ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Friday, October 17, 2008

ရိုသေဂါရဝပြုကြစို့

ရိုသေဂါရဝပြုကြစို့



မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့သည် အနန္တဂိုဏ်းဝင်များ ဖြစ်ကြပါသည်။ မိဘများသည် သားသမီးတို့အပေါ် ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်၊ ၀ါးဖက်တော် ကဆီနှစ်နှင့် လူဖြစ်အောင် ကျွေးမွေး ပြုစုစောင့်ရှောက်လျက် ကျေးဇူးကြီးမားသူများ ဖြစ်ကြပါသော်လည်း သားသမီးများ ကြီးပြင်းလာကြသော် မိအိုဖအိုများ အပေါ် ရိုရိုသေသေ လေးလေးစားစား နှင့် လုပ်ကိုင်ကျွေးမွေးလျက်ရှိသည့် သားသမီးများ ရှိကြသလို ကျွေးမွေး စောင့်ရှောက်ခြင်း ကင်းမဲ့ကြသည့် သားသမီးများလည်း ရှိပါသည်။

သားဆိုး သမီးဆိုးတို့က မိအိုဖအိုတို့ကို ကျန်းမာရေး မကောင်းသည့်အခါ ဖုတ်ဝင်သည်ဟု ဆိုပြီး အစားအစာ မကျွေးကြဘဲ အသေသတ်သည့် သားသမီးများ ရှိနေဆဲဖြစ်သည်။ ဤသို့ မိခင်ဖခင် တို့အပေါ် ပြစ်မှား ကျူးလွန်ကြခြင်း ကြောင့် ပဉ္စာနန္တရိယ ကံကြီးထိုက်ကာ လပိုင်း နှစ်ပိုင်းအတွင်း အစားဆင်းရဲခြင်း၊ အ၀တ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စသည့် ဆင်းရဲခြင်းဒုက္ခမျိုးစုံတို့ကို ခံစားနေကြရသည့်အပြင် သက်တမ်းစေ့ မနေကြရဘဲ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘ၀နိဂုံး ချုပ်ကြရသည်။

မိအိုဖအိုတို့ကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနှင့် ကျွေးမွေးစောင့်ရှောက် လျက်ရှိသည့် လိမ္မာ ယဉ်ကျေးသော သားသမီးတို့သည် ယခု မျက်မှောက်ကာလတွင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါကြောင်း၊ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် အပေါင်းတို့ကို ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် မသိမလိမ္မာ၍ ပြစ်မှား ကျူးလွန်ခဲ့သည် ရှိကြပါသော် လက်အုပ်ချီမိုး၊ ရှိခိုးကန်တော့ တောင်းပန်ပါက မိမိတို့ ကျူးလွန်မိသည့် အပြစ်များ ကင်းလွတ်လျက် သုခချမ်းသာ ရရှိကြမည် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က ၀ါဝင်၊ ၀ါထွက်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် အခါကြီး ရက်ကြီး နေ့ထူး နေ့မြတ်များတွင် ဘုရားအစရှိသော တရား သံဃာ မိဘ ဘိုးဘွားသက်ကြီး ရွယ်အို ဆရာသမား များကို ရိုသေဂါရ၀ဖြင့် ပူဇော် ကန်တော့ ကြသည်က အပါယ်ဆင်းရဲ၊ ၀ဋ်ဆင်းရဲ အပေါင်းတို့မှ ကင်းဝေးခြင်း၊ မျက်မှောက်ကာလ များတွင် ဘေးအပေါင်း၊ ရန်အပေါင်း၊ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးလျက် ကျန်းမာ ချမ်းသာခြင်း အပေါင်းနှင့် ပြည့်စုံ ကြမှာ ဖြစ်ပါသည်။


လိမ္မာယဉ်ကျေးသော အမျိုးကောင်း သားသမီး ရတနာများ ဖြစ်ကြပါစေ…
အလိမ္မာစာမှာရှိ ဗုဒ္ဓစာပေကြည့် ….
စိတ်ကောင်းရှိ သီလမြဲ ချမ်းသာကြမည် မလွဲ …. ။

0 comments:

Followers

Labels

Comments