ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, June 16, 2008

လူချမ်းသာ စိတ်ချမ်းသာ (၅)

လူချမ်းသာ စိတ်ချမ်းသာ (၅)

နတ်သက်တမ်း

လူ့ပြည်က အနှစ်(၅ဝ)သည် စတုမဟာရာဇ်နတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၅ဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉)သန်းသည် စတုမဟာရာဇ်နတ်သက်ဖြစ်သည်။

လူ့ပြည်က အနှစ်(၁ဝဝ)သည် တာဝတိံသာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၁ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၃ ကုဋေ ၆)သန်းသည် တာဝတိံသာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၂ဝဝ)သည် ယာမာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၂ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၁၄ ကုဋေ ၄)သန်းသည် ယာမာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၄ဝဝ)သည် တုသိတာနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၄ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၅၇ ကုဋေ ၆)သန်းသည် တုသိသာနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၈ဝဝ)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၈ဝဝဝ)သည် သူတို့နတ်သက်တမ်းဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၂၃၈ ကုဋေ ၄)သန်းသည် နိမ္မာနရတိနတ်သက် ဖြစ်သည်။

လူ့ပြည်က အနှစ်(၁၆ဝဝ)သည် ပရနိမ္မိတဝသဝတ္တိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။ လ၊ နှစ်တို့က လူ့ပြည်နှင့် အရေအတွက် တူသည်။ သူတို့ရက်၊ သူတို့လ၊ သူတို့နှစ် ဖြင့် အနှစ်(၁၆ဝဝဝ)သည် သူတို့ နတ်သက်တမ်း ဖြစ်သည်။ လူနှစ်ဖြင့် ရေတွက်ပါက နှစ်ပေါင်း(၉၂၁ ကုဋေ ၆)သန်းသည် ပရနိမ္မိတဝသဝတ္တိနတ်သက် ဖြစ်သည်။

နတ်ပြည်ခြောက်ထပ်မှ နတ်အများစုသည် အထက်ပါ နတ်သက်တမ်းအတိုင်း နတ်စည်းစိမ်ချမ်းသာကို လွတ်လပ် ပျော်ပါးစွာ အပြည့်အဝ ခံစားကြလေသည်။ တောင့်တမှု၊ ကြောင့်ကြမှုမရှိသလို၊ ချုပ်ချယ်မှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျ စိုးမိုးမှုလည်းမရှိပေ။ အတိတ်ကုသိုလ်ကံ ချပေးသမျှ ခံစားခွင့်ကို ပြည့်ပြည့်ဝဝ ရရှိခံစားကြရလေသည်။

ကိုယ်ပိုင်ဘုံဗိမာန်၊ ကိုယ်ပိုင်စည်းစိမ်ဖြင့် အားလုံးပြည့်စုံနေကြသဖြင့် တစ်ဦးနှင့် တစ်ဦး မနာလို ဣဿာဖြစ်စရာ မလို။ မလိုတမာ အဘိဇ္ဈပွားစရာ မလို။ မတော်လောဘဖြစ်စရာ မရှိ။ ကိုယ်ပိုင်ဆိုင်သည့် သက်ရှိ သက်မဲ့ ပစ္စည်း ဝတ္ထု အဖုံဖုံဖြင့် သာယာကြည်နူးမှု ရိပ်မြုံထဲတွင် အချိန်ပြည့် ခိုလှုံနေကြသည်။ ပျော်ရွှင်မှု၊ ချမ်းမြေ့မှု၊ ကြည်နူးမှု၊ သာယာမှု တို့ကသာ ဘဝဟူသော အချိန်တို့ကို ဝါးမြိုနေကြလေသည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)

ဆက်လက်တင်ပြပါမည်။

0 comments:

Posts

Followers

Labels

Comments