ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, January 20, 2009

ကာမဂုဏ် အငှားပစ္စည်း


ပွဲလမ်းသဘင်သို့ တက်ရောက် ကြည့်ရှုသူ မိန်းမ တစ်ယောက်သည် အ၀တ်အစားသစ်များ ၀တ်ဆင်လာသည်။ နားကပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ၀တ်ဆင်ကာ ပြင်ဆင် မွမ်းမံထား သဖြင့် တင့်တယ် လှပလျက် ရှိသည်။ ထိုမိန်းမအား အခြားသူများက " တင့်တယ်ပါပေ၏။ အ၀တ်တန်ဆာ ရတနာများ ပြည့်စုံပါပေ၏ " စသည်ဖြင့် ချီးမွှမ်းကြသည်။ ထိုမိန်းမသည်လည်း သာယာနှစ်သက်လျက် ရှိလေသည်။

စင်စစ်အားဖြင့် ထိုမိန်းမသည် အ၀တ်တန်ဆာ ရတနာများကို ငှားရမ်းဝတ်ဆင်ခြင်း ဖြစ်ရာ မကြာမီပင် ပိုင်ရှင်ထံသို့ ပြန်လည် အပ်နှံလိုက်ရ လေသည်။

ပြင်ဆင်မွမ်းမံ မှုဖြင့် သာယာ နှစ်သက်ခြင်းသည် လည်းကောင်း၊ အခြားလူများ၏ ချီးမွမ်းခြင်းသည် လည်းကောင်း၊ ပစ္စည်းများကို ပိုင်ရှင်ထံသို့ အပ်နှံလိုက်ရ သည်နှင့်အတူ ကုန်ဆုံးသွားလေသည်။ တင့်တယ် လှပခြင်းနှင့် သာယာနှစ်သက်ခြင်း တို့ကို ထိုမိန်းမ ဖမ်းကိုင်၍ မရ၊ သိမ်းဆည်း၍မရ၊ လိုချင် တောင့်တ သော်လည်း ပြန်လည် မရောက်လာနိုင်။

ကာမဂုဏ် ဟူသည်မှာ အငှားပစ္စည်း နှင့်တူသည်။ တခဏမျှဖြင့် ပျောက်ကွက် သည်သာဖြစ်သည်။ ထို့ကြောင့် ကာမဂုဏ်ကို လိုချင်တောင့်တ မှုသည် သူတစ်ပါး၏ ပစ္စည်းကို ခခယယ ငှားရမ်းရလေ သကဲ့သို့ အောက်တန်းကျ၍ ဆင်းရဲပင်ပန်း လှပေသည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဂဟပတိဝဂ်၊ ပေါတလိယသုတ် )

8 comments:

Anonymous said...

ကာမဂုဏ် ဟူသည်မှာ အငှားပစ္စည်း နှင့်တူသည်။ တခဏမျှဖြင့် ပျောက်ကွက် သည်သာဖြစ်သည်။
ဒီအဆိုလေးမှန်ပါတယ် မျှဝေပေးတာကျေးဇူးပါ.

ဒေါင်းမင်း said...

အောင်မြေကိုလာတိုင်း..တခုတခုဖက်ရတာ.တကယ့်
ကိုစိတ်ချမ်းသာတယ်...

Nge Naing said...

ဆုရည်ရေ စာလာဖတ်သွားပါတယ်။ ရှာဖွေတင်ပြတဲ့ အကြောင်းအရာလေးတွေက တကယ်ကို အနှစ်သာရရှိပါတယ်။ စာကောင်းကောင်းတွေ များများ ရေးနိုင်ပါစေ။

ခေါင်ခေါင် said...

လာရောက်မှတ်သားသွားပါတယ် အမ..။
အမရဲ့စေတနာတွေကို တစ်ကယ်လေးစားတယ်..။

Angel With Naked Heart said...
This comment has been removed by the author.
Anonymous said...

ဗုဒ္ဓအကျိုးကို ဒိထက် ပိုသယ်ပိုးထမ်းရွက် နိုင်ပါစေ။ တရားတော်ကို ဒေါင်းလုပ် လုပ်သွား တယ်နော်။

Heart Breaker said...

ဖတ်သွားပါတယ်၊ အများကြီး လေ့လာသွား ပါတယ်။ လိုက်နာစရာတွေက များမှများ ဆိုတော့ တစ်နေ့ နည်းနည်းချင်း လာမှတ် ပါမယ်။

Phu Mon said...

ဖတ်၊လေ့လာ၊မှတ်သားသွားပါတယ်ရှင်...။ သာသနာ့အကျိုးဆထက်တိုး သယ်ပိုးနိုင်ပါစေ၊

Posts

Followers

Labels

Comments