ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, December 8, 2009

ပါရမီမြောက်သော သည်းခံခြင်း

ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည်။ မြင့်မြတ်သူများ အနေနှင့် ပို၍ တာဝန်ရှိသည်။ ထို့ကြောင့် ထိုတာဝန်အရ အဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သော နည်းလမ်းကို သုံးရန်လိုသည်။ ထိုမှန်ကန်သော နည်းလမ်းမှာ သည်းခံခြင်း "ခန္တီ" ပင်ဖြစ်သည်။

သည်းခံခြင်း ခန္တီကို အလယ်ကျင့်စဉ် မဇ္ဈိမပဋိပဒါ အတိုင်း အသုံးပြုသောအခါ ယင်းနှင့် နီးသောအကြောင်း ပဒဌာန်ကို သိရန်လိုသည်။ သည်းခံခြင်း ခန္တီ၏ နီးသောအကြောင်း ပဒဌာန်မှာ " မှန်မှန်ကန်ကန် သိခြင်း ယထာဘူတဥာဏ်" ဖြစ်သည်။

ထို့ကြောင့် မိမိအပေါ် စော်ကားမှုများကို ယင်းနှင့်ပတ်သက်၍ အကျိုးအကြောင်း ဆင်ခြင်နိုင်သော ယထာဘူတဥာဏ်ဖြင့် ပိုင်းခြားဝေဖန်ပြီး အဒေါသဖြင့် သည်းခံမှသာ ပါရမီမြောက်သော သည်းခံခြင်း ဖြစ်သည်။

DHAMMA VIRA ARTICLES (17/10)

Monday, December 7, 2009

သည်းခံခြင်း (ခန္တီ)


ခန္တီသည် ပါဠိဝေါဟာရ ဖြစ်သည်။ မြန်မာ ဝေါဟာရအားဖြင့် သည်းခံခြင်း ဟူ၍ ဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံသည်။ မထီမဲ့မြင် ပြုခြင်းခံရမှုကိုလည်း သည်းခံသည်။ သို့ရာတွင် ဝေါဟာရ အသုံးအနှုံးအားဖြင့် သူတစ်ပါးက စော်ကားလာသောအခါ တစ်စုံတစ်ရာ တုံ့ပြန်မှု မပြုဘဲ ခွင့်လွှတ်ခြင်းကိုသာ သည်းခံခြင်း ဟူ၍ ဆိုလေ့ရှိပါသည်။ တရားကိုယ်အားဖြင့် "အဒေါသ" စေတသိက် ပြဋ္ဌာန်းသော နာမ်ခန္ဓာ တရားစုများ ဖြစ်သည်။

"အဒေါသ" ဟူသည်မှာ " မေတ္တာ" ဖြစ်သည်။ အဘိဓမ္မာ တရားကိုယ် သဘောအရ သည်းခံခြင်း ဟူသည်မှာ မိမိအား စော်ကားလာသူအပေါ် မေတ္တာမပျက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်းဖြစ်သည်။

DHAMMA VIRA ARTICLES (17/10)

Sunday, December 6, 2009

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီများ


ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တော်မူသော အနော်ရထာမင်းကြီးသည် စွယ်တော်စေတီ (၄)ဆူကို သစ္စာအဓိဌာန်ပြုကာ တည်ထားခဲ့သည်။ ထိုစွယ်တော်မြတ် လေးဆူမှာ-
(၁) ရွှေစည်းခုံစေတီတော်
(၂) တန့်ကြည်တောင်စေတီတော်
(၃) တုရင်တောင်စေတီတော်
(၄) လောကနန္ဒာစေတီတော် တို့ဖြစ်သည်။

အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ကား " ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ် လေးဆူကို အကြင်သူသည် နောက်နေ့ မကူးနေ့ချင်း ဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား၊ မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည့်သူအား မကြာချက်ချင်း၊ လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း " ဟူ၍ ဖြစ်ပါသည်။ ဖော်ပြပါ အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ပြုခဲ့သည့် ဆိုရိုးစကားအတိုင်း ယခုအခါ ပုဂံဘုရားဖူး ခရီးသည်တို့သည် ပုဂံတစ်ဝိုက်ရှိ စွယ်တော်စေတီ (၄)ဆူကို ကြိုးစား၍ နေ့ချင်းဖူးမျှော်လေ့ရှိကြပါသည်။

ရွှေစည်းခုံစေတီတော်

အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄ နှစ်မြောက်၊ သက္ကရာဇ် ၃၉၃ ခုနှစ်တွင် သီဟိုဠ်ကျွန်းသို့ တမန်စေလွှတ်၍ စွယ်တော်ပွားတစ်ဆူကို ပင့်ဆောင်စေသည်။ သီဟိုဠ်ဘုရင် ဓာတုသေန မင်းကြီးသည် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားတစ်ဆူ ကိုပေးအပ်ခဲ့ရာ အနော်ရထာဘုရင် ကြီးမှာ များစွာ နှစ်ထောင်းအားရ ရှိတော်မူလေသည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံနေပြည်တော်၌၏ အရှေ့မြောက် အရပ်တွင် ထိုဗုဒ္ဓစွယ်တော်ပွားကို ဌာပနာ၍ ရွှေစည်းခုံ စေတီတော်ကို တည်တော်မူသည်။ စေတီတော်မပြီးမီ အနော်ရထာမင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်သော သားတော် ကျန်စစ်သားမင်းကြီးက ဆက်လက်၍ တည်တော်မူခဲ့ရာ သက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

တန့်ကြည်တောင်စေတီတော်

ပုဂံမြို့ တစ်ဘက်ကမ်း တန့်ကြည်တောင်ထိပ် ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်(၇၀) ၀ါတော်(၃၅)၀ါတွင် ဒေသစာရီ ကြွချီတော်မူ ခဲ့သော တောင်ထူး တောင်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ဒေသစာရီကြွချီ တော်မူစဉ် ရပ်တန့်၍ ကြည့်ရှုတော်မူရာ တောင်ထိပ်ဖြစ်သော ကြောင့် တန့်ကြည်တော် ဟု အမည်တွင်ခဲ့သည်။ အသောကမင်း တရားကြီးက စေတီပေါင်း ရှစ်သောင်း လေးထောင် တည်ခဲ့ရာတွင် တန့်ကြည်တော်ထိပ်၌ စေတီတော် တစ်ဆူတည်ခဲ့သည်ဟု အဆိုရှိသည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည်လည်း ရှင်အရဟံ မထေရ်မြတ်၏ တိုက်တွန်း နိုးဆော်ချက်အရ သီဟိုဠ်မင်းထံမှ ရရှိသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၆ ခုနှစ်တွင် ထိုစေတီတော်ကြီး၌ပင် ထည့်သွင်းဌာပနာ၍ ပြုပြင်တည်ထား တော်မူသည်။ သက္ကရာဇ် ၃၉၇ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် ရွှေထီးတော် အသစ် တင်လှူ ပူဇော်ခဲ့ပါသည်။

လောကနန္ဒာစေတီတော်

သီရိပစ္စယာမြို့၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းနဖူးတွင် တည်ရှိသည်။ လောကနန္ဒာ စေတီတော်မှာ အနော်ရထာမင်းကြီး၏ ကောင်းမှုတော်များတွင် အထူးခြားဆုံး စေတီတော် ဖြစ်ပါသည်။ သီဟိုဠ်ကျွန်း မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘောဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တစ်ဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက သက္ကရာဇ် ၃၉၄ ခုနှစ်တွင် တည်ထား ခဲ့ခြင်းဖြစ်သည်။ ထို လောကနန္ဒာစေတီတော်ကြီး၏ အာရုံခံ တန်ဆောင်း အနောက်ဘက်တွင် သမိုင်းအတွက် အရေးပါသော ကျောက်စာနှစ်ချပ် ရှိသည်။ တစ်ချပ်မှာ သက္ကရာဇ် ၅၆၉ ခုနှစ်တွင် ရေးထိုး၍ နောက်တစ်ချပ်မှာ သက္ကရာဇ် ၅၉၂ ခုနှစ် တွင် ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

တုရင်တောင်စေတီတော်

ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။ ပုဂံမြို့နယ်နိမိတ် အ၀င်ကတည်းက ထင်ရှားစွာ မြင်တွေ့ရပါသည်။ သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၃ ခုနှစ်တွင် အနော်ရထာမင်းက တည်ထားခဲ့ခြင်း ဖြစ်သည်။ တုရင်တောင် စေတီတော်ကို ဖူးမြော်ရန် လမ်းနှစ်သွယ်ရှိရာ ပထမလမ်းမှာ တောင်ပရွာဇရပ်မှ ယာခင်းများကို ဖြတ်၍ တောင်ပေါ် ကျောင်းကိုပတ်ပြီး တက်သွားသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ တောင်ပရွာဇရပ်မှ အလွန်လမ်းညွှန် ဆိုင်းဘုတ်အတိုင်း လိုက်သွားရသော ကားလမ်းအတိုင်း မောင်း၍ သွားရောက် ဖူးမြော်နိုင်ပါသည်။



Tuesday, July 7, 2009

သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ

သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ.....
ကိုယ်ကျိုးအတွက် စွန့်လွှတ်နိုင်ရတယ်။
သည်းခံမှု အပြည့်အ၀ရှိရတယ်။
သဘောထားကြီးရတယ်။
အရာရာမှာ ခွင့်လွှတ်နိုင်ရတယ်။
ကိုယ်ကျင့်တရားကောင်းရတယ်။
အများအတွက် အနစ်နာခံရတယ်။
ရတနာသုံးပါးကို အထူးလေးစားရတယ်။
ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးရတယ်။
ဆရာသမားများကို ရိုသေကျိုးနွံရတယ်။

ဤ(၉)ချက်နှင့် ပြည့်စုံပါက မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်၍ အပါယ်လေးပါးမှ လွတ်ပြီး နတ်ရွာနိဗ္ဗာန်လမ်းကြီး ပွင့်ပေတော့၏။
ရေးသားသူ..... သတ္တမမြောက်ကျော်အောင်စံထား(အမရပူရ)ဆရာတော်ကြီး

Wednesday, June 3, 2009

မင်္ဂလာအတွေးများ (၂)

“ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧတံမင်္ဂလ မုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ်နည်းယူလေ။”


