တူရင်းတောင်စေတီတော်
တူရင်းတောင်စေတီ ကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် (ယခု သီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ တူရင်းတောင်ထိပ် တွင် စေတီတည်ကာ စွယ်တော်ပွားကို ဌာပနာ ခဲ့သည်။တူရင်းတောင်စေတီ ကို အောက်ခြေ အုတ်ခုံခံ၍ အုတ်ခုံမျက်နှာစာ တွင် ဆင်ရုပ် (၃၂)ရုပ်ကို အရပ်မျက်နှာ အလိုက် အချိုးကျ ပြုလုပ်ထားသည်။ အုတ်ခုံ အထက်တွင် ရှစ်မြှောင့် ပစ္စယာအထက်တွင် ဖောင်းရစ်နှင့် မိုးလျှောများ၊ ပုပြတ်သော ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် စိန်တောင် များပါသည့် ရင်စည်း၊ သေးသွယ် ချွန်တက်သွားသည့် ဖောင်းရစ် တစ်လှည့်၊ မိုးလျှော တစ်လှည့်၊ အထွတ်၊ ကြာမှောက်၊ ရွှဲလုံး၊ ကြာလန်၊ ငှက်ပျောဖူး နှင့် ထီးတို့ဖြင့် အဆင့်ဆင့် တည်ထားသည်။
တူရင်းတောင်စေတီ ကို ခေတ်အဆက်ဆက် စေတနာရှင် များက ပြုပြင်မွမ်းမံခဲ့ကြ သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။
အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော စွယ်တော်မြတ်လေးဆူ
- ရွှေစည်းခုံစေတီ
- လောကနန္ဒာစေတီ
- တန့်ကြည်တောင်စေတီ
- တူရင်းတောင်စေတီ
( ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ )
2 comments:
စွယ်တော်လေးဆူကို ဖူးခဲ့ချင်ပေမယ့် လေးဆူလုံးပြည့်အောင်တော့ တစ်ခါမှ မဖူးခဲ့ဘူးပါဘူး ... လူကြီးတွေ ပြောတာ .... စာအုပ်တွေ ထဲမှာ ဖတ်ဖူးထားတာလေး တစ်ခုတော့ ရှိတယ် .. စွယ်တော် လေးဆူကို နေ့မကူးပဲ ဖူးရင် ဆုတောင်းပြည့်တယ်ဆိုလား ... ?? ဒါပေမယ့် ဆုတောင်းတစ်ခု အတွက် မဟုတ်ပဲ တကယ်ကို ဖူးမျှော်ချင်မိပါသေးတယ် ....
တန့်ကြည်တောင်ပေါ်ကမြင်ရတဲ့ မြစ်မင်းဧရာအလှ
မြစ်ထဲက ကြည့်ရတဲ့ ပုဂံမြို့အလှ ဘယ်လိုမှ မေ့ပျောက်လို့မရခဲ့။
Post a Comment