ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, May 12, 2008

ခေါင်းဆောင်နှင့် နောက်လိုက်

မြစ်ကိုကူးကုန်သော နွားတို့တွင် ရှေ့ဆောင်နွားလားသည် ကောက်ကွေ့၍သွားသော် နောက်လိုက်နွားတို့သည်လည်း ကောက်ကွေ့၍ သာလျှင် လိုက်ကြကုန်သည်။

ရှေ့ဆောင်နွားလားသည် ဖြောင့်တန်းစွာ ကူးသွားပါမှ နောက်လိုက်နွားတို့ကလည်း ဖြောင့်တန်းစွာသာလျှင် ကူးလိုက်ကြကုန်သည်။

ဤလောက၌ တာဝန်ရှိသူ ခေါင်းဆောင်လုပ်သူက စည်းကမ်းတကျ အမှန်အကန် ကျင့်သုံးလုပ်ဆောင်လျှင် နောက်လိုက် လူများသည်လည်း စည်းကမ်းတကျ အမှန်အကန်ပင် ကျင့်သုံးလုပ်ဆောင်မြဲ ဖြစ်သည်။

ခေါင်းဆောင်လုပ်သူ အကြီးအကဲက စည်းကမ်းမရှိမူဘဲ မဟုတ်မမှန် ကျင့်သုံး လုပ်ဆောင်ပါမူ နောက်လိုက် လူအများမှာ အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။
(စတုက္ကနိပါတ်၊ ပတ္တကမ္မ၀ဂ်၊ အဓမ္မိကသုတ်)

0 comments:

Followers

Labels

Comments