တစ်ခါတုန်းက ဘောဇမင်းဆိုတာရှိခဲ့ဖူးပါတယ်။ သူ့ရဲ့အားကိုးရတဲ့ ပညာရှိအမတ်ကြီးကတော့ ကာလီဒါသ အမတ်ကြီးပါ။
တစ်နေ့မှာတော့ ဘောဇမင်းဟာ သူ့ရဲ့မင်္ဂလာဥယျာဉ်အတွင်းကို ဘာရယ်တော့မဟုတ်ပါဘူး၊ ထွက်ခဲ့ပါတယ်။ ပျင်းလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ဥယျာဉ်ထဲလျှောက်လည်ရင်း ပန်းရုံတစ်ခုရဲ့အနီးမှာ အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ စကားပြောနေတာ တွေ့လိုက်ပါတယ်။
အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ပြောနေတာကို မြင်ရတော့ ဘောဇမင်းက သူတို့ဘာတွေပြောနေတယ်ဆိုတာ သိချင်စိတ် ဖြစ်သွားတယ်တဲ့။ ဒီတော့ ဘောဇမင်းလည်း အပျိုတော်နှစ်ယောက်ရဲ့အနီးကို ကပ်သွားလိုက်ပါတယ်။ ဒါပေမယ့် ဘောဇမင်း အပျိုတော်နှစ်ယောက် အနားရောက်ခါနီးမှာပဲ အပျိုတော်နှစ်ယောက်ဆီက ‘လူမိုက်လာပြီ’ ဆိုတဲ့ အသံတစ်ခုထွက်လာပါတယ်။ ဘောဇမင်းလည်း ရှေ့ဆက် မသွားရဲတော့ဘဲ ရောက်နေတဲ့နေရာကပဲ လှည့်ပြန်ခဲ့ရပါတယ်။
အပျိုတော်နှစ်ယောက်ပြောလိုက်တဲ့ ‘လူမိုက်လာပြီ’ ဆိုတဲ့ စကားဟာ ဘောဇမင်းရဲ့နားထဲက လုံးဝ မထွက်တော့ပါဘူး။
‘ဒီအပျိုတော်တွေဟာ ငါ့ရဲ့မောင်းမမိဿံ တွေပဲ။ ငါကဲ့သို့ မင်း လာတာတောင် လူမိုက်လာပြီလို့ ပြောလိုက်တာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး။ စင်စစ် ငါ့ကို လူမိုက်လို့ပြောရလောက်အောင် အကြောင်းတစ်ခုခုတော့ ရှိရမယ်။ သူတို့ကိုပြန်မေးဖို့ကျပြန်တော့လည်း မသင့်ပြန်ဘူး။ အင်း..ဘယ်လိုလုပ်ရပါ့’
ဘောဇမင်းက နန်းတော်ပြန်ရောက်တော့ ပြဿနာရဲ့အဖြေကို ကိုယ်တိုင်စဉ်းစားပါတယ်။ အပြန်ပြန်အလှန်လှန်နဲ့ အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေက ထွက်မလာပါဘူး။ ကိုယ်တိုင်စဉ်းစားခြင်းဟာ အဖြေတစ်ခုတော့ ရတတ်မြဲဆိုတဲ့အတိုင်း ဘောဇမင်းအတွက် အကျိုးမဲ့ အချိန်ကုန်မှုမျိုးတော့ ဖြစ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားရင်းနဲ့ ကိုယ်တိုင်အဖြေမရှာတတ်ပေမယ့် ဘယ်သူ့ဆီက အဖြေ ရနိုင်တယ်ဆိုတာ စဉ်းစားရင်း သိလိုက်လို့ပါပဲ။
ဘောဇမင်းဟာ နောက်တစ်နေ့ ညီလာခံသဘင်မှာ ဘယ်သူမှ မရောက်ခင် သူကဦးအောင် ရောက်နေလိုက်ပါတယ်။
ညီလာခံသဘင်ထဲကို မှူးမတ်တွေဝင်လာတိုင်း ၀င်လာတိုင်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ချည်း ဆီးဆီးပြောနေပါတော့တယ်။ မှူးမတ်တွေလည်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ ဆီးဆီးပြောနေတော့ ငါတို့ ဘာအပြစ်တွေများ လုပ်ထားမိပါလိမ့်ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လန့်ဖြန့်ပြီး ကိုယ့်နေရာကိုယ် အမြန်ထိုင်လိုက်ကြပါတယ်။
မကြာခင်မှာဘဲ ကာလီဒါသအမတ်ကြီး ၀င်လာပါတယ်။ ဘောဇမင်းကလည်း ရှေ့မှူးမတ်တွေ ပြောခဲ့တဲ့အတိုင်း ဆီးပြောလိုက်ပါတယ်။
“လူမိုက်ကြီးလာပြီ”
ကာလီဒါသအမတ်ကြီးဟာ ဘောဇမင်းရဲ့ စကားသံ ကြားလိုက်ပေမယ့် ဣနြေ္ဒမပျက် မတ်တပ်ရပ်ရင်းပဲ ပြန်လျှောက်လိုက်ပါတယ်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဘာဖြစ်လို့ လူမိုက်လို့ ခေါ်ရတာလည်း၊ ကျွန်တော်မျိုးဟာ လူနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေတဲ့ နေရာကို သုံးယောက်ဖြစ်အောင် အလိုက်ကန်းဆိုးမသိ မသွားခဲ့ဖူးပါဘူး”
ကာလီဒါသ ပညာရှိအမတ်ကြီးရဲ့ စကားကြားလိုက်တော့မှ ဘောဇမင်းလည်း ‘သြော်…ငါက တိုးတိုးတိတ်တိတ်နဲ့ လူနှစ်ယောက် တိုင်ပင်နေတဲ့နေရာကို သွားခဲ့မိတာကိုး’လို့ တွေးပြီးအဖြေကို သဘောပေါက်သွားပါတော့တယ်။
မင်္ဂလာ၊ (နောင်ရိုးဦးတိုးမြင့်၊ ရေနံချောင်းမြို့)

ဒီပုံဝတ္ထုလေး ထုတ်ပြလိုက်ရတာကတော့ လူမိုက်ဆိုတဲ့ အဓိပ္ပါယ်ကို သိစေချင်လို့ မဟုတ်ပါဘူး။ ‘လူမိုက်’ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဖော်ပေးနိုင်တဲ့ ပညာရှိတစ်ယောက်ရဲ့ တန်ဘိုးကိုသိစေချင်လို့ပါ။
လောကမှာ ကိုယ်သိပ်သိချင်နေတဲ့ အဖြေတစ်ခုကို သိခွင့်ရလိုက်တာဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုပါ။ ဘောဇမင်းလည်း ကာလီဒါသ ပညာရှိအမတ်ကြီးကို အမှီပြုပြီး သိခွင့်ရလိုက်တဲ့ အဖြေဟာ ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ရလဒ်တစ်ခုလို့ ခံစားလိုက်ရမှာတော့ အသေအချာပါ။
ပညာရှိကို မှီဝဲဆည်းကပ်ပါတဲ့။
ပညာရှိဆိုတာ ဘာလဲ?
လူမိုက်လက္ခဏာကို ပြောင်းပြန်လှန်လိုက်ရုံပါပဲ။ မြတ်စွာဘုရားက ပညာရှိဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ ကောင်းတာတွေးနေတဲ့သူ။
၂။ ကောင်းတာပြောနေတဲ့သူ။
၃။ ကောင်းတာလုပ်နေတဲ့သူ။
အများကြားဖူးနေတဲ့ ပါဠိစကားနဲ့ ပြောရရင်တော့ ကာယကံ၊ ၀စီကံ၊ မနောကံကို သတိကပ်ပြီး ထိန်းသိမ်းနေတဲ့သူပါ။
အဲဒီလို လက္ခဏာသုံးပါးနဲ့ ပြည့်စုံနေတဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်နေခြင်းဟာ ကိုယ့်အတွက် မင်္ဂလာတစ်ပါး ရှိနေတာပါပဲတဲ့။
ပညာရှိဆိုတဲ့နေရာမှာ အပြင်ပညာရှိနဲ့ အတွင်းပညာရှိဆိုပြီး နှစ်ယောက်ရှိပါတယ်။ အပြင်ပညာရှိဆိုတာကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ မဆက်စပ်တဲ့ ကာလီဒါသလို ပညာရှိမျိုးပါ။ အတွင်းပညာရှိဆိုတာကတော့ ပြင်ပမှာမရှိပါဘူး။ ကိုယ့်သန္တာန်မှာပဲရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလေးတွေတွေး၊ ကောင်းတာလေးတွေပြော၊ ကောင်းတာလေးတွေ လုပ်နေမယ်ဆိုရင် ကိုယ်ကိုယ်တိုင် ပညာရှိဖြစ်နေပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ပညာရှိလက္ခဏာနဲ့ ညီအောင်နေနေလိုက်ခြင်းဟာ အတွင်းပညာရှိကို မှီဝဲဆည်းကပ်နေတာပါပဲ။
အပြင်ပညာရှိဆိုတာ ကိုယ်နဲ့ အစဉ်သဖြင့် အတူတကွ ရှိမနေနိုင်ပါဘူး။ အတွင်းပညာရှိကတော့ ကိုယ်နဲ့အစဉ်သဖြင့် အတူတကွ ရှိနေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ပညာရှိဖြစ်အောင် တည်ဆောက်လိုက်တာက ပိုပြီးအာမခံချက်ရစေပါတယ်။
လောလောဆယ် ကိုယ့်သန္တာန်မှာ ပညာရှိလက္ခဏာ မရှိသေးရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ ပုထုဇဉ်တွေဆိုတော့ လူမိုက်လက္ခဏာတွေ အခါအခွင့်သင့်တိုင်း ဖြစ်နေမှာပါ။ စိတ်မပျက်ပါနဲ့။ ပညာရှိဖြစ်ဖို့အတွက် တစ်ခုပဲလိုပါတယ်။ အဲဒါကတော့ ‘သတိ’ပါပဲ။
ပုထုဇဉ်ပီပီမကောင်းတာ တွေးမိပြီဆိုပါတော့။
အဲဒီမကောင်းတာတွေးနေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိလိုက်ဖို့ပါ။ သိလိုက်တာနဲ့ မကောင်းတာတွေးနေတဲ့ စိတ်ကလေးကို ‘မကောင်းတာတွေးနေတဲ့ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုလေး တွေးနေတာလဲ’စသည်ဖြင့် ဖြစ်နေတဲ့စိတ်ရဲ့ သဘောလေးအထိ မိအောင် အာရုံညွတ်ပြီး “တွေးတယ်၊ တွေးတယ်”လို့ အချက်နှစ်ဆယ်လောက် မှတ်ပစ်လိုက်ပါ။
အစမှာတော့ နည်းနည်းခက်ချင်ခက်မယ်။ မှတ်ပါများလာရင်တော့ လွယ်သွားပါလိမ့်မယ်။ အဲဒီလို မှတ်ပါများလာရင် အကုသိုလ် တွေးကြောတွေ တိုတိုသွားပါလိမ့်မယ်။ တိုရာကနေလျော့၊ လျော့ရာကနေပျောက်ပြီး ပညာရှိလက္ခဏာတွေ ဆင့်ကာဆင့်ကာ ၀င်လာပါလိမ့်မယ်။
ဒီလိုပါပဲ မကောင်းတာတွေ ပြောမိလုပ်မိရင်လည်း ပြောမိ၊ လုပ်မိတာနဲ့ သိလိုက်ပြီး “ပြောတယ်၊ ပြောတယ်” “လုပ်တယ်၊ လုပ်တယ်”လို့ မှတ်ပစ်လိုက်ဖို့ပါ။
ပညာရှိလက္ခဏာ လပိုင်း နှစ်ပိုင်းမပြောနဲ့ နာရီပိုင်း မိနစ်ပိုင်းလေး ၀င်လိုက်တယ်ဆိုရင်ပဲ ကိုယ့်အတွက် ဘယ်လောက်ငြိမ်းချမ်းမှု ရလိုက်တယ်ဆိုတာ ပညာရှိလက္ခဏာဝင်ဖူးသူတိုင်း သိကြပါတယ်။ ပညာရှိလက္ခဏာ ၀င်တဲ့နေ့ဟာ ကိုယ့်အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါပဲ။

Monday, June 1, 2009

မင်္ဂလာအတွေးများ(၁)

“အသေ၀နာစ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကို မမှီဝဲမဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ကင်းအောင်နေ။”

