ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, January 13, 2009

ဘဝဟောင်းကို မြင်ခြင်း

ဗုဒ္ဓသည် ကျင့်စဉ်တရားကို ဟောကြားထားပေသည်။ ထိုကျင့်စဉ်အတိုင်း အမှန်တကယ် ဆောက်တည် ကျင့်သုံး သူသည် စင်ကြယ်သော ဥာဏ်မျက်စိကို ရရှိနိုင်သည်သာ ဖြစ်သည်။ ထိုဥာဏ်မျက်စိဖြင့် ရှေး၌ ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို သိမြင်နိုင်သည်။ ရှေး၌ ဖြစ်ခဲ့ဖူးသော ဘ၀များစွာကို လည်းကောင်း၊ ထိုထိုဘ၀ များစွာတို့၌ ဖြစ်ခဲ့ဖူးသော အမျိုးအနွယ်၊ မြို့ရွာဒေသတို့ကို လည်းကောင်း၊ မည်သို့ မည်ပုံ ချမ်းသာကြွယ်ဝသည်၊ ဆင်းရဲ နွမ်းပါးသည် စသော အခြင်းအရာကို လည်းကောင်း ပြန်လည်၍ အောက်မေ့ သိမြင်နိုင်သည်သာ ဖြစ်သည်။

ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် မိမိနေထိုင်သည့် ရွာမှ အခြားတစ်ရွာသို့ သွားရောက်သည်။ မိတ်ဆွေ အသီးသီးတို့၏ အိမ်များသို့လည်း ၀င်ရောက်သည်။ ထိုသူသည် မိမိရွာသို့ ပြန်လာပြီးလျှင် သွားရောက်ခဲ့သော ခရီးစဉ်ကို ပြန်လည်၍ အောက်မေ့လေသည်။

"" ငါသည် ရွာမှ ထွက်ခွာ၍ မည်သည့်လမ်းဖြင့် သွားသည်။ နှေးနှေးသွားသည်။ မြန်မြန်သွားသည်။ လမ်း၌ မည်သူနှင့် တွေ့ဆုံသည်၊ ထိုရွာသို့ ရောက်လျှင် မည်သူ့ အိမ်ကို ရှေးဦးစွာ ၀င်သည်၊ မည်သည့် စကားကို ပြောခဲ့သည်၊ ထို့နောက် အခြား မည်သူ့အိမ်သို့ သွားပြန်သည်၊ အိမ်တံခါး ပိတ်ထားသဖြင့် အခြားအိမ်သို့ သွားပြန် သည်။ မည်သူနှင့်တွေ့၍ မည်သည့် အကြောင်း ပြောခဲ့သည် "" စသည်ဖြင့် တစ်ဖန် ပြန်၍ အောက်မေ့ သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

ကြည်လင် သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်တစ်အိုင် ရှိသည်။ ထိုရေအိုင်အနီးတွင် မျက်စိအမြင်ရှင်း၍ တိမ်သလ္လာကင်းသော ယောက်ျားတစ်ယောက် ရပ်လျက် ကောင်းစွာ ကြည့်ရှုသည်။ ထိုသူသည် ရေအိုင်ထဲရှိ ခရု၊ ယောက်သွား၊ ငါး၊ လိပ်တို့၏ သွားလာ လှုပ်ရှားမှုကို သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ပရိဗ္ဗာဇက၀ဂ်၊ မဟာသကုလုဒါယိသုတ် )

0 comments:

Posts

Followers

Labels

Comments