ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Saturday, April 11, 2009

သာသနာ နှင့် အဆုံးအမ


ဘာသာရေးရှုထောင့်က ကြည့်လိုက်လျှင် ဗုဒ္ဓ၏ " အဆုံးအမ " မှန်သမျှကို " သာသနာ " ဟု ခေါ်ကြသည်။ သာသနာသည် ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူ၍ လည်းကောင်း၊ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဟူ၍လည်းကောင်း အသီးသီး ခေါ်ကြ ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ မှန်သမျှသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အဆုံးအမ ခြည်းသာဖြစ်ကြသည်။ " သာသနာ " ၏ အနက်အဓိပ္ပာယ် အပြည့်အစုံကို " နေတ္တိအဋ္ဌကထာ " တွင် " ဒိဋ္ဌဓမ္မိက သမ္ပရာယိက ယထာရဟံ သတ္တေ သာသတိ ၀ိနေတိ ဧတေနာတိ သာသနံ " ဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရသည်။

အနက်အဓိပ္ပာယ်မှာ ..
" မျက်မှောက် အကျိုးစီးပွား၊ တမလွန် အကျိုးစီးပွား နှင့် ဘ၀သံသရာ မှ လွတ်မြောက်စေသော လောကုတ္တရာ အကျိုးစီးပွား တို့နှင့် ထိုက်သည့် အားလျော်စွာ သတ္တ၀ါတို့ကို ဆုံးမကြောင်း တရားစကား မှန်သမျှကို သာသနာ " ဟုခေါ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် " သာသနာ " ဟူသော ပါဠိဝေါဟာရကို လေ့လာ သုံးသပ်ကြည့်ပါလျှင် သတ္တ၀ါဝေနေယျတို့ အတွက် မျက်မှောက် အကျိုးစီးပွား တမလွန် အကျိုးစီးပွား သာမက ဘ၀သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရပါမည်။ အဆိုပါ အကျိုးစီးပွားများ ကင်းဆိတ်ခဲ့ပါလျှင် " သာသနာ " ဟူသော ဝေါဟာရကို မည်သည့် ဘာသာကပဲ ယူသုံးယူသုံး အဓိပ္ပာယ် လေးနက်မှု မရှိနိုင်ချေ။ အလွယ်တကူ ချေးငှားယူထားသော စကားလုံးဟုသာ ဆိုထိုက်တော့သည်။

7 comments:

flower.poem said...

သာသနာ့အဆုံးအမကို လာရောက်နာယူသွားပါတယ် အမ နှစ်သစ်မှာပျော်ရွင်ပါစေ..

Nge Naing said...

ပျော်ရွှင်သော သင်္ကြန်ကာလနှင့် နှစ်သစ်ဖြစ်ပါစေ။ ဆုရည်တယောက် နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေနှင့်သာ အချိန်ကုန်စေပြီး မကောင်းမှုမှန်သမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနှင့် ရှောင်နိုင်ပါစေ။
အစ်မ

Anonymous said...

သာသနာဆိုတာရဲ့ အနက်အဓိပ္ပါယ် အပြည့်အစုံကို မသိပါဘူး .... သိလည်း မသိခဲ့ပါဘူး ... သိအောင်လည်း မကြိုးစားခဲ့ပါဘူး အမှန်အတိုင်း ဝန်ခံတာပါ ... ငယ်ငယ်တုန်းကရော ခုနက ထိရော သိတာကတော့ သာသနာဆိုတာ ကောင်းတာလုပ်တာ ကောင်းမှုပြုတာ ဆိုတာလောက်ပဲ သိပါတယ် ... ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ကို သိပေမယ့် ပဋိဝေဓ သာသနာ ကိုတော့ ဘာမှန်း မသိပါဘူး ကျွန်တော် ဗုဒ္ဓဘာသာ ဟုတ်ပါတယ် .. ဒါပေမယ့် ဂါထာတွေ ရွတ်တတ်ယုံ ပရိတ်ရွတ်တတ်ယုံလောက်က လွဲပြီး ဘာမှ ထူးထူးခြားခြား နှိုတ်နှိုတ်ချွတ်ချွတ်မသိပါဘူး ... အကုန်လုံးကို လိုက်ဖတ်ရအောင်လည်း မတတ်နိုင်ပါဘူး ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီး သိသင့်တာလေးတွေကို ခုလိုမျိုး တင်ပြပေးနိုင်တာ အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ ... တကယ်လည်း အကျိုးရှိပါတယ် ...အရင်ကထက်စာရင် သာသနာ အကြောင်းလေးကိုလည်း ပိုသိခဲ့ပါပြီ... ကုသိုလ်လည်း အများကြီး ရပါတယ်ဗျာ .. သာဓု ပေါင်းများစွာလည်း ခေါ်ခဲ့ပါတယ်

Unknown said...

တရားစာတွေ တ၀ကြီး ဖတ်လို့ မှတ်လို့ ယူလို့သွား ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်စေဖို့ ဆုတောင်းပေး ပါတယ်။


ချယ်ရီမော်

မသက်ဇင် said...

ဖတ်မှတ်သွားပါတယ်
အကျိုးရှိလွန်းပါတယ်--
ဝေငှပေးသည့်အတွက်
ကျေးဇူးပါ--

Nge Naing said...

ဆုရည်နဲ့ ကဗျာ- မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ မကောင်းတာတွေအားလုံးကို နှစ်ဟောင်းမှာ ထားခဲ့ပြီး ကောင်းတာတွေနဲ့ပဲ နှစ်သစ်မှာ မင်္ဂလာရှိသော ဘ၀ကို ထူထောင်နိုင်ကြပါစေ။
With kind regard

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

Followers

Labels

Comments