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ သာမလို့ အမည်ရတဲ့ မင်းတစ်ပါး ရှိခဲ့ပါတယ်။ အဲဒီသာမမင်းမှာ အလွန်တော်တဲ့ မြင်းတစ်ကောင်လည်း ရှိပါတယ်။ အဲဒီမြင်းရဲ့အမည်က ပဏ္ဍ၀တဲ့။ မြင်းက သိပ်တော်တော့ မင်းကိုယ်တိုင်ကလည်း မင်္ဂလာမြင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။ မင်္ဂလာမြင်းဆိုတော့ သာမန်မြင်းတွေထက် အခွင့်အရေး ပိုရပါတယ်။
တစ်နေ့တော့ ဘယ်လိုအကြောင်းကြောင့်ရယ်တော့ မသိဘူး၊ မင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ မြင်းထိန်းတစ်ယောက်ရောက်လာပါတယ်။ မြင်းထိန်းရဲ့အမည်က ဂိရိဒတ္တတဲ့။ မင်္ဂလာမြင်းကို ထိန်းကျောင်းမယ့် ဂိရိဒတ္တဟာ မြင်းထိန်းပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တော်တယ်၊ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ စာထဲမှာပြမထားလို့ မသိရပါဘူး။ ဒါပေမယ့် ဂိရိဒတ္တမှာ လူအများမြင်သာတဲ့ ထူးခြားချက်တစ်ခု ရှိနေပါတယ်။ အဲဒီထူးခြားချက်ကတော့ ခြေခွင်နေတာပါပဲ။
ဂိရိဒတ္တဟာ မြင်းထိန်းတစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့ မြင်းစာကျွေးတာ၊ မြင်းရေချိုးတာ၊ သန့်ရှင်းရေးလုပ်တာ စသည်ဖြင့် မြင်းတစ်ကောင်လုံးနဲ့ဆက်စပ်သမျှကို တာဝန်ကျေအောင်လုပ်ပေးပါတယ်။
မြင်းထိန်းဂိရိဒတ္တလုပ်ရတဲ့အလုပ်တွေထဲမှာ မင်္ဂလာမြင်းကို မြင်းစားကျက်သွားကျောင်းပေးရတဲ့ အလုပ်လည်း တစ်ခုပါပါတယ်။ ဒီတော့ ဂိရိဒတ္တလည်း မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားပါတယ်။ မြင်းထိန်းဂိရိဒတ္တဟာ ခြေခွင်နေတဲ့သူဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ ဒါကို မင်္ဂလာမြင်းက သူ့ကို သင်တာပဲဆိုပြီး မြင်းထိန်းလျှောက်တဲ့အတိုင်း ထော့နဲ့ထော့နဲ့နဲ့ နောက်က လိုက်လျှောက်တယ်။ ကာလတစ်ခုလည်းကြာလာရော မင်္ဂလာမြင်းလည်း လမ်းလျှောက်တဲ့အခါ သူ့ထိန်းကျောင်းသူ မြင်းထိန်းအတိုင်း ထော့နဲ့ ထော့နဲ့ ဖြစ်သွားပါရောတဲ့။
တစ်နေ့တော့ မင်းချင်းတစ်ယောက်က မင်္ဂလာမြင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို တွေ့သွားပါတယ်။ ဒီတော့ မင်းကို မင်္ဂလာမြင်းခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့အကြောင်း သွားလျှောက်ပြပါတယ်။ မင်းကလည်း မြင်းခြေထောက်မှာ အနာတစ်ခုခု ဖြစ်လို့နေမှာပဲ ဆိုပြီး ဆေးဆရာတွေလွှတ်ပြီး ဆေးကုခိုင်းလိုက်ပါတယ်။ ဆေးဆရာတွေက မင်္ဂလာမြင်းကို ခြေထောက်မှာဘာရောဂါဖြစ်နေသလဲဆိုတာ သေချာစစ်ဆေးကြည့်ကြတယ်။ အစကတည်းက ဘာရောဂါမှ မရှိတာဆိုတော့ ဘာရောဂါမှလည်းမတွေ့ပါဘူး။ ဆေးဆရာတွေက မြင်းမှာ ဘာရောဂါမှ မရှိတဲ့အကြောင်း မင်းကိုလျှောက်ပြပါတယ်။ ဒီတော့ မင်းက ဘုရားအလောင်းပညာရှိအမတ်ကို တစ်ဖန်ထပ်ကြည့်ခိုင်းပြန်ပါတယ်။
ဘုရားလောင်းပညာရှိအမတ်ကတော့ စဉ်းစားပါပြီ။ မြင်းမှာ ဘာရောဂါမှ မရှိဘူးဆိုတော့ တခြားအာရုံဘက်ကိုတွေးပြီး ရှာပါတယ်။ နောက်ဆုံးတော့ ထော့နဲ့ထော့နဲ့နဲ့ ခြေခွင်နေတဲ့မြင်းထိန်းကို သွားတွေ့ပါတယ်။ မြင်းထိန်းကိုတွေ့လိုက်တာနဲ့ ဘုရားအလောင်းပညာရှိအမတ်က အဖြေကို ချက်ချင်းသိလိုက်ပါပြီ။ ဒါကြောင့်မင်းဆီသွားပြီး -
“ အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ မင်္ဂလာမြင်းခြေထောက် ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ရတာဟာ သူ့ရဲ့မြင်းထိန်း ခြေထော့နဲ့ထော့နဲ့ဖြစ်တာ ကို အတုလိုက်ပြီး ဖြစ်သွားတာပါဘုရား”
“ဒါဆို ယခင်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ”
“ဒါကလွယ်ပါတယ်ဘုရား၊ ခန္ဓာကိုယ်ကောင်းမွန်တဲ့ မြင်းထိန်းယောက်ျားတစ်ယောက်ကို မြင်းရဲ့နှာရှုပ်ကြိုးကိုကိုင်ပြီး ရှေ့ကနေ သွားခိုင်းပေးပါဘုရား၊ ဒါဆို ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါလိမ့်မည်ဘုရား”
မင်းလည်း ဘုရားအလောင်းပြောတဲ့အတိုင်း ပြုလိုက်တာ မင်္ဂလာမြင်းဟာ ယခင်အကောင်းအတိုင်း ပြန်ဖြစ်သွားပါသတဲ့။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-ဂိရိဒတ္တဇာတ်)
“ဓာတ်ဆိုတာကူးဆက်တတ်တဲ့သဘောရှိတယ်” ဆိုတာ ဒီဓမ္မ ပုံဝတ္ထုလေးက အလွယ်ဆုံးနည်းနဲ့ ပြလိုက်တာပါပဲ။
ဗုဒ္ဓခေတ်ကို အာရုံပြုကြည့်လိုက်ပါ။ အရှင်သာရိပုတ္တရာက ပညာကြီးတော့ သူ့ရဲ့တပည့်တွေကလည်း ပညာကြီးကြပါတယ်။ အရှင်မောဂ္ဂလာန်က တန်ခိုးကြီးတော့ သူ့ရဲ့တပည့်တွေကလည်း တန်ခိုးကြီးကြပါတယ်။ ဒေ၀ဒတ်က အလိုဆိုးရှိတော့ သူ့ရဲ့တပည့်တွေကလည်း အလိုဆိုး ရှိကြပါတယ်။ ဒါ ဓာတ်ကူးသွားတဲ့သဘောပါ။
မျက်မှောက်ခေတ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဝန်းကျင်မှာ ပညာတတ်တွေရှိနေရင် ပညာတတ်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ စီးပွားရေးသမားတွေရှိနေရင် စီးပွားရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ နိုင်ငံရေးသမားတွေရှိနေရင် နိုင်ငံရေးသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ ဂမ္ဘီရသမားတွေရှိနေရင် ဂမ္ဘီရသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ မသမာတဲ့နည်းနဲ့စီးပွားရှာတဲ့သူတွေရှိနေရင် ကိုယ်ကိုယ်တိုင်လည်း မသမာတဲ့နည်းနဲ့ စီးပွားရှာသူ ဖြစ်သွားတတ်ပါတယ်။
ဓာတ်ဆိုတာ ကူးဆက်တတ်တဲ့သဘောရှိတယ် ဆိုပေမယ့် ဓာတ်ကောင်းနဲ့ဓာတ်ညံ့မှာ ဓာတ်ညံ့က ပိုပြီး ကူးစက်မြန်ပါတယ်။ ဒါကြောင့် ဓာတ်ညံ့ရှိတဲ့သူကို မမှီဝဲမဆည်းကပ်ခြင်းဟာ မင်္ဂလာတရားနဲ့ အညီ နေထိုင်နေတာပါပဲ။
စာမှာတိုက်ရိုက်ပြတာကတော့ လူမိုက်ကို မမှီဝဲမဆည်းကပ်ပါနဲ့တဲ့။
ဒီတော့လူမိုက်ဆိုတာဘာလဲ?
သူတစ်ပါး အသက်သတ်သူ၊ သူတစ်ပါးဥစ္စာခိုးသူ၊ သူတစ်ပါး ပစ္စည်းကို လုယက်ဓားပြတိုက်သူ စသည်ဖြင့် မြင်လိုက်ကြမှာပါ။
မြတ်စွာဘုရားကတော့ လူမိုက်ဆိုတာကို ဒီလိုဖွင့်ပြထားပါတယ်။
၁။ မကောင်းတာတွေးနေတဲ့သူ။
၂။ မကောင်းတာပြောနေတဲ့သူ။
၃။ မကောင်းတာလုပ်နေတဲ့သူ။
အဲဒီအင်္ဂါသုံးပါးနဲ့ ညီနေရင် ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ပညာတွေ ဘယ်လောက်ပဲတတ်တတ်၊ အနုပညာအရ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရှိနေရှိနေ၊ ရာထူး အာဏာ ဂုဏ်သိန် တန်ခိုးသတ္တိတွေဘယ်လောက်ပဲ ရှိနေရှိနေ၊ မြတ်စွာဘုရားရဲ့ အလိုအရတော့ လူမိုက်ပါပဲတဲ့။
မင်္ဂလာတရားတော်နဲ့အညီ လူမိုက်လက္ခဏာတွေ ရှိနေတဲ့သူကို မမှီဝဲမဆည်းကပ်ဘဲတော့နေပါရဲ့။ ဒါပေမယ့်ကိုယ်ကိုယ်တိုင်ကတော့ မကောင်းတာတွေးနေမယ်၊ မကောင်းတာပြောနေမယ်၊ မကောင်းတာ ပြုလုပ်နေမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် လူမိုက်ဖြစ်နေပြီး တကယ့် အတွင်းလူမိုက်နဲ့ပေါင်းနေတာပါပဲ။ အမှန်တကယ်တော့ ကိုယ်ကိုယ်တိုင် လူမိုက်မဖြစ်အောင် နေတတ်ဖို့က အဓိကပါ။
ဒီတော့ ညအိပ်ရာဝင်ရင် နဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ အတွေးအခေါ် အပြောအဆို အပြုအမူတွေကို စဉ်းစားကြည့်လိုက်ပါ။
“ငါ ဒီနေ့တစ်နေ့တာ မကောင်းတာတွေတွေးဖြစ်လား...? မကောင်းတာတွေပြောဖြစ်လား…? မကောင်းတာတွေပြုလုပ်ဖြစ်လား…?”
တကယ်လို့များ တစ်နေ့တာရဲ့အချိန်ကာလတစ်ခုမှာ မကောင်းတာ တစ်ခုခု တွေးမိပြောမိပြုမိခဲ့တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို အားနာမှု ကင်းစွာနဲ့ လူမိုက်လို့ပဲ သတ်မှတ်လိုက်ပါတော့။ ။

Sunday, May 3, 2009

မုသားဝါဒကံ

ငါးပါးသီလကို သာမာန်ပုထုစဉ် လူသားများအတွက် စောင့်စည်း လိုက်နာအပ်သည့် အခြေခံသီလအဖြစ် ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။ ငါးပါးသီလသည် သူ့အသက်သတ်ခြင်း၊ ခိုးဆိုးလုယက်ခြင်း၊ သူတပါးသားမယားနှင့် ကာယကံမြှေက် ကျူးလွန်ဖေါက်ပြန်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း ဟူသည့် ကံငါးပါးအား မကျူးလွန်ကြရန် တားမြစ်ထားခြင်း ဖြစ်ပါသည်။ ရတနာသုံးပါးကို ယုံကြည်ပြီး ထိုကံငါးပါးကို စောင့်ထိန်း သူများသည် မိမိကိုယ်တိုင် စိတ်နှလုံးငြိမ်းချမ်းခြင်း၊ တပါးသူအား မေတ္တာ၊ သနား ဂရုဏာထားကာ ကူညီဖေးမတတ်ခြင်း တို့ကြောင့် လက်ရှိဘ၀တွင် သောကကင်းဝေးသူများ ဖြစ်သလို တမလွန်ဘ၀များတွင်လည်း ၎င်းတို့၏ ကောင်းသောကံအကျိုးကို သယ်ဆောင်သွားကြမည့် သူများဖြစ်သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားပင် ဖြစ်ပါသည်။

သို့သော်လည်း ယနေ့ကာလတွင် သီလငါးပါးကို လုံခြုံသူသည် စိန်၊ ရွှေ၊ ရတနာများ ထက်ပင် ရှားပါးလွန်းလှသည်ကို တွေ့ရပေမည်။ ငါးပါးသီလ၌ မည်သည့် ကံက ပို၍အရေးကြီးသနည်း၊ မည်သည့်ကံက ပို၍ အပြစ်ကြီးသနည်းဟု မေးသော် အားလုံးအတူတူ ဖြစ်သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ ကျူးလွန်လိုသော ဆန္ဒ၊ စေ့ဆော်ချက် စေတသိတ်နှင့် သက်ရောက်မှုပေါ်တွင် အခြေခံပြီး မည်သည့်ကံကို ကျူးလွန်သည်ဖြစ်စေ အပြစ်ရှိသည်မှာ အတူတူပင် ဖြစ်သောကြောင့် ကံငါးပါးစလုံးကို မကျူးလွန်မိစေရန် အထူး ရှောင်ရှားအပ်ပေသည်။

