ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Wednesday, March 25, 2009

တဏှာကြောင့်


ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ ရှုမြင်လျက် နေသူသည် တပ်မက်ခြင်း တဏှာ ဖြစ်ပွား၏။ ထိုတဏှာကြောင့် စွဲလမ်းခြင်း ဥပါဒါန် ဖြစ်ပွား၏။ ထိုဥပါဒါန်ကြောင့် ဘ၀ဖြစ်၏။ ဘ၀ကြောင့် ပဋိသန္ဓေ နေရခြင်း ဇာတိ ဖြစ်၏။ ဇာတိကြောင့် အိုခြင်း ဇရာ၊ သေခြင်း မရဏ၊ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀၊ ဆင်းရဲခြင်း ဒုက္ခ၊ နှလုံးမသာယခြင်း ဒေမနဿ၊ ပြင်းစွာပင်ပန်းခြင်း ဥပါယာသ တို့ဖြစ်ကုန်၏။

ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ မရှုမြင်ဘဲ အပြစ်ဟု ရှုမြင်လျက် နေသူကား တပ်မက်မှု တဏှာ ချုပ်၏။ တဏှာချုပ် သောကြောင့် စွဲလမ်းမှု ဥပါဒါန် ချုပ်၏။ ဥပါဒါန် ချုပ်သောကြောင့် ဘ၀ချုပ်၏။ ဘ၀ချုပ်သောကြောင့် ဇာတိချုပ်၏။ ဇာတိချုပ်သောကြောင့် ဇရာ၊ မရဏ၊ သောက၊၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တို့ ချုပ်ငြိမ်းကုန်၏။

( နိဒါန၀ဂ္ဂ၊ နိဒါနသံယုတ်၊ ဒုက္ခ၀ဂ်၊ ဥပါဒါနသုတ်၊ သံယောဇနသုတ် )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

2 comments:

Anonymous said...

သူလဲလေ လောကီသားပေမို့
တဏှာဆိုတာကို လျော့စေချင်ပါတယ်။
ဘာဖြစ်ဖြစ် တန်ဖိုးရှိတဲ့ ဘုရားအဆုံးအမတွေမို့
လွယ်လွယ်ကူကူ မှတ်သားနိုင်တာကြောင့်
ကျေးဇူးတင်မဆုံးပါ။

mgnge said...

ငါ အာရုံတွေနောက်လာ တဲ့ အခါ ဒီစာမျက်နှာကိုရောက်ဖြစ်
တယ်...။
တကယ်နော့ ဒီ စာမျက်နှာလေး ကလည်း ငါ့အတွက် အဖော် ကောင်းတစ်ခုပါ..။

ကျေးဇူးတင်တယ်သယ်ရင်းရေ...။

Posts

Followers

Labels

Comments