကျွန်လို နိပ်စက်ခံကြရတာချည့်ပါဘဲ။ ချွေးမက သူတို့ ထက် အဆင့် အလွန်မြင့်နေ အလွန်အထက်တန်းကျနေ မပြောဝံ့လောက်အောင် အရည်အချင်းရှိမှသာ ယောက်ခမတွေက မနိပ်စက် ကြမှာ. ဒါက ရှားပါတယ်ရှင့်။

Followers

Labels

Comments