ကံငါးပါးကို ကျူးလွန်ရာ၌ နေ့စဉ်ဘ၀များကို လေ့လာကြည့်ပါက သီလငါးပါး၌ ခလေး၊ လူကြီး အရွယ်မရွေး၊ လူမျိုးမရွေး၊ ကျားမမရွေး ကျူးလွန်နေသည့် ကျူးလွန်မှု အများဆုံး သီလမှာ မုသားဝါဒကံ ဖြစ်သည်ကို တွေ့ရပေမည်။ ထိုကျူးလွန်မှုသည် ဘာသာခြားများအတွက် အလေးအနက်ထားစရာ မဟုတ်သော်လည်း ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အလေးအနက်ထားပြီး ပြုပြင်သင့်ပါသည်။ မုသားဝါဒကံကို ကျူးလွန်ခြင်းသည် တခြားကံကို ကျူးလွန်ခြင်းလောက် အပြစ်မကြီးဟု မြန်မာလူမျိုးအများစု ယူဆထားပုံရပါသည်။ အမှန်စင်စစ် မုသားဝါဒကံသည် ကျူးလွန်ရာ၌ လွယ်ကူသလောက် အပြစ်ကြီးသည်ကို တွေ့ရပေသည်။ လိမ်သည်ဆိုသည်မှာ နုတ်ဖြင့်တိုက်ရိုက်ပြောခြင်း၊ စာနှင့်ရေး၍ပြောခြင်း၊ အမူအရာဖြင့် ပြောခြင်း အားလုံးနှင့် အကျုံးဝင်ပါသည်။ လိမ်သောသူသည် မည်သည့်အခါမှ ဘ၀လုံခြုံမှုကို အပြည့်အ၀ခံစားရမည် မဟုတ်ပါ။ လူသားအချင်းချင်း ဆက်ဆံရာ၌ လိမ်ခြင်းကြောင့် ရရှိသော ဒိဋ္ဌဓမ္မမှာ မိမိလိမ်သည်ကို မိမိကိုယ်တိုင် သိနေသောကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ကင်းမဲ့ခြင်း၊ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလို တခြားသူများ အပေါ်တွင်လည်း အမြဲတမ်း သံသယ ရှိနေခြင်း၊ မိမိ အလိမ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေရခြင်းနှင့် မိမိကိုယ်မိမိ လုံခြုံမှုမရှိဟု ခံစားရခြင်း စသည့် မရေတွက်နိုင်သော အကျိုးဆက်များကို လက်ရှိကာလတွင် ခံစားရမည်ဖြစ်သည်။ လိမ်ထားသော ကံ၏အကျိုးသည် မိမိနှင့်အတူ တောက်ရှောက် လိုက်ပါနေမည် ဖြစ်သောကြောင့် တမလွန်ဘ၀ ရောက်လျင်လည်း ငရဲသို့ရောက်မည်ဖြစ်ပြီး ငရဲသားအဖြစ် ခံစားရဦးမည်ဖြစ်သည်။

မုသားဝါဒကံ ကျူးလွန်ခြင်းကြောင့် ငရဲရောက်လာသော ”ငရဲသားအား ငရဲထိန်းတို့သည် ထန်းပင်လုံးပမာရှိသော မီးသျှံတောက်နေသော ငါးမျှားချိတ်ဖြင့် လျှာကိုဖေါက်၍ ဆွဲငင်ကြကုန်၏၊ ငရဲသားတို့သည် မီးသျှံတောက်နေသော သံမြေပြင်ပေါ်၌ နေပူလှန်းသောအခါ သံမြေပြင်ပေါ်၌ ဆွဲငင်ကြကုန်ပြီး လဲကြကြကုန်၏။ ထိုအခါ သားရေကျက်၍ နေပူလှန်းသောအခါ သားရေကို ပတ်ပတ်လည်က စို့တံကျင်များစွာ ရိုက်နှက်သလဲ့သို့ ထိုငရဲသားကို စို့တံကျင်များစွာဖြင့် ရိုက်နှက်ကြလေသည်။ ငရဲသားသည် အော်ကာ ဟစ်ကာခံရင်းပင် ပါးစပ်မှလည်း တံတွေးတွေကို တပြစ်ပြစ် ထွေးထုတ်ရလေသည်။” (တက္ကသိုလ် အသျှင်သီရိ၏ ငရဲဟူသည် စာအုပ်တွင် တွင် စာမျက်နှာ ၈၆-၈၇ ၌ ဖေါ်ပြထားသည်ကို တိုက်ရိုက်ကူးယူ ဖေါ်ပြပါသည်)။ ငရဲမှာ ငရဲသက်တမ်းကုန်ပြီးနောက် တခြားဘ၀များတွင် ကျင်လည်ပြီး တချိန်ချိန်၌ လူ့ဘ၀ကို ပြန်ရောက်သည့် အခါတွင်လည်း ထိုလိမ်ခဲ့သော ကံအကျိုးတရားသည် မကုန်ဆုံးသေးပဲ စကားမပြောနိုင်အောင် ဆွံ့အခြင်း၊ စကားမပီခြင်း၊ စကားထစ်ခြင်း၊ ပါးစပ်နံခြင်း သွားများ မညီမညာထွက်ခြင်း စသည့် အကျိုးတရားများကို ဆက်လက်၍ ခံစားရဦးမည်ဖြစ်သည်။

အထက်ပါ သာဓကကို ကြည့်ခြင်းအားဖြင့် မျက်မှောက်ကာလတွင် လူသားများသည် အချင်းချင်း အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လျက် မဖြစ်စလောက်သော အကျိုးကျေးဇူးအတွက် မုသားမပါ လင်္ကာမချော ဟူသည့် စကားပုံကို အကြောင်းပြု၍ လိမ်ညာခြင်းကို တင်စားအသုံးပြု နေကြသည်မှာ ကြောက်စရာ ကောင်းလှပါသည်။ လိမ်ညာခြင်းကို မည်သည့်အကြောင်းပြချက်နှင့် မည်သို့ပင် စာဖွဲ့၍ တင်စားစေကာမူ အနှစ်သာရမှာ လိမ်သည်ပင်ဖြစ်သည်။ လူလူချင်း ဆက်ဆံရေးတွင် လိမ်လည်မှုကို လှပအောင် တနည်းနည်းဖြင့် ဖုံးကွယ်ပြီး အသုံးပြုသော်လည်း တနေ့အကျိုးပေးရန် မိမိနောက်မှ အရိပ်လို လိုက်နေသော မုသားဝါဒကံကြောင့် ရရှိသော အပြစ်များကိုမူ မည်သည့်နည်းနှင့်မှ ဖုံးကွယ်၍ ရနိုင်မည် မဟုတ်သည်ကို သတိပြုသင့်ပါသည်။

လိမ်ခြင်းနှင့် ပတ်သက်၍ ဘုရားလောင်း၏ ဇာတ်နိပါတ်များကို လေ့လာကြည့်ပါက ဘုရားလောင်းသည် ဘုရားမဖြစ်ခင် ဘ၀ပေါင်းမြောက်များစွာကို ပုထုစဉ် လူ၊ နတ်၊ တိရိစ္ဆာန်များအဖြစ် ဖြတ်သန်းခဲ့ရာ၌ ကံငါးပါးအနက် တခြားကံလေးပါးကိုသာ ကျူးလွန်ခဲ့ဖူးပြီး မုသားဝါဒကံကို ဘ၀အဆက်ဆက်တွင် တခါမှ မကျူးလွန်ခဲ့ဟု လေ့လာသိရှိ ရပါသည်။ အဘယ်ကြောင့်ဆိုသော် မုသားဝါဒကံကို ကျူးလွန်ခြင်းသည် အမှန်တရားကို ဆန့်ကျင်ဘက် လုပ်လိုက်ခြင်း ဖြစ်၍ သစ္စာတရားနှင့် လွဲချော်နေတော့မည် ဖြစ်သည်။ အကယ်၍ မြတ်စွာဘုရားလောင်းသည် ဘ၀တခုခုမှာ မုသားဝါဒကို ကျူးလွန်မိပါက သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် သုံးသပ်နိုင်ပြီး အလုံးစုံကို သိတော်မူသည့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့မည် မဟုတ်သည်မှာ သေချာလောက်ပါသည်။ ဤသာဓကကို ကြည့်ခြင်းအားဖြင့် လိမ်လည်သူများသည် မည်သည့်အခါမှ အမှန်တရားနှင့် ကြုံတွေ့ခွင့် ရနိုင်မည်မဟုတ်သလို သူတော်ကောင်း တရားများနှင့်လည်း လွဲချော်၍ နေကြမည်သာ ဖြစ်သည်။

လိမ်ခြင်းကို ပြုပြင်နိုင်ပါက တခြားကံငါးပါးကို လိုက်နာရန် ခက်တော့မည်မဟုတ်ပါ။ လိမ်ခြင်းကို အကျင့်ရကာ ယဉ်ပါးနေကြပြီး ထမင်းစားရေသောက် အလုပ်နှင့် လူလူချင်း နေ့စဉ်ဘ၀ ဆက်ခံရေးမှာ မပါမနေရ ဖြစ်နေသည့် အခြေအနေကို လူတိုင်းလူတိုင်း ပြုပြင်သင့်ပါသည်။ လိမ်ခြင်းကို အကျင့်ပါနေသောကြောင့် ရှောင်အပ်သည့် စောင့်စည်းလိုက်နာစရာ သီလတခုအဖြစ် သတ်မှတ်ရန် မေ့လျော့နေကြပြီး နေ့စဉ်ဘ၀မှာ ပြုမူကျင့်ကြံရမည့် ပုံမှန် အမူအကျင့် တခုလို ဖြစ်နေပြီး မလိမ်သူ အနည်းစုက ပုံမှန်မဟုတ်သူများ အဖြစ် ရောက်နေသည့် အခြေအနေကို ဗုဒ္ဓဘာသာ မြန်မာလူမှု အသိုင်းအ၀ိုင်းတွင် အမြန်ဆုံးပြုပြင်သင့်ပါသည်။ လူလူချင်း လိမ်လည် လှည့်ဖြားခြင်း ကင်းဝေးကြပါစေ။ ။

Monday, April 27, 2009

အဟောင်းစိစစ် အသစ်ရှာဖွေ


နွားမတစ်ယောက်သည် မိမိ ကျက်စားနေကျ စားကျက်နယ်မြေမှ လွန်၍ အခြား စားကျက်နယ်မြေသို့ ကူးသွား၏။ "ငါသည် မရောက်ဖူး သေးသော နေရာသို့ ရောက်ရပါမူ ကောင်းလေစွ၊ မစားဖူး သေးသော မြက်များကို စားရမူ ကောင်းလေစွ၊ မသောက်ဖူး သေးသော ရေအိုင် ရေကန်တို့၌ သောက်ရပါမူ ကောင်းလေစွ" ဟူ၍ နွားမ စိတ်ကူး ကြံစည်မိ၏။ ထိုနွားမသည် နယ်မြေကို မကျွမ်းကျင်၊ ခရီးလမ်း ကိုလည်း မကျွမ်းကျင်ပေ။

ချိုင့်ဝှမ်း ကုန်းမြင့် မညီညွတ်သည့် အရပ်၌ ရှေ့ခြေနှစ်ချောင်းကို မည်သို့ အခိုင်အမာ စွဲမြဲ၍ နောက်ခြေ နှစ်ချောင်းကို မည်သို့ လှမ်းကြွ ရမည်ဟူသော ဒေသအလိုက် သွားလာမှုကိုလည်း ထိုနွားမ မသိတတ်။ ထို့ကြောင့် ထိုနွားမသည် စားကျက်သစ် နယ်မြေသို့လည်း မရောက်နိုင်။ စားကျက်ဟောင်း နယ်မြေသို့လည်း ပြန်မရောက်နိုင်။ မျက်စိလည် လမ်းမှားကာ ဆင်းရဲ ပင်ပန်းရလေ၏။

