စိတ်မဖြူစင် ညစ်ညူးစေတတ်သည့် တရားတို့သည် -
- သူတစ်ပါး၏ စည်းစိမ်ကို ရှေးရှုကြံစည်၍ အလိုရှိခြင်း အဘိဇ္ဈာ
- မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ၀ိသမလောဘ
- သူတစ်ပါးတို့အား ပျက်စီးစေလိုခြင်း ဗျာပါဒ
- အမျက်ထွက်ခြင်း ကောဓ
- ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ
- ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ
- ဂုဏ်ပြိုင်ခြင်း ပလာသ
- ငြူစူခြင်း ဣဿာ
- ၀န်တိုခြင်း မစ္ဆရိယ
- လှည့်ပတ်ခြင်း မာယာ
- စဉ်းလဲခြင်း သဋ္ဌေယျ
- စိတ်ခက်ထန်ခြင်း ထမ္ဘ
- ချုပ်ချယ်ခြင်း သာရမ္ဘ
- မောက်မော်ခြင်း မာန
- အလွန်မောက်မော်ခြင်း အတိမာန
- မာန်ယစ်ခြင်း မဒ
- သတိမေ့လျော့ခြင်း ပမာဒ တို့ ဖြစ်သည်။
ရဟန်းတို့ ဤတရား၌ကိန်းအောင်းလျှင် ဤတရားတို့နှင့် ယှဉ်လျှင် စိတ်ညစ်ညူး၏။ စိတ်မဖြူစင်ခြင်း ဖြစ်၏။ ဤတရားတို့အား သိမြင်၍ ပယ်စွန့်သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်း ဖြစ်၏။
(မူလပဏ္ဏသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်)
0 comments:
Post a Comment