ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, January 18, 2009

သံယောဇဉ်ပြတ်တာ အမှန်ပြောရင် မြတ်ပါတယ်

သံယောဇဉ်ပြတ်တာကို
မေတ္တာကင်းမဲ့တယ်လို့
သံယောဇဉ်ပျော် ကိလေသာသမားတွေက
ကဲ့ရဲ့ရှုတ်ချကြပေမယ့်
တကယ်တော့
သံယောဇဉ်ပြတ်တာဟာ
ပညာရှိသူတော်ကောင်းတွေရဲ့
ကိလေသာ ငြိမ်းအေးခြင်း
ဂုဏ်တစ်မျိုးပါ။
သံယောဇဉ်ပြတ်တာနဲ့
မေတ္တာကင်းမဲ့တာလည်း
လုံးဝ မတူပါဘူး။
သံယောဇဉ်ဆယ်မျိုးရှိတဲ့အထဲက
လူတွေ ပြောပြောနေတဲ့
သံယောဇဉ်ဆိုတာ
ကာမရာဂသံယောဇဉ်ဆိုတဲ့
တဏှာကို ပြောတာဖြစ်လို့
တဏှာဆိုတာ
ပြတ်လေကောင်းလေပါပဲ။

6 comments:

ဒေါင်းမင်း said...

ဟီး..အနော်ကတော့ပြတ်နိုင်သေးဘူး..အခုမှသံယောဇဉ်ကစတည်တာ...

khin oo may said...

မဖြတ်ချင်ါပါဘူး

Anonymous said...

အောင်မြေတဲ့လား---
ဘလောက်အသစ်လေးပေါ့နော်--
အားပေးနေပါတယ်---
နောက်တခေါက်လာလည်ဖို့လည်းလင့်ထားပါတယ်--
အဆင်ပြေပါစေ---

Anonymous said...

ဟိဟိ.. ဟုတ်မှန်းသိပေမယ့်လည်း ဖြတ်ရမှာအခက်သားလားနော်။ :P

Anonymous said...

လောကမှာ လူတွေကတဏှာဆိုတဲ့ မီးလောင်ကျွှမ်းနေကြတာပါဘဲ၊ ပိုးဖလံလေးတွေလိုဘဲ မီးကပူမှန်းသိသော်ငြားလည်း မီးတောက်မီးညွှန့်လေးတွေရဲ့ လှည့်စားမူကြောင့် နောက်ဆုံး အဲဒီမီးတောက်ထဲတိုးဝင်ရင်း အသက်ဇီဝိန်ချုပ်ငြိမ်းကြရရှာတယ်၊ ကျနော်တို့လူသားတွေကတော့ အသိဥာဏ်ပညာရှိကြတယ်၊ ဒါပေမယ့် ပိုးဖလံထက်မိုက်မဲစွာနဲ့ဘဲ တဏှာမီးထဲ လောင်ကျွှမ်းခံနေကြရတယ်၊ သိတယ်ရုန်းမထွက်နိုင်ကြတာ၊ ကျနော်အပါအ၀င်ပါဘဲ၊ သံဝေဂနဲ့ သတိတရားကို ရစေတာမို့ ကျေးဇူးတင်တယ် မဆုရည်ရေ။

Heart Breaker said...

ဥာဏ်မမီပေမယ့်
မှတ်သားစရာတွေ ယူသွားတယ် အစ်မ။
အကျိုးပြုစာတွေ ဆက်ပြီး ရေးသားနိုင်ပါစေ

Posts

Followers

Labels

Comments