ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Thursday, July 10, 2008

လူချမ်းသာ စိတ်ချမ်းသာ (၂၃)

သာသနာပြု မြတ်ကောင်းမှု

သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာ ဟု သာသနာသုံးရပ်ရှိသည်။ သီလအကျင့်ကို ကိုယ်ကိုယ်တိုင် ကျင့်သုံးခြင်းသည် ကိုယ့်ကိုယ်ကိုယ် သာသနာ ပြုခြင်းမည်ပါသည်။ သမာဓိရအောင် တရားထိုင်ခြင်းသည် မိမိကိုယ်ကို သာသာနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား တရားထိုင်ဖို့ တိုက်တွန်းခြင်းသည် သာသနာပြုခြင်း မည်ပါသည်။ ၀ိပဿနာပညာ စသည်များ ရရှိအောင် ၀ိပဿနာ အလုပ် အားထုတ်ခြင်းသည် မိမိကိုယ်ကို သာသနာပြုခြင်း မည်ပါသည်။ သူတစ်ပါးအား ၀ိပဿနာအလုပ် အားထုတ်ဖို့ တိုက်တွန်းခြင်းသည် သူတစ်ပါးအား သာသနာပြုခြင်း မည်ပါသည်။ ဘုရားရှင်က ဒါနအမှုပြရမည်ဟု မိန့်တော်မူသဖြင့် ဒါနအမှုပြုခြင်း၊ ပြုစေခြင်း သည်လည်း သာသနာပြုသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ယင်းဒါနသည် သီလ၊ သမာဓိ၊ ပညာ ကို အားပေးသော ဒါနဖြစ်မှသာလျှင် သာသနာပြုဒါန ဖြစ်နိုင်ပါသည်။ ကြောက်လို့လှူခြင်း၊ မကောင်းတတ်လို့ လှူခြင်း၊ ဘာမှန်းမသိလှူခြင်း၊ တစ်ခုခု မျှော်လင့်ချက်ဖြင့် လှူခြင်းတို့သည် သာသနာပြု ဒါန မဖြစ်နိုင်ပေ။

ယခုခေတ်ကာလ သာသနာပြု ဘုရားဖူးအဖွဲ့၊ သာသနာပြုစခန်း၊ ဘာသာသနာပြု၊ ညာသာသနာပြု ဖြင့် သာသနာပြု ဆိုသော ဧရာမနာမည်ကြီးကို ဖောဖောသီသီ လှိုင်လှိုင်ကြီး သုံးစွဲလျက်ရှိပါသည်။ သီလ၊ သမာဓိ၊ ပညာ အတွက် ရည်စူးတာ ဟုတ်ပါရဲ့လား။ မိမိလုပ်ငန်းကြောင့် သီလ၊ သမာဓိ၊ ပညာ တရားတွေ အဘယ်မျှ တိုးတက်သွားပါသလဲ။ သေချာစွာ စစ်ကြောရန် လိုမည်ဖြစ်ပါသည်။


(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

0 comments:

Followers

Labels

Comments