ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, August 5, 2008

ဗူးဘုရား



ဗူးဘုရားကို ခရစ်(၃) ရာစုတွင် ပျူစောထီမင်း တည်ခဲ့သည်။ ပျူစောထီး သည် ပုဂံတွင် ဒုက္ခ ပေးနေသော ကျား၊ ၀က်၊ ငှက်၊ ဗူး၊ ရှူးပျံ ရန်သူငါးပါးကို နှိမ်နင်း ပေးသဖြင့် သမုဒ္ဒရာဇ်မင်း (အေဒီ ၁၀၇-၁၅၂)က သမီးနှင့် လက်ဆက်စေပြီး အိမ်ရှေ့မင်း အဖြစ် ခန့်အပ်ခဲ့သည်။ ပျူစောထီး ပုဂံတွင် ထီးနန်းဆက်ခံ ပြီးနောက် ဗူးပင်များကို ရှင်းလင်းခဲ့ရာ အရပ်၌ ဗူးသီးပုံ သဏ္ဍာန် စေတီတည်ခဲ့သည်။

ဗူးဘုရား၏ ပုံသဏ္ဍာန်မှာ သရေခေတ္တရာ ကဲ့သို့ ထုလုံးရှည် ဓာတ်တော်ကြုတ် ပုံမျိုးဖြစ်သည်။ ဗူးဘုရား၏ အပေါ်ပိုင်းတွင် အုတ်ခုံ အ၀ိုင်းခံ၍ တည်ဆောက် ထားပြီး ဘုရားအား မြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန် စိန်တောင်ပတ်လမ်း အဆင့်အဆင့် ပြုလုပ် ထားသည်။

ဗူးဘုရားသည် ဧရာဝတီ မြစ်ကမ်းတွင် တည်ထားသည့် အတွက် မြစ်ရေ တိုက်စားမှုဒဏ်ကို ခံခဲ့ရ သည် ၁၉၇၅ ပုဂံငလျင်ဒဏ် ကြောင့် စေတီတစ်ခုလုံး ဧရာဝတီ မြစ်အတွင်း ပြိုကျ ခဲ့သည်။ ယခုဖူးတွေ့ရသော ဗူးဘုရား သည် ၁၉၇၆-၇၈ ခုနှစ် အတွင်း အသစ်ပြန်လည် တည်ထား ကိုးကွယ်သည့် ဘုရားဖြစ်သည်။

ဝန်ခံချက် ။ ပုံတော်များကို www.ancientbagan.com မှ ရယူထားပါသည်။

2 comments:

Anonymous said...

buy tramadol mexico order tramadol cod next day delivery - tramadol buy

Unknown said...

ဗူးဘုရားအလှူခံဌာနမှာရေးထားတဲ့သက္ကရာဇ်ကိုကောဇာလို့ရေးထားပါတယ်။
တကယ်တော့အဲဒီAD၃ရာစုမှာကောဇာသက္ကရာဇ်မဖြစ်သေးလို့
ဂေါပကကိုပြောပြခဲ့ပေမဲ့ပြင်ဆင်ရေးသားခြင်းမရှိသေးပါဘူး။
မြန်မာစာလုံးပေါင်းသတ်ပုံမှာတော့(ဘူးသီး)းလို့ရေးထားပါတယ်။
သတိပြုမိသလောက်ပါခင်ဗျ

Followers

Labels

Comments