ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Thursday, January 29, 2009

မြတ်သော လူပုဂ္ဂိုလ်

မြတ်သော လူသား

ဤလူ့ဘ၀၌ လူသားများစွာ နေထိုင်ကြသော်လည်း လူတို့၏ ကိုယ်ကျင့်တရား ကမ္မလုပ်ဆောင်မှု ကံတို့ဖြင့် တိုင်းတာ ရေတွက်ကြည့်လျှင် လူမျိုး ၄ မျိုးသာ တွေ့နိုင်ပေသည်။

၁။ ပေတမနုဿ
  • ဒါန ပေးကမ်းလှူဒါန်း ရမှန်းမသိဘဲ စည်းစိမ် ဥစ္စာတို့အပေါ်၌ တွယ်တာမက်မောမှု လောဘက ပြိတ္တာဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို ပေတမနုဿ လူပြိတ္တာ ဟုခေါ်သည်။

၂။ တိရစ္ဆာန မနုဿ
  • ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ် တရားကို မပြုလုပ်ဘဲ တွေဝေမှု မောဟက တိရစ္ဆာန်ဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို တိရစ္ဆာန မနုဿ လူတိရစ္ဆာန် ဟုခေါ်သည်။

၃။ နိရယ မနုဿ
  • လူပုဂ္ဂိုလ်စာရင်း ၀င်သော်လည်း ကုသိုလ် ကောင်းမှုမပြုဘဲ ဒေါသအလျှောက် သူတစ်ပါး အသက်သတ်ခြင်း၊ အကုသိုလ် ဒုစရိုက်တရား တို့ကို လိုလားစွာ ပြုလုပ်၏။ ထိုဒေါသတရားက ငရဲဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို နိရယ မနုဿ လူငရဲသား ဟုခေါ်သည်။

၎။ ပရမတ္တ မနုဿ
  • ထိုပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကို သိ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိ၏။ ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန်ပိုင်းခြား သိတတ်၏။ ထိုပုဂ္ဂိုလ်ကို ပရမတ္တ မနုဿ မြတ်သောလူ ဟု ခေါ်သည်။

ထိုလူပုဂ္ဂိုလ် ၄ မျိုးတွင် ပေတမနုဿ၊ တိရစ္ဆာန မနုဿ၊ နိရယ မနုဿ ၃ မျိုးကား လူဟု ခေါ်ဆိုရသော်လည်း ပစ္စုပ္ပန်နှင့် အနာဂတ် ကာလအတွက် ကုသိုလ်ကောင်းမှု မရှိကြ။ အိပ်၊ စား၊ ကာမ ဤသုံးဝတွင် ဂေါနနှင့် လူအတူ တူတည်း ဟု နီတိ ဆိုရိုးစကားအတိုင်း အကျင့်သုံးပါးသာ ကျင့်သော လူတိရစ္ဆာန် များသာဖြစ်သည်။ လူဖြစ်ရှုံးနေကြသူများဟု ဆိုရပေမည်။

မနုဿ သတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကို ရခဲ၏။ ရခဲသော လူအဖြစ်ကို ရလာလျှင်လည်း လူဖြစ်ကျိုးနပ်ဖို့ လိုပေသည်။ လူဖြစ်လာလျှင် ကုသိုလ်၊ အကုသိုလ်ကို သိရာ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိရာ၏။ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန် ပိုင်းခြား သိတတ်သော ပရမတ္တ မနုဿ မြတ်သောလူ အမျိုးအစားသာ ဖြစ်သင့်ပေသည်။

2 comments:

ဒေါင်းမင်း said...

လူလေးမျိုးကိုမှတ်သားသွားတယ်ဗျာ..
မနုဿလူသားဖြစ်အောင်..ကြိုးစားပါမယ်..
အခုလိုတင်ပြပေးတာကျေးဇူးပါမသိတာတွေ
သိလိုက်ရတဲ့အတွက်ကျေးဇူးပါပဲခင်ဗျ

WWKM said...

အလွန်ကောင်းတဲ့ ပို့စ်လေးတစ်ခုပါ။
မျှဝေပေးတာ ကျေးဇူးပါ ညီမရေ။

Posts

Followers

Labels

Comments