ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, March 17, 2009

ရေးသားသူမှာ...

ဓမ္မစကြာသုတ် တော်မှာ ရှင်တော်ဗုဒ္ဓ မြတ်စွာ၏ တရားဦး (BUUDDHA'S FIRST SERMONS, 544 B.C.) ဖြစ်ပြီး...
မြန်မာပြန်ရေးသားသူမှာ အဂ္ဂမဟာပဏ္ဍိတ ပိဋကတ္တယ ပါရဂူ သုတ ဗုဒ္ဓ ဘုရားတဆူ ပျံ့ကြူကျော်ကြားတော်မူသော ကျေးဇူးရှင် လယ်တီ ဆရာတော် ဘုရားကြီး [Ven. LEDI SAYADAW (Known to the World of Buddhists as:-) Rev. Dr. Ledi Maha Thera of Mandalay, 1846-1923]ဖြစ်ပါသည်။
ဝိသုဒ္ဓိမဂ္ဂ အင်္ဂလိပ် ဘာသာပြန်အတွက် ယိုးဒယား ဘုရင် မင်းမြတ်၏ ဆုချီးမြှင့်ခြင်းခံရသော ဆရာကြီး ဦးဖေမောင်တင် (Dr. PE MAUNG TIN, Winner of Prize for his English translation of VISUDDHIMAGGA from His Majesty The King of Thailand, 1888-1973)မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားထားခြင်း ဖြစ်ပါသည်။
မြန်မာပြည်တွင် မက နိုင်ငံရပ်ခြား အသီးသီးသို့ရောက်ရှိ နေထိုင်နေကြသည့် ဗုဒ္ဓဘာသာဝင် တရားချစ်ခင် သူတော်စင် အပေါင်းအား ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် အလို့ငှာ ဤနေရာမှ တဆင့် “ကဗျာမလေး” အနေဖြင့် မျှဝေတင်ပြခြင်းပင် ဖြစ်ပါသည်ရှင့်...။
စိတ်ရော ကိုယ်ပါ နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ သောကအပူများ ကင်းဝေးနိုင်ကြပါစေ။

2 comments:

Nge Naing said...

ညီမလေး ပြန်လည်တင်ပြပေးတာကို ကျေးဇူးတင်ပါတယ်။ အင်္ဂလိပ်လိုကို ကူးသွားပါတယ်။ အစ်မမှာ သာသနာရေး ဦးစီးဌာနက ထုတ်ထားတဲ့ CD ခွေ အရင်ကရှိပေမယ့် သူငယ်ချင်းတယောက်က ဖတ်ချင်တယ်ဆိုလို့ ငှားပေးလိုက်တာ ပျောက်သွားလို့ ပြန်မရတော့ဘူး။ မြန်မာပြည်မှာဖို့ ဆိုတာကလည်း အခက်အခဲရှိတော့ အခုညီမလေး ပြန်တင်ပြထားတာကို ရလို့ ၀မ်းသာပါတယ်။ ဓမ္မစင်္ကြာက ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်ဖြစ်တော့ အဓိကက အင်္ဂလိပ်လိုနဲ့ အပိုဒ်ကို လိုချင်တာပါ။ ဘာသာရေးအကြောင်းက ကိုယ့်ဖါသာကိုယ် ဘာသာပြန်ရင် အင်္ဂလိပ်လို ဝေါဟာရ အရွးမှားနိုင်ပြီး ဘုရားဟောနဲ့ာအဓိပ္ပါယ် ကွဲလွဲသွားနိုင်တယ် မဟုတ်လား။ ညီမလေးက ဘယ်လိုနားလည်သွားလည်း မသိဘူး အစ်မဆိုလိုတာက မူရင်းထုတ်ဝေသူကို ပြောတာပါ။ ဆုရည်ပို့စ်တခုမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဆုရည်ဖေါ်ပြထားသလို မူရင်းကို ရေးသူ/ပြုစုသူ နဲ့ ထုတ်ဝေသူတွေရဲ့ အချက်အလက် အတိအကျ ထည့်ထားရင် မူပိုင်လည်း ကုသိုလ်ရတယ် ပြန်လည်မျှဝေ အသုံးချချင်သူတွေအတွက်လည်း ကိုးကားဖို့ အဆင်ပြေသလို ညီမလေးရဲ့ ပြန်လည်တင်ပြချက်ကလည်း ပိုခိုင်သွားမှာ ဖြစ်လို့ အစ်မက အကြံပြုရတာပါ။ ဘုရားဟောထားတဲ့ တရားဆိုတာ လူတိုင်းသိပေမယ့် တကယ်လို့ တယောက်ယောက်က ဒါကိုပြန်သုံးပြီး ကိုးကားဖေါ်ပြချင်ရင် မူရင်းထုတ်ဝေသူကိုပဲ ဖေါ်ပြရလို့ ရပါတယ်။ ဥပမာ အခု ညီမလေးက အောင်မြေ ဘလော့ဂ်မှာ ပြန်တင်ပြထားတာကို သုံးပြီး အစ်မက စာတမ်း ဒါမှမဟုတ် Presentation တခုခုမှာ ကိုးကားမယ်ဆိုရင် အချက်အလက်ကို ညီမလေးဆီကရတယ်၊ ဘုရားဟောခဲ့တာတွေ ဖြစ်တယ် မှန်ပေမယ့် Bibliography မှာ ကဗျာမလေး နာမည်နဲ့ ဖေါ်ပြလို့မရသလို ဗုဒ္ဓလို့လည်း ဖေါ်ပြလို့မရဘူး။ သာသနာရေး ဦးစီးဌာနဆိုလည်း သာသာရေးဦးစီးဌာန ဒါမဟုတ် တခြား လူပုဂ္ဂိုလ်၊ ဘာသာရေးအသင်း စတဲ့ အဲဒီအချက်အလက်ကို မူလဖြန့်ဝေတဲ့ မူပိုင်သူရဲ့ နာမည်ကိုပဲ ထည့်လို့ရနိုင်လို့ အကြံပြုတာ အားနည်းသွားရင် အစ်မရဲ့ အကြံပြုပုံ အကြံပြုနည်း လိုအပ်နေသေးလို့ပဲ ဆိုတာ လက်ခံပြီး တောင်းပန်ပါတယ် ညီမလေး။
တရားအလှူကြောင့် ညီမလေး သမုဒယ ဝေဒနာအပေါင်းမှ ကင်းဝေးပြီး ကောင်းကျိုးလိုရာ ဆန္ဒပြည့်နိုင်ပါစေ။

မသက်ဇင် said...

နတ်လူသာဓုခေါ်စေသော်---
ကဗျာမလေး--ပျော်ရွှင်ပါစေ--

Posts

Followers

Labels

Comments