ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Friday, October 31, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ဘ၀ကိုဘယ်လို ရပ်တည်နေထိုင်ကြမလဲ၊
တစ်ပါးသူကို ဘယ်လို ဆက်ဆံပြုမူကြမလဲ၊
ဒုက္ခဆင်းရဲတွေကို ဘယ်လို ရှောင်ရှား ကြမလဲ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့၊ ဘဝဆိုတာဘာလဲ၊

စကြဝဠာဘာကြောင့် တည်ရှိနေရသလဲ၊
လူတွေသေပြီးရင် ဘာဖြစ်ကြကုန်သလဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေက လူသားတွေကို ဒီနေ့ထိ ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ ဘာသာတရားအသီးသီးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ လူ့သမိုင်း အတွက် လူများစုရဲ့ ဘဝနေနည်းနဲ့ ဘဝအဓိပ္ပာယ်ကို ဘာသာရေးက ပေးခဲ့ပါတယ်။ အယူဝါဒချင်း တွေ့ကြတဲ့အခါ ဒါမှမဟုတ် အယူဝါဒနဲ့ ဘာသာမဲ့တို့ ဆုံကြတဲ့အခါမှာ ဒီနေ့ကမ္ဘာကြီးမှာရော၊ တိုးတက်မှုနှေးကွေးတဲ့ အတိတ်တုန်းကပါ အငြင်းအခုန်တွေ နှလုံးထိခိုက်ရတဲ့ အကြမ်းဖက်မှုတွေ စိမ်ခေါ်မှုနဲ့ အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ကြရ ပါတယ်။

တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးကပိုပြီး သဘောပေါက် နားလည်လာမယ်ဆိုရင် ယုံကြည်မှု စနစ်ချင်းမတူ ကွဲပြားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ လူအများက ယူဆလာကြ ပါတယ်။ ဒါပေမယ့် သိထားယုံနဲ့မလုံလောက်၊ အမှန်တကယ် နားလည်သဘောပေါက် ကြဖို့ လိုအပ်ပါတယ်။ ဘာသာအယူဝါဒတွေရဲ့ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖော်ပြချက်ကနေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ဆက်လက် လေ့လာကြဖို့ ရည်ရွယ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူဝါဒနဲ့ မကိုက်ညီတဲ့ တင်ပြချက်တွေ တွေ့ရတဲ့အခါ ဒါတွေကို စတင်လေ့လာမှု တာထွက် အဖြစ် သဘောထားရပါမယ်။

ဘာသာဆိုတာ " ပြန်လည်ဆက်စပ်ခြင်း " လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေက ကမ္ဘာကြီးရဲ့ အထူးအဆန်း အံ့သြစရာတွေနဲ့ ထိတွေ့ခဲ့ရတိုင်း ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဒီအဖြစ်အပျက်တွေရဲ့ မူလအရင်းအမြစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ခေတ်သစ် သိပ္ပံပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းကြသလို ဘာသာရေး တရားတွေကလည်း ကမ္ဘာကြီးရဲ့ မူလအစနဲ့ ပြန်လည်ဆက်စပ်ဖို့ အားထုတ်ကြပါတယ်။

ဒီလို ပြန်လည် ဆက်စပ်ဖို့ နည်းနာနိဿယျ တွေကိုလည်း ဘာသာတရားတွေက ပေးပါတယ်။ မမျှော်လင့်ဘဲ အစစ်အမှန်နဲ့ တိုက်ရိုက် ထိတွေ့မှုရဖို့ ဓာတ်စီးသူနဲ့ အားကိုးရှာသူ၊ နတ်ဝင်သည်နဲ့ နတ်မေးသူ စတဲ့ ပုံသဏ္ဍာန်မျိုးစုံ နာမ်လောက လုပ်ငန်းတွေကို မြင်တွေ့ရပါ လိမ့်မယ်။ အစစ်အမှန်က လူသားတွေနဲ့ တသီးတခြား လွတ်လွတ်ကင်းကင်း တည်ရှိနေတာဖြစ်ပြီး စကားလုံးတွေကို ကျော်လွန်တဲ့ နောက်ဆုံးအပြီးသတ် အမှန်တရားပါ။ အစစ်အမှန်ကို ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတဲ့ အချက်က အစစ်အမှန်ကို ဘယ်လိုရောက်အောင် အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ အစစ် အမှန်ဆီ ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အချက်တွေပေါ်မှာ တည်ပါတယ်။