ဤလောက၌ အချို့သော သူတို့သည် မိမိရရှိ ထားပြီးဖြစ်သော ကောင်းကျိုး ချမ်းသာထက် ပိုလွန်၍ တစ်ဆင့်တက်ကာ အလိုရှိ၏။ ထိုသူတို့သည် ရရှိထားပြီး ဖြစ်သော လက်ရှိ အခြေအနေနှင့် ကောင်းကျိုးချမ်းသာကို မယိုယွင်းစေဘဲ ခိုင်မြဲအောင် ဆောက်တည် ထိန်းသိမ်းနိုင်စွမ်း မရှိငြားအံ့၊ လက်ရှိထက် တစ်ဆင့် ပိုလွန်သော ကောင်းကျိုးချမ်းသာကို ရရှိနိုင်ကြောင်း နည်းလမ်း ကောင်းကိုလည်း သိမြင်ကျွမ်းကျင်မှု မရှိငြားအံ့။ ထိုသူတို့၏ အလိုဆန္ဒသည် ပျက်စီးရပေလိမ့်မည်။ ကောင်းကျိုးချမ်းသာ အသစ်ကိုလည်း ရမည်မဟုတ်။ ကောင်းကျိုးချမ်းသာ အဟောင်း သည်လည်း ယိုယွင်း ဆုတ်ယုတ်မည်သာ ဖြစ်၏။

( န၀ကနိပါတ်၊ မဟာဝဂ်၊ ဂါဝီဥပမာသုတ် )

Saturday, April 11, 2009

သာသနာ နှင့် အဆုံးအမ


ဘာသာရေးရှုထောင့်က ကြည့်လိုက်လျှင် ဗုဒ္ဓ၏ " အဆုံးအမ " မှန်သမျှကို " သာသနာ " ဟု ခေါ်ကြသည်။ သာသနာသည် ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူ၍ လည်းကောင်း၊ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဟူ၍လည်းကောင်း အသီးသီး ခေါ်ကြ ပါသည်။

ဗုဒ္ဓ၏ အဆုံးအမ မှန်သမျှသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အဆုံးအမ ခြည်းသာဖြစ်ကြသည်။ " သာသနာ " ၏ အနက်အဓိပ္ပာယ် အပြည့်အစုံကို " နေတ္တိအဋ္ဌကထာ " တွင် " ဒိဋ္ဌဓမ္မိက သမ္ပရာယိက ယထာရဟံ သတ္တေ သာသတိ ၀ိနေတိ ဧတေနာတိ သာသနံ " ဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရသည်။

အနက်အဓိပ္ပာယ်မှာ ..
" မျက်မှောက် အကျိုးစီးပွား၊ တမလွန် အကျိုးစီးပွား နှင့် ဘ၀သံသရာ မှ လွတ်မြောက်စေသော လောကုတ္တရာ အကျိုးစီးပွား တို့နှင့် ထိုက်သည့် အားလျော်စွာ သတ္တ၀ါတို့ကို ဆုံးမကြောင်း တရားစကား မှန်သမျှကို သာသနာ " ဟုခေါ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် " သာသနာ " ဟူသော ပါဠိဝေါဟာရကို လေ့လာ သုံးသပ်ကြည့်ပါလျှင် သတ္တ၀ါဝေနေယျတို့ အတွက် မျက်မှောက် အကျိုးစီးပွား တမလွန် အကျိုးစီးပွား သာမက ဘ၀သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရပါမည်။ အဆိုပါ အကျိုးစီးပွားများ ကင်းဆိတ်ခဲ့ပါလျှင် " သာသနာ " ဟူသော ဝေါဟာရကို မည်သည့် ဘာသာကပဲ ယူသုံးယူသုံး အဓိပ္ပာယ် လေးနက်မှု မရှိနိုင်ချေ။ အလွယ်တကူ ချေးငှားယူထားသော စကားလုံးဟုသာ ဆိုထိုက်တော့သည်။

Saturday, April 4, 2009

ကိုးပါးဂုဏ်တော်ရှိပူဇော်၍

အရဟံ

  • လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
  • ထူးစွာအများ ၊ ပူဇော်ထားအပ်
  • တရားမြတ်ကြောင့်
  • အရဟံ မည်ထိုက်ပါပေသည်။
သမ္မာသဗ္ဗုဒ္ဓေါ
  • လုံးစုံအကြောင်း ၊ တရားပေါင်း၏
  • အကြွင်းမရှိ ၊ သိတော်မူကြောင်း
  • အကြောင်းကြောင့်ပင်
  • သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။
ဝိဇ္ဇာစရဏ သမ္ပန္နော
  • ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
  • စရဏာတစ်ဆယ့်ငါး
  • ပြည့်စုံငြားကြောင့်
  • ၀ိဇ္ဇာစရဏ သမ္ပန္နော
  • မည်ထိုက်ပါပေသည်။
သုဂတော
  • ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
  • ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
  • သုဂတော မည်ထိုက်ပါပေသည်။
လောက၀ိဒူ
  • သတ္တလောက ၊ သင်္ခါရနှင့်
  • သြကာသလောက ၊ သုံးပါးမကကို
  • ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
  • လောက၀ိဒူ မည်ထိုက်ပါပေသည်။
အနုတ္တရောပုရိဿဓမ္မသာရထိ
  • လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
  • ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
  • အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
  • မည်ထိုက်ပါပေ၏
သတ္တာဒေ၀မနုဿာနံ
  • လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
  • ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
  • သတ္တာဒေ၀မနုဿာနံ
  • မည်ထိုက်ပါပေ၏
ဗုဒ္ဓေါ
  • သစ္စာလေးပါး ၊ မြတ်တရားသိ
  • အကြောင်းငြိ၍
  • ဗုဒ္ဓေါ မည်ထိုက်ပါပေ၏
ဘဂ၀ါ
  • ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
  • ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
  • ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
  • ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
  • ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။
( မင်းနရိန္ဒာ )

Wednesday, April 1, 2009

တူရင်းတောင်စေတီ


တူရင်းတောင်စေတီတော်

တူရင်းတောင်စေတီ ကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် (ယခု သီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ တူရင်းတောင်ထိပ် တွင် စေတီတည်ကာ စွယ်တော်ပွားကို ဌာပနာ ခဲ့သည်။

တူရင်းတောင်စေတီ ကို အောက်ခြေ အုတ်ခုံခံ၍ အုတ်ခုံမျက်နှာစာ တွင် ဆင်ရုပ် (၃၂)ရုပ်ကို အရပ်မျက်နှာ အလိုက် အချိုးကျ ပြုလုပ်ထားသည်။ အုတ်ခုံ အထက်တွင် ရှစ်မြှောင့် ပစ္စယာအထက်တွင် ဖောင်းရစ်နှင့် မိုးလျှောများ၊ ပုပြတ်သော ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် စိန်တောင် များပါသည့် ရင်စည်း၊ သေးသွယ် ချွန်တက်သွားသည့် ဖောင်းရစ် တစ်လှည့်၊ မိုးလျှော တစ်လှည့်၊ အထွတ်၊ ကြာမှောက်၊ ရွှဲလုံး၊ ကြာလန်၊ ငှက်ပျောဖူး နှင့် ထီးတို့ဖြင့် အဆင့်ဆင့် တည်ထားသည်။

တူရင်းတောင်စေတီ ကို ခေတ်အဆက်ဆက် စေတနာရှင် များက ပြုပြင်မွမ်းမံခဲ့ကြ သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော စွယ်တော်မြတ်လေးဆူ



( ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ )

Tuesday, March 31, 2009

ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)



ဗိုလ်ချိုမိ ဂူပြောက်သည် မဟာဗောဓိပုံ ကွမ်းတောင် ပေါက်လိုဏ် နှစ်ဆင့်ဘုရားဖြစ်ပြီး ခရစ် (၁၃)ရာစုနှစ်က တည်ခဲ့သည်။ ဗြိတိသျှတို့က ၁၈၈၅ ခုနှစ်တွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာ တိုင်းရင်းသားများက အင်္ဂလိပ်တို့အား ဆန့်ကျင် တော်လှန် တိုက်ခိုက်ခဲ့ရာ ပုဂံမှ ဗိုလ်ချိုသည် ထင်ရှားသော နယ်ချဲ့ တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ၁၈၉၆ တွင် သီရိပစ္စယာရှိ ဂူပြောက်အတွင်း အင်္ဂလိပ်တို့က ဗိုလ်ချိုအား ဖမ်းဆီးရမိခဲ့သည့် အတွက် ဗိုလ်ချိုမိ ဂူပြောက်ဟု အမည်တွင်ခဲ့သည်။

ဗိုလ်ချိုမိဂူပြောက် ဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာများ ရှိသည်။ ကြက်တငို အ၀ိုင်းဈ ထောင့်ဘောင်ပန်း နှင့် စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ နံရံတွင် ဘောင်ခတ် ထားသည့် သစ်ရွက်ပုံ ပန်းတန်း၊ စိန်ကွက်ပုံနံရံ ပန်းချီများနှင့် ခေတ်နှောင်းပိုင်းတွင် ရေးဆွဲထားသည့် လှေပုံများ ရှိသည်။

ဗိုလ်ချိုမိဂူပြောက်၏ မဟာဗောဓိ ကွမ်းတောင်မှ လေးထောင့်ကွက် အတွင်း ရုပ်ပုံပါသည့်အ၀ိုင်း ကွက်ပုံ ဖော်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများ၊ အ၀င်မုခ်မှ ရာမ လက်ညှိုးပုံ တံကဲပန်း၊ တိုင်ဖုံးပန်း၊ တိုင်အောက်ခံ အိုးမှ အင်္ဂတေပန်းနှင့် အရုပ်များ ချင်မိတ်တိုးတန်းမှ အင်္ဂတေပန်းများ ကို လေ့လာနိုင်သည်။

ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ

Sunday, March 29, 2009

ရဟန်းမဟုတ်ကြောင်း လေးမျိုး

တစ်ရံရောအခါ ရဟန်းတို့သည် ခရီးသွားကြကုန်၏။ ထိုခရီးသွား ရဟန်းတို့အထဲ၌ ပဉ္စင်းဖြစ်စ ဟန်းတစ်ပါးလည်း ပါဝင်သည်။ ထိုပဉ္စင်းသစ်သည် အဖော်ရဟန်းတို့၏ နောက်၌ တစ်ပါးတည်း ကွဲကျန်ရစ် ခဲ့လေ၏။ လမ်းခရီး ကြား၌ ထိုရဟန်းသစ်၏ မယားဟောင်းနှင့် တွေ့ဆုံလေသည်။ ထိုအခါ မယားဟောင်းက " သြော်- သင်သည် ရဟန်းပြုလိုက်သလား " ဟုမေးသဖြင့် " အင်း- ဟုတ်ပေ၏။ ယခု ငါ ရဟန်းပြုလိုက်ပေပြီ " ဟု ပြန်ပြောလေသည်။ မယားဟောင်းက " သြော်- ဤသို့ဖြစ်လျှင် ပြောရဦးမည်၊ ရဟန်းဆိုသည်မှာ မေထုန်အမှုကို ရနိုင်ခဲ့လှ၏။ ယခု သင်သည် မေထုန်မှီဝဲပါ၊ လာပါ " ဟု ဖိတ်ခေါ်လေ၏။ ဤသို့ဖြင့် ရဟန်းသစ်သည် မယားဟောင်းနှင့်အတူ မေထုန်ပြုကျင့် ပြီးမှ ခရီးဆက်လေ၏။

အဖော်ရဟုန်းများသည် အချိန်ကြာမြင့်မှ ရောက်ရှိလာသော ထိုရဟန်းသစ်အား "အဘယ်ကြောင့် ယခုလောက် ကြာမြင့်မှ ရောက်လာသနည်း " ဟုမေးမြန်း လေသည်။ ရဟန်းသစ်သည် မယားဟောင်းနှင့် တွေ့ဆုံခြင်း၊ မေထုန်ဖြင့် ဖိတ်ကြားခြင်း၊ မေထုန်မှီဝဲခြင်း အကြောင်းစုံကို ပြန်လည်ပြောကြား လေ၏။ ထိုအခါ ရဟန်းတို့သည် ရဟန်းသစ်၏ မေထုန်မှီဝဲခြင်း ကိစ္စအကြောင်းစုံကို ဗုဒ္ဓမြတ်စွာအား လျှောက်ကြား ကြလေ၏။ ဤတွင် ဗုဒ္ဓသည် သာသနာ့ဝန်ထမ်း ရဟန်းများ အတွက် အထူး စောင့်ထိန်း ဆောက်တည်ရမည့် ၀ိနည်းကျင့်ဝတ် လေးမျိုးကို ဟောကြားတော်မူ၏။

