ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Saturday, January 17, 2009

ဓမ္မရံကြီးဘုရား


ဓမ္မရံကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဥာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ပုဂံဒေသတွင် ထုထည် အကြီးဆုံး ဖြစ်သည်။


ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဓမ္မရံကြီးဘုရားဟာ အမည်တွင် သည်မှာ နရပတိစည်သူ (စည်သူ-၂) လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ၀င်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရား ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ နရသူမင်းသည် ဖခင် အလောင်းစည်သူမင်းအား သတ်မိသည့်အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဘုရားတွင် အုတ်စီအုတ်နင်း ကောင်းမွန်မှုတို့ကို လေ့လာနိုင်သည်။ ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစိမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားပုံများ၊ ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများကို လေ့လာနိုင်သည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့သည်။


ဓမ္မရံကြီး ဘုရားအုတ်စီလက်ရာ ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ် နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြသည်။ ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာဝန် ပေါ့လျော့လျှင် အပြစ်ပေးသည့် အတွက် ပန်းရံ ဗိသုကာ တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ၀င်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။

2 comments:

ခေါင်ခေါင် said...

အမ ရေ.. ပိုစ့်တွေ ဖတ်ရင်း ဗဟုသုတ တွေလည်းရ.. ဘုရားလည်း ဖူးရ..စိတ်တွေ ကြည်နူးသွားတယ်...
ပုဂံ ကိုအရင်က မိသားစုနဲ့ သွားခဲ့တာတွေလည်း ပြန်သတိရတယ်...
ကျေးဇူးအရမ်းတင်ပါတယ် အမ ရယ်.. တစ်ကယ်ပါ.. အပြင်က စိတ်ညစ်ပြီး ပြန်လာတာ။... ဒီစာမျက်နှာပေါ် ရောက်လာတာ.. တော်တော် ကျေနပ်သွားတယ်.. အမ အစစအရာရာ အဆင်ပြေပါစေ....

Nge Naing said...

ဆုရည်ရေ
စာလာဖတ်သွားပါတယ်။ ဘလော့ဂ်လေး အောင်မြင်နေတာ တွေ့ရလို့ ၀မ်းသာပါတယ်။ အစ်မကွန်ပြူတာအသစ်က ပျက်နေလို့ ၀ယ်တဲ့ဆိုင်မှာ အပ်ထားရတဲ့ အချိန်မှာ ကွန်ပြူတာ အဟောင်းကို ခဏပြန်ပြင်ပြီးသုံးနေရတယ်။ ကွန်ပြူတာ အဟောင်းမှာက အသံမရတော့ ခါတိုင်း ဒီဘလော့ဂ်ကိုလာတိုင်း ကြားနေရတဲ့ မေတ္တာပို့ ဘုရားရှိခိုး ဆုတောင်းလေးကို အစ်မကွန်ပြူတာမှာ အသံမရှိလို့ မကြားရတာလား၊ ဆုရည် ဖြုတ်လိုက်တာလားဆိုတာ မသိရဘူး။ တကယ်လို့ ဖြုတ်လိုက်တယ် ဆိုရင်လည်း ဒီဘုရားရှိခိုးလေးကို ပြန်ထည့်ဖို့ အစ်မမေတ္တာရပ်ခံပါရစေ။ ဆုရည် ကျန်းမာ ပျော်ရွှင်၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး အောင်မြင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ။

Posts

Followers

Labels

Comments