ယဉ်ကျေးမှုမျိုးစုံ ရောယှက် ကူးလူးတိုးပွား ဖြစ်ထွန်းနေတဲ့ ကမ္ဘာကြီးမှာ ဘာသာတရားတွေ အားလုံး တစ်ခုနဲ့တစ်ခု အမှန်တကယ် ပဋိပက္ခ ဖြစ်ပွားနေကြပါသလား၊ ဒါမှမဟုတ် တစ်ခုတည်းသော အစစ်အမှန်ဆီ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ် ကနေပြီး ရိုးရိုးသားသား လျှောက်လှမ်းနေကြတာလား။ အခု လက်ရှိအချိန်မှာတော့ ဒီမေးခွန်းတွေ အတွက် အဖြေတွေ မရှိသေးပါ။ အများမြင်နေကြတဲ့ အမျိုးအမည် ကွဲပြား ခြားနားနေတဲ့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ အများနဲ့ အကြုံးဝင် ပတ်သက်တဲ့ ဘုံဝိသေသလက္ခဏာတွေ ရှိ-မရှိ ဆိုတာ ဆက်လက် လေ့လာကြည့် ရအောင်ပါ။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

2 comments:

Anonymous said...

သိပ်ကောင်းတယ် ဆုရည် စောင့်ဖတ်ပြီး အားပေးနေမယ် ဒီလိုအနှစ်သာရရှိတဲ့ စာလေးတွေ များများရေးနိုင်ပါစေလို့ အစ်မ ဆုတောင်းပေးနေပါတယ်။ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့ တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ မေတ္တာပို့နည်းနဲ့ ဆုတောင်းရရင် “ ဆုရည်တယောက် ဘေး၊ ရန်၊ ကြောင့်ကြ၊ ဆင်းရဲခြင်းကင်း၍ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ မှန်သမျှကို ပြီးပြည့်စုံစွာ အောင်မြင်ပြီး မကောင်းမှုမှန်သမျှကို ရှောင်နိုင်ပါစေ” ဆိုတာနဲ့ ဆုရည်ဘ၀မှာ ဘယ်သူတဦးတယောက်ရဲ့ လိမ်လည်လှည့်ဖြားမှုကိုမှ ခါးသီးစွာ မခံစားရပဲ ဆုရည်ရဲ့ စိတ်နှလုံး အစဉ် အေးချမ်းနိုင်ပါစေလို့ ဆုရည်အတွက် အစ်မနေ့စဉ် ဆုတောင်းပေးနေပါတယ်။

Anonymous said...

ဟေ့ဒီပို့စ်ကိုကျတော့ ကျနော်တော်တော်စိတ်ဝင်စားတယ် အမဆုရည်က ဘာသာတရားတွေရဲ့နောက်ကြောင်းကိုလေ့လာရမယ်လို့ပြောခဲ့လို့ပါ
မှန်လိုက်တဲ့စကားကောင်းလိုက်တဲ့စကားအမ ဟုတ်တယ် ဒါပေမယ့် ကျနော်မသိသေးဘူး အမဒါကြောင့် ကျနော်သိတာ ၁၀ ဘာသာပဲရှိသေးတယ် ဒါပေမယ့် သူတို့နောက်ကြောင်းတွေက သိပ်မဟန်ဘူးလို့မြင်တာပဲ ဒီလိုဆိုလိုက်လို့တခြားဘာသာတွေကို ပုတ်ခတ်တာမဟုတ်ပါဘူး ကွန်ဖူးရှပ်ကိုဘာသာတရားအဖြစ် ကျနော်မမြင်နိုင်တာပါ ဥပမာ အနောက်နိုင်ငံတွေက ကျနော်တို့ဘာသာကို မြင်သလိုပေါ့ ဒါတွေကအရေးမကြီးပါဘူးထားပါ အမရဲ့ နောက်ဆက်တွဲတွေကိုမျှော်နေမယ်အမရယ်
ဒီပို့စ်ကနောက်မှဖတ်ရလို့ နောက်မှကွန်မန်းပေးတာပါ အထက်က ပို့စ်နဲ့ ပေးတာလွဲနေရင်ခွင့်လွတ်စေချင်တယ်

Followers

Labels

Comments