(၁) မေထုန်မပြုရ
  • ရဟန်းတို့သည် ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် မေထုန်အမှုကို မပြုရ၊ လူမိန်းမကို မဆိုထားဘိ၊ တိရစ္ဆာန်မ ကိုလည်း မေထုန်မပြုရ။ အကယ်၍ ပြုငြားအံ့၊ ထိုသူသည် ရဟန်း မဟုတ်တော့ပေ၊ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ) ဥပမာအားဖြင့် ဦးခေါင်း ပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ကိုယ်ကို ပြန်၍ ထိစပ်သော်လည်း တစ်ဖန် အသက်ရှင်ခြင်း မရှိနိုင် သကဲ့သို့တည်း။

(၂) မခိုးရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ပြီးသော ရဟန်းသည် ပိုင်ရှင်မပေးသော သူတစ်ပါး၏ ဥစ္စာကို ခိုးယူလိုသောစိတ်ဖြင့် မခိုးယူရ၊ ၀ါးခြမ်းစိတ် ကဲ့သို့သော အသေးအဖွဲ ပစ္စည်းကိုပင်လျှင် မခိုးယူရ။ အကြင်ရဟန်းသည် အသပြတစ်မတ်၊ တစ်မတ်ထက် အလွန်ကိုဖြစ်စေ၊ တစ်မတ် ထိုက်တန်သော ပစ္စည်းနှင့် တစ်မတ်ထက် အလွန် ထိုက်သော ပစ္စည်းကို ဖြစ်စေ ခိုးယူငြားအံ့ ထိုသူသည် ရဟန်းမဟုတ်တော့ပေ။ ရဟန်းကောင်းတို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၃) မသတ်ဖြတ်ရ
  • ရဟန်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် သေစေလိုသော စေတနာဖြင့် သတ္တ၀ါတို့ကို မသတ်ဖြတ်ရ၊ ပိုးရွ ခြပုန်းမျှ ကိုပင်လဆင် မသတ်ဖြတ်ရ။ အကြင်ရဟန်းသည် လူသတ္တ၀ါတို့ကို သတ်ဖြတ်ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ်တော့ပေ၊ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

(၄) တရားဖြင့် မကြွားဝါရ
  • ရဟန်းတို့၊ ပဉ္စင်းအဖြစ်သို့ ရောက်ရှိပြီးသော ရဟန်းသည် လူတို့၏ ကုသိုလ် ကမ္မပထတရားထက် လွန်မြတ်သော ဈာဉ် မဂ်ဖိုလ် တရားကို မိမိ၌ ရရှိသည်ဟာ မပြောဆိုရ၊ မိမိသည် ဆိတ်ငြိမ်ရာ အရပ်၌သာ မွေ့လျော်သည်၊ အဘယ်တရားကို အားထုတ်နေသည် ဟူ၍ပင် မပြောဆိုရ၊ အကြည်ညို ခံလိုခြင်း၊ လာဘ်လာဘ ရလိုခြင်း၊ ၀ါကြွားလိုခြင်းဖြင့် မပြောဆိုရပေ။ အကြင်ရဟန်းသည် မမှန်ကန်သော အလိုဆိုးဖြင့် မိမိ၌ တကယ်မရှိသော ဈာဉ် မဂ်ဖိုလ် တရားကို ၀ါကြွားပြောဆို ငြားအံ့၊ ထိုသူသည် ရဟန်းမဟုတ် တော့ပေ။ ရဟန်းကောင်း တို့နှင့် ဆက်ဆံရောနှောခွင့် မရှိတော့ပေ။ (ပါရာဇိက ကျလေပြီ)

ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန်ပြန်၍ စည်ပင်ကြီးပွားခြင်း မဖြစ်နိုင် သကဲ့သို့တည်း

( ၀ိနည်းမဟာဝဂ်ပါဠိတော်၊ မဟာခန္ဓက )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

Wednesday, March 25, 2009

တဏှာကြောင့်


ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ ရှုမြင်လျက် နေသူသည် တပ်မက်ခြင်း တဏှာ ဖြစ်ပွား၏။ ထိုတဏှာကြောင့် စွဲလမ်းခြင်း ဥပါဒါန် ဖြစ်ပွား၏။ ထိုဥပါဒါန်ကြောင့် ဘ၀ဖြစ်၏။ ဘ၀ကြောင့် ပဋိသန္ဓေ နေရခြင်း ဇာတိ ဖြစ်၏။ ဇာတိကြောင့် အိုခြင်း ဇရာ၊ သေခြင်း မရဏ၊ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀၊ ဆင်းရဲခြင်း ဒုက္ခ၊ နှလုံးမသာယခြင်း ဒေမနဿ၊ ပြင်းစွာပင်ပန်းခြင်း ဥပါယာသ တို့ဖြစ်ကုန်၏။

ကိလေသာအာရုံ ကာမဂုဏ် တရားတို့၌ နှစ်သက် သာယာဖွယ်ရာ ဟူ၍ မရှုမြင်ဘဲ အပြစ်ဟု ရှုမြင်လျက် နေသူကား တပ်မက်မှု တဏှာ ချုပ်၏။ တဏှာချုပ် သောကြောင့် စွဲလမ်းမှု ဥပါဒါန် ချုပ်၏။ ဥပါဒါန် ချုပ်သောကြောင့် ဘ၀ချုပ်၏။ ဘ၀ချုပ်သောကြောင့် ဇာတိချုပ်၏။ ဇာတိချုပ်သောကြောင့် ဇရာ၊ မရဏ၊ သောက၊၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ တို့ ချုပ်ငြိမ်းကုန်၏။

( နိဒါန၀ဂ္ဂ၊ နိဒါနသံယုတ်၊ ဒုက္ခ၀ဂ်၊ ဥပါဒါနသုတ်၊ သံယောဇနသုတ် )
( လေးမြိုင် ၏ ဗုဒ္ဓ၏ ဥပမာတစ်ထောင် )

Tuesday, March 24, 2009

ဂူပြောက်ကြီး (မြင်းကပါ)



ဂူပြောက်ကြီး (မြင်းကပါ)သည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး ရာဇကုမာရ် (ကျန်စစ်သားမင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့သည်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လျှောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ၀မ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။


မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) တွင် ဘုရား၏ မူလဘွဲ့တော် မပါရှိသော်လည်း ဂူဘုရားသည် မြင်းကပါရွာတွင် တည်ရှိပြီး ဂူဘုရား အတွင်း အပြင် အပြောက် အပြိန်းတို့ဖြင့် မွမ်းမံ တန်ဆာဆင်ထား၍ ဂူပြောက်ကြီး ဘုရားဟု ခေါ်တွင်ခဲ့သည်။

ဂူပြောက်ကြီး (မြင်းကပါ) တိုက်မအထက်တွင် ဆင်ခြေလျော အမိုး၊ ပစ္စယာများဖြင့် တည်ဆောက်ထားပြီး ကွမ်းတောင်ပေါက် ထားသည်။ ကွမ်းတောင် ပတ်လည် လေးမျက်နှာတွင် လေးထောင့် ဖောင်းပြားများ ဖော်၍ ကြက်လျာတွင် မုခ်ကပ်သုံးခု ပါရှိသည်။ နံရံဆေးရေး ပန်းချီကားများ၊ အင်္ဂတေ ပန်းတော့ လက်ရာများ၊ ကျောက်ဆစ် ပန်းတမော့ လက်ရာများ ရှိသည်။



ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓ၀င် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း နှင့် ဘုရား ဝေသာလီပြည်သို့ လှေဖြင့် သွားပုံ (၅၅၀) ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် (၁၆)ချက်၊ (၅၄၄)ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာ တင်ပွဲ၊ (၄၄၄)ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ (၃၀၉) ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီး (အသောက) မင်းလက်ထက် တတိယသင်္ဂါယနာ တင်ပွဲ အပါအ၀င် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေ၀ါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ (၁၉၈၄) မှစ၍ ရှေးဟောင်း သုတေသနဦးစီးဌာန သည် ကုလသမဂ္ဂ အကူအညီဖြင့် ဂူပြောက်ကြီး (မြင်းကပါ) ဘုရား အတွင်းရှိ နံရံဆေးရေး ပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည် ထင်ရှား ပေါ်လွင်လာအောင် ဆောင်ရွက်ခဲ့သည့် အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကို ဖတ်ရှု လေ့လာနိုင်ပြီ ဖြစ်သည်။

ဂူပြောက်ကြီး (မြင်းကပါ) ဘုရား၏ အပြင်မျက်နှာစာ များရှိ ဘီလူးပန်းဆွဲ၊ ထောင့်ဘောင်ပန်း အင်္ဂတေပန်း စသည့် အင်္ဂတေ၊ ပန်းတော့ လက်ရာများနှင့် ဘုရားရှိ ကျောက်လေသာ ပြူတင်းပေါက်များ ဖောက်ထားပုံကို လေ့လာနိုင်သည်။ ဂူဘုရားရှိ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပတ်လည်တွင် စင်္ကြပတ်လမ်းရှိပြီး စင်္ကြအတွင်း နံရံ မုခ်ကပ်များရှိ ဗုဒ္ဓရုပ်ပွား ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။

( ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ )

Tuesday, March 17, 2009

ရေးသားသူမှာ...

ဓမ္မစကြာသုတ် တော်မှာ ရှင်တော်ဗုဒ္ဓ မြတ်စွာ၏ တရားဦး (BUUDDHA'S FIRST SERMONS, 544 B.C.) ဖြစ်ပြီး...
မြန်မာပြန်ရေးသားသူမှာ အဂ္ဂမဟာပဏ္ဍိတ ပိဋကတ္တယ ပါရဂူ သုတ ဗုဒ္ဓ ဘုရားတဆူ ပျံ့ကြူကျော်ကြားတော်မူသော ကျေးဇူးရှင် လယ်တီ ဆရာတော် ဘုရားကြီး [Ven. LEDI SAYADAW (Known to the World of Buddhists as:-) Rev. Dr. Ledi Maha Thera of Mandalay, 1846-1923]ဖြစ်ပါသည်။
ဝိသုဒ္ဓိမဂ္ဂ အင်္ဂလိပ် ဘာသာပြန်အတွက် ယိုးဒယား ဘုရင် မင်းမြတ်၏ ဆုချီးမြှင့်ခြင်းခံရသော ဆရာကြီး ဦးဖေမောင်တင် (Dr. PE MAUNG TIN, Winner of Prize for his English translation of VISUDDHIMAGGA from His Majesty The King of Thailand, 1888-1973)မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားထားခြင်း ဖြစ်ပါသည်။
မြန်မာပြည်တွင် မက နိုင်ငံရပ်ခြား အသီးသီးသို့ရောက်ရှိ နေထိုင်နေကြသည့် ဗုဒ္ဓဘာသာဝင် တရားချစ်ခင် သူတော်စင် အပေါင်းအား ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် အလို့ငှာ ဤနေရာမှ တဆင့် “ကဗျာမလေး” အနေဖြင့် မျှဝေတင်ပြခြင်းပင် ဖြစ်ပါသည်ရှင့်...။
စိတ်ရော ကိုယ်ပါ နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ သောကအပူများ ကင်းဝေးနိုင်ကြပါစေ။

Monday, March 16, 2009

ဓမ္မစကြာ (ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် ဘာသာဖြင့်)








ဓမ္မစက္ကပ္ပ၀တ္တနသုတ္တ

နမောတဿ ဘဂ၀တော အရဟတော
သမ္မာ သမ္ဗုဒ္ဓဿ

(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိ ယံ
ဝိဟရတိ ဣသိပတနေ မိဂဒါယေ
တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ
ဘိက္ခူ အာမန္တေသိ
(၂)
ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန
နသေ ၀ိတဗ္ဗာ
ကတမေ ဒွေ
ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ
ဟီနော ဂမ္မော ပေါထုဇ္ဇနိကော
အနရိယော အနတ္ထသံဟိတော
ယော စာယံ အတ္ထကိလမထာ နုယောဂေါ
ဒုက္ခော အနရိယော အနတ္ထသံဟိတော
(၃)
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ
မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒါ
စက္ခု ကရဏီ
ဉာဏ ကရဏီ
ဥပသမာယ
အဘိညာယ
သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ
ကတမာ စ သာဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ
တထာဂတေန အဘိသမ္ဗုဒါ
စက္ခု ကရဏီ
ဉာဏ ကရဏီ
ဥပသမာယ
အဘိညာယ
သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ
အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ
သေယျထိဒံ
သမ္မာ ဒိဋ္ဌိ
သမ္မာ သင်္ကပ္ပေါ
သမ္မာ ၀ါစာ
သမ္မာ ကမ္မန္တော
သမ္မာ အာဇီဝေါ
သမ္မာ ၀ါယါမော
သမ္မာ သတိ
သမ္မာ သမာဓိ
အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ
တထာဂတေန အဘိသမ္ဗုဒ္ဓါ
စက္ခု ကရဏီ
ဉာဏ ကရဏီ
ဥပသမာယ
အဘိညာယ
သမ္ဗောဓာယ
နိဗ္ဗာနာယ သံဝတ္တတိ
(၄)
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ
ဇာတိပိ ဒုက္ခာ
ဇရာပိ ဒုက္ခာ
ဗျာဓိပိ ဒုက္ခော
မရဏံပိ ဒုက္ခံ
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော
ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော
ယံ ပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ
(၅)
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခ သမုဒယံ
အရိယသစ္စံ
ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ
နန္ဒီရာဂသဟဂတာ တတြတတြာ ဘိနန္ဒိနီ
သေယျထိဒံ
ကာမတဏှာ
ဘ၀တဏှာ
ဝိဘ၀တဏှာ
(၆)
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခ နိရောဓံ
အရိယသစ္စံ
ယော တဿာယေ၀ တဏှာယ
အသေသ၀ိရာဂနိရောဓော
စာဂေါ
ပဋိနိဿဂ္ဂေါ
မုတ္တိ
အနာလယော
(၇)
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခ နိရောဓ
ဂါမိနီ ပဋိပဒါ အရိယသစ္စံ
အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ
သေယျထိဒံ
သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပေါ
သမ္မာဝါစာ
သမ္မာကမ္မန္တော
သမ္မာအာဇီဝေါ
သမ္မာဝါယါမော
သမ္မာသတိ
သမ္မာသမာဓိ
(၈)
“ဣဒံ ဒုက္ခံ အရိယသစ္စ” န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၉)
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစံ္စ
ပရိညေယျ” န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၀)
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစံ္စ
ပရိ ညာတ” န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၁)
“ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ” န္တိ
မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု
ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၂)
“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ
အရိယသစံ္စ ပဟာတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ
အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၃)
“တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစံ္စ
ပဟီန” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ
အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၄)
“ဣဒံ ဒုက္ခ နိရောဓံအရိယသစ္စ” န္တိ မေ
ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု
ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၅)
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစံ္စ
သစ္ဆိကာတဗ္ဗ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ
အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၆)
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစံ္စ
သစ္ဆိကတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ
အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၇)
“ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ
အရိယသစ္စ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ
အနနုဿုတေသု
ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၈)
“တံ ခေါ ပနိဒံ ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါ
အရိယသစံ္စ ဘာဝေတဗ္ဗ” န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၁၉)
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ
အရိယသစံ္စ ဘာဝိတ” န္တိ မေ ဘိက္ခဝေ
ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု
စက္ခုံ ဥဒပါဒိ
ဉာဏံ ဥဒပါဒိ
ပညာ ဥဒပါဒိ
ဝိဇ္ဇာ ဥဒပါဒိ
အာလောကော ဥဒပါဒိ
(၂၀)
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု
စတူသု အရိယ သစ္စေသု ဧ၀ံ တိပရိဝဋ္ဋံ
ဒွါဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ
န သုဝိသုဒ္ဓံ အဟောသိ
နေ၀ တာဝါဟံ ဘိက္ခဝေ သဒေ၀ကေ
လောကေ သမာရကေ သဗြဟ္မကေ
သဿမဏ ဗြာဟ္မဏိယာ ပဇာယ
သဒေ၀မနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ
အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ
(၂၁)
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု
အရိယ သစ္စေသု ဧ၀ံ တိပရိ ၀ဋ္ဋံ ဒွါဒသာကာရံ
ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ
အထာဟံ ဘိက္ခဝေ သဒေ၀ကေ လောကေ
သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ
ပဇာယ သဒေ၀မနုဿာယ “အနုတ္တရံ
သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ” တိ ပစ္စညာသိံ
(၂၂)
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ
“အကုပ္ပါ မေ ၀ိမုတ္တိ အယမန္တိမာ
ဇာတိ နတၳိ ဒါနိ ပု နဗ ၻေ၀ါ” တိ
(၂၃)
ဣဒမေ၀ါစ ဘဂ၀ါ
အတၱမနာ ပၪၥ၀ဂၢိယာ ဘိကၡဴ ဘဂ၀ေတာ
ဘာသိတံ အဘိနႏၵဳႏၲိ
(၂၄)
ဣမသၼိ ံ စ ပန ေ၀ယ်ာကရဏ သၼိ ံ
ဘညမာနေ
အာယသ္မတော ကောဏ္ဍညဿ
ဝိရဇံ
ဝီတမလံ
ဓမ္မစက္ခုံ
ဥဒပါဒိ
“ယံကိဉ္စိ သမုဒယဓမ္မံ
သဗ္ဗံ တံ နိရောဓ ဓမ္မ” န္တိ
(၂၅)
ပ၀တ္တိတေ စ ပန ဘဂ၀တာ ဓမ္မစက္ကေ
ဘုမ္မာ ဒေ၀ါ သဒ္ဒ မနုဿာဝေသုံ
“ဧတံ ဘဂ၀တာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ အနုတ္တရံ
ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိ ၀တ္တိယံ
သမဏေန ၀ါ ဗြဟ္မဏေန ၀ါ
ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ
ကေနစိ ၀ါ လောကသ္မိံ” တိ
ဘုမ္မာနံ ဒေ၀ါနံ သဒ္ဒံ သုတွာ စာတုမဟာရာ
ဇိကာ ဒေ၀ါ သဒ္ဒ မနုဿာ ဝေသုံ “….. ….. …..”
စာတု မဟာ ရာဇိကာ ဒေ၀ါ ….. “….. ….. …..”
တာဝတိံ သာ ဒေ၀ါ ….. ….. ….. “….. ….. …..”
ယာမာ ဒေ၀ါ ….. ….. ….. ….. “….. ….. …..”
တုသိတာ ဒေ၀ါ ….. ….. ….. “….. ….. …..”
နိမ္မာနရတိ ဒေ၀ါ ….. ….. ….. “….. ….. …..”
ပရ နိမ္မိတ ၀သ၀တ္တီဒေ၀ါ ….. ….. “….. ….. …..”
ဗြဟ္မ ကာယိကာ ဒေ၀ါ သဒ္ဒ မနုဿာ ဝေသုံ
“ဧတံ ဘဂ၀တာ ဗာရာဏသိယံ
ဣသိပတနေ မိဂဒါယေ အနုတ္တရံ
ဓမ္မစက္ကံ ပ၀တ္တိတံ အပ္ပဋိ ၀တ္တိယံ
သမဏေန ၀ါ ဗြဟ္မဏေန ၀ါ
ဒေဝေန ၀ါ မာရေန ၀ါ ဗြဟ္မုနာ ၀ါ
ကေနစိ ၀ါ လောကသ္မိံ” တိ
ဣတိဟ တေန ခဏေန တေန လယေန တေန
မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ
အဗ ၻဳဂၢစၧိ
(၂၆)
အယဉ္စ ဒသသဟဿိ လောကဓာတု
သံကမ္ပိ
သမ္ပကမ္ပိ
သမ္ပဝေဓိ
(၂၇)
အပ္ပမာဏော စ ဥဠာရော သြဘာသော
လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေ၀ါနံ
ဒေ၀ါနုဘာဝန္တိ
(၂၈)
အထခေါ ဘဂ၀ါ ဣမံ ဥဒါနံ
ဥဒါနေသိ
“အညာသိ ၀တ ဘော ကောဏ္ဍညော
အညာသိ ၀တ ဘော ကောဏ္ဍညော” တိ
ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ
အညာသိ ကောဏ္ဍညောတွေဝ
နာမံ အဟောသိ
(၂၉)
အထခေါ အာယသ္မာ အညာသိ ကောဏ္ဍညော
ဒိဋ္ဌ ဓမ္မော
ပတ္တ ဓမ္မော
ဝိဒိတ ဓမ္မော
ပရိယောဂါဠှ ဓမ္မော
တိဏ္ဏ၀ိစိကိစ္ဆော
ဝိဂတကထံကထော
ဝေသာရဇ္ဇပ္ပတ္တော
အပရပ္ပစ္စယော သတ္တုသာသနေ ဘဂ၀န္တံ
ဧတဒဝေါစ
“လဘေယျာဟံ ဘန္တေ ဘဂ၀တော
သန္တိကေ ပဗ္ဗဇ္ဇံ လဘေယျံ ဥပသမ္ပဒ” န္တိ
(၃၀)
“ဧဟိ ဘိက္ခူ” တိ ဘဂ၀ါ အဝေါစ
သွာက္ခာတော ဓမ္မော စရ ဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ
သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ
အဟောသီတိ

ဓမ္မစက္ကပ္ပ၀တ္တနသုတ္တံ နိဋ္ဌိတံ


ဓမ္မစကြာသုတ်

ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့၏ ပူဇော် အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမုတ္တိဂုဏ် ၀ိမုတ္တိဉာဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူပေထသော သစ္စာဉေယျ ဓမ္မအပုံအလုံးစုံကို အကုန်မကျန် မြတ်ရွှေဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူပေထသော ဣဿရိယ ဓမ္မယသ သီရိကာမပယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုးခြင်းသည် ဖြစ်စေပါသတည်း ဘုရား။

(၁)
တပါးသောအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ ရှေးခါခေတ်ဟောင်း ရသေ့သူမြတ်အပေါင်းတို့၏ သက်ဆင်းရာ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံး နေတော်မူ၏။
ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍည အမှူး ငါးဦး အစု အဝေးရှိကုန်သော ရဟန်းတို့ကို ခေါ်တော်မူ၏။
(၂)
ချစ်သားရဟန်းတို့ သာသနာတော်ထမ်း ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် နှစ်ပါးကုန်သော အစွန်းသမုတ် အယုတ်ခေါ်ငြား ဤတရားတို့ကို မမှီဝဲအပ်ကုန်။
(အစွန်းအယုတ်ဟု သမုတ်အပ်ကုန်သော) တရားနှစ်ပါးတို့သည် အဘယ်တရားတို့နည်း။
(ချစ်သားရဟန်းတို့) ယုတ်မာသော ရွာသူရွာသား မြို့သူမြို့သားတို့၏ လက်ကိုင်ဖြစ်သော ပုထုဇဉ် သတ္တ၀ါတို့၏ အလေ့အမူအရာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့်မျှ မစပ်ယှဉ်သော လောကီအာရုံ ကာမဂုဏ်တို့၌ ကာမချမ်းသာကို သာယာတုံငြား လိုက်စားအားထုတ်မှု ဟု ဆိုအပ်သော အကြင်အစွန်းသမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။ ကိုယ်ချမ်းသာမဖက် ဆင်းရဲမှုသက်သက်မျှသာ ဖြစ်သော အရိယာ ပုဂ္ဂိုလ်တို့နှင့်မဆိုင်သော အကျိုးတစုံတရာနှင့် မစပ်ယှဉ်သော ရေချိုးမီးလှုံ ဆူးပုံ၌အိပ်ခြင်း အစရှိသည့် မိမိကိုယ်ပင်ပန်းအောင်သာ လွန်စွာကြိုးပန်းလေ့ရှိသော အကြင်အစွန်းသမုတ် အယုတ်တရားမျိုးသည်လည်း ရှိလေ၏။
(၃)
ချစ်သားရဟန်းတို့ စင်စစ် နှစ်ပါးကုန်သော ထို အစွန်းသမုတ် အယုတ်တရားတို့ကို မကပ်မရောက်မူ၍ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို သဗ္ဗညုတဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။
(ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည်)
သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာမျက်စိကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ
ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ
မဘောက်မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ
ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။
ချစ်သားရဟန်းတို့ ငါဘုရားသည် အကြင်အလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို သဗ္ဗညုတဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။
(ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည်)
သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာမျက်စိကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ
ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ
မဘောက်မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ
ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။
ထို အလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည် အဘယ်နည်း။
အရိယာပုဂ္ဂိုလ်တို့၏ လက်ကိုင်ဖြစ်၍ မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤ မဂ္ဂင်ရှစ်ပါး တရားသည်ပင်လျှင်တည်း။
ဤ မဂ္ဂင်ရှစ်ပါး တရားဟူသည် အဘယ်နည်း။
ကောင်းစွာ မြင်ခြင်း
ကောင်းစွာ ကြံခြင်း
ကောင်းစွာ ပြောဆိုခြင်း
ကောင်းစွာ ပြုလုပ်ခြင်း
ကောင်းစွာ အသက်မွေးခြင်း
ကောင်းစွာ အားထုတ်ခြင်း
ကောင်းစွာ အောက်မေ့ခြင်း
ကောင်းစွာ တည်ကြည်ခြင်း
ချစ်သားရဟန်းတို့ ဤအလယ်လမ်းဟု ဆိုအပ်သော အကျင့်မြတ်ကို ငါဘုရားသည်
သဗ္ဗညုတ ဉာဏ်တော်အလင်းဖြင့် ထိုးထွင်း၍ သိတော်မူအပ်လေပြီ။
ဤအလယ်လမ်း ဟု ဆိုအပ်သော အကျင့်မြတ်သည်
သစ္စာလေးပါးကို မြင်စေနိုင်ဘိသော ပညာမျက်စိကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
အသိဉာဏ်ပွင့်လင်းမှုကိုလည်း ပြုပြင်စီရင်တတ်ပေ၏။
ကိလေသာမီး အပြီးချုပ်ငြိမ်းစေခြင်းငှါ
ဉာဏ်ကွန့်မြူး၍ အထူးသိစေခြင်းငှါ
မဘောက်မပြန် မှန်ကန်ကောင်းမွန်စွာ သိစေခြင်းငှါ
ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းစေခြင်းငှါ ဖြစ်၏။
(၄)
ချစ်သားရဟန်းတို့ ဤ ဆင်းရဲခြင်း သဘော ဟု ဆိုအပ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာ တရားသည် ရှိ၏။
(အဘန်ဘန်) ပဋိသန္ဓေနေရမှုကြီးသည်လည်း ဆင်းရဲ၏။
(အဘန်ဘန်) အိုရမှုကြီးသည်လည်း ဆင်းရဲ၏။
(အဘန်ဘန်) နာရမှုကြီးသည်လည်း ဆင်းရဲ၏။
(အဘန်ဘန်) သေရမှုကြီးသည်လည်း ဆင်းရဲ၏။
မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွ ပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်းခွဲခွါ၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။
အကြင် တောင့်တခြင်း အလို ရှိခြင်းကိုလည်းမရ၊ ထို လိုအင်ဆန္ဒဖြင့် တောင့်တတိုင်း မရမှုကြီးသည်လည်း ဆင်းရဲ၏။
အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တရားတို့၏ စွဲလမ်းရာ ဖြစ်ကုန်သော ခန္ဓာ ငါးပါးတို့သည် ဆင်းရဲ အစစ်တို့ သာတည်း။
(၅)
ချစ်သားရဟန်းတို့ ဤဆင်းရဲခြင်း၏ အကြောင်းရင်း ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာ တရားသည် ရှိ၏။
အကြင် သာယာနှစ်သက်မှုကြီးဟု ဆိုအပ်သော တဏှာဓာတ်သည် ဘ၀ အသစ်အသစ်ကို တဘန် ဖြစ်စေတတ်သော သဘောရှိ၏။
နှစ်သက်ခြင်း တပ်မက်ခြင်းဖြစ်၍ နေ၏၊ ထိုထို အာရုံတို့၌ မြူးခုန်ပြေးလွှား ကျက်စား သာယာ၍နေ၏။
ဤတဏှာသည် အဘယ်နည်း။
ကာမအာရုံ တို့၌ ခုံမင်တပ်မက်၍ နေသော တဏှာ၎င်း
မြဲသည် ဟု အယူရှိ၍ သဿတဒိဋ္ဌိ နှင့် ယှဉ်သော တဏှာ၎င်း
မမြဲ ဟု အယူရှိ၍ ဥစ္ဆေဒဒိဋ္ဌိ နှင့် ယှဉ်သော တဏှာ၎င်း
ဤ တဏှာသဘော သုံးပါးပင်လျှင်တည်း။
(၆)
ချစ်သားရဟန်းတို့ ဤ ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းမှု သဘောကြီး ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယသစ္စာ တရားသည် ရှိ၏။
ထို တဏှာ လောဘ၏သာလျှင် အကြင် အကြွင်းမဲ့ ပယ်ပျောက် ချုပ်ဆုံးမှုသည်၎င်း၊
အကြင် စွန့်လွှတ်မှုသည်၎င်း၊
အကြင် ဝေးစွာစွန့်လွှတ်မှုသည်၎င်း၊
အကြင် ကျွတ်လွတ်ထွက်မြောက်မှုသည်၎င်း၊
အကြင် မငြိမကပ်မှုသည်၎င်း
(ဤ နိဗ္ဗာန် သဘောတရားကြီးပင်လျှင်တည်း)
(၇)
ချစ်သားရဟန်းတို့ ဤ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းမှု နိဗ္ဗာန်သို့ ဆိုက်ရောက်ကြောင်း အကျင့်မြတ် သဘောကြီး ဖြစ်သော မဘောက်မပြန် မှန်ကန်သော အရိယ သစ္စာတရားသည် ရှိ၏။
အရိယာပုဂ္ဂိုလ်တို့၏ လက်ကိုင်ဖြစ်၍ မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဤ မဂ္ဂင်ရှစ်ပါးတရား သည်ပင်လျှင်တည်း။
(ဤ မဂ္ဂင်ရှစ်ပါးတရားဟူသည်) အဘယ်နည်း။
ကောင်းစွာ မြင်ခြင်း
ကောင်းစွာ ကြံခြင်း
ကောင်းစွာ ပြောဆိုခြင်း
ကောင်းစွာ ပြုလုပ်ခြင်း
ကောင်းစွာ အသက်မွေးခြင်း
ကောင်းစွာ အားထုတ်ခြင်း
ကောင်းစွာ အောက်မေ့ခြင်း
ကောင်းစွာ တည်ကြည်ခြင်း
(ဤ မဂ္ဂင်ရှစ်ပါး တရား အကျင့်လမ်းကြီးပင်လျှင်တည်း)
(၈)
ချစ်သားရဟန်းတို့ “ ဤ တေဘုမ္မက ၀ဋ်တရားစုသည် ဆင်းရဲစင်စစ် အမှန် ဖြစ်သော အရိယာ သစ္စာကြီး တပါး ဟူ၍ ” ငါဘုရားသည် ရှေးဘုရား မဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၉)
ချစ်သားရဟန်းတို့ “ ဆင်းရဲစင်စစ် အမှန် ဖြစ်သော ဤအရိယသစ္စာတရား ကို ပိုင်းပိုင်း ခြားခြား ပိုင်ပိုင်နိုင်နိုင် သိအပ်သိထိုက်၏-ဟူ၍ ” ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၀)
ချစ်သားရဟန်းတို့ “ ဆင်းရဲစင်စစ် အမှန် ဖြစ်သော ဤအရိယသစ္စာတရား ကို ပိုင်းပိုင်း ခြားခြား ပိုင်ပိုင်နိုင်နိုင် သိခြင်းကိစ္စ ပြီးစီးလေပြီ ”-ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၁)
ချစ်သားရဟန်းတို့ “ ဤ တပ်မက်သာယာသော တဏှာလောဘသည် ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော အရိယာသစ္စာကြီး တပါး ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၂)
ချစ်သားရဟန်းတို့ “ ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော ဤ အရိယ သစ္စာတရားကို ကြွင်းမဲ့ဥဿုံ အလုံးစုံ ပယ်သင့်ပယ်ထိုက်၏ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၃)
ချစ်သားရဟန်းတို့ “ ဆင်းရဲခြင်း ၏ အကြောင်းရင်း ဖြစ်သော ဤ အရိယ သစ္စာတရားကို ကြွင်းမဲ့ဥဿုံ အလုံးစုံ ပယ်ခြင်းကိစ္စ ပြီးပြီ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၄)
ချစ်သားရဟန်းတို့ “ဤ နိဗ္ဗာန်သည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော အရိယသစ္စာတပါး ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၅)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော ဤ အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက် ပြုအပ် ပြုထိုက်၏ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၆)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် ဖြစ်သော ဤ အရိယသစ္စာတရားကို ကိုယ်တိုင် ဆိုက်ရောက် မျက်မှောက် ပြုခြင်းကိစ္စ ပြီးပြီ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၇)
ချစ်သားရဟန်းတို့ “ဤမဂ္ဂင်ရှစ်ပါးတရားအစုသည် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းလမ်းမှန် ဖြစ်သော အရိယ သစ္စာကြီးတပါး” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၈)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းလမ်းမှန် ဖြစ်သော ဤ အရိယသစ္စာတရားကို ဘာဝနာ အလုပ်ဖြင့် အားထုတ်ကြိုးစား ပွါးများအပ် ပွါးများထိုက်၏ ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌
မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၁၉)
ချစ်သားရဟန်းတို့ “ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ ဇာတ်သိမ်းရာ အမှန် နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်း လမ်းမှန် ဖြစ်သော ဤ အရိယ သစ္စာတရားကို ပွါးများခြင်း ကိစ္စ ပြီးပြီ” ဟူ၍ ငါဘုရားသည် ရှေးဘုရားမဖြစ်မီ ကာလ၌ တရံတခါမျှ မကြားစဘူးကုန်သော တရားအပေါင်းတို့၌ မြင်နိုင်တုံဘိ ဉာဏ်မျက်စိသည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
ထိုးထွင်းဟုတ်မှန် အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၍လာ၏။
အနှံ့အပြား မြင်အားသန်စွာ ဉာဏ်ပညာသည် ထင်ရှားဖြစ်ပေါ်၍လာ၏။
ထိုးထွင်းသိတတ် ၀ိဇ္ဇာဓာတ်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
မောဟ မှောင်ကြီး ဖျက်ဆီးထွန်းပြောင် အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်၍လာ၏။
(၂၀)
ချစ်သားရဟန်းတို့ အကြင်မျှလောက်သော ကာလပတ်လုံး ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန် မှန်ကန်တုံလတ် အရိယ သစ္စာမြတ်တို့၌ ဤသို့ ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်အားဖြင့် စက်လည်ပုံ သုံးပါးရှိသော သုံးပါး လေးလီအားဖြင့် အခြင်းအရာ တဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင် ဉာဏ်အမြင်သည် စင်စင်ကြယ်ကြယ် မဖြစ်ပေါ်လာသေး။
ချစ်သားရဟန်းတို့ ထိုမျှလောက်သော ကာလပတ်လုံး ငါဘုရားသည် နတ်ပြည်နှင့်တကွ ဖြစ်သော မာရ် နတ်လွှမ်းခြုံ ၀သ၀တ္တီဘုံနှင့်တကွဖြစ်သော ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော အနန္တ စကြာဝဠာ ကမ္ဘာ လောကဓာတ်တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော နတ်လူ နှင့်တကွ ဖြစ်သော သတ္တ၀ါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ ရွှေဉာဏ်ကို ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ” ဟူ၍ ၀န်ခံတော် မမူသေး။
(၂၁)
ချစ်သားရဟန်းတို့ အကြင်အခါ၌သာလျှင် ငါဘုရားအား လေးပါးကုန်သော ဤ မဘောက်မပြန် မှန်ကန်တုံလတ် အရိယ သစ္စာမြတ်တို့၌ ဤသို့ ပြဆိုအပ်ပြီးသောအတိုင်း သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်အားဖြင့် စက်လည်ပုံ သုံးပါးရှိသော သုံးပါး လေးလီအားဖြင့် အခြင်းအရာ တဆယ့်နှစ်ပါးရှိသော ဟုတ်မှန်သောအတိုင်း ပိုင်းခြားထင်ထင် ဉာဏ်အမြင်သည် စင်စင်ကြယ်ကြယ် ဖြစ်ပေါ်၍လာ၏။
ချစ်သားရဟန်းတို့ ထိုအခါ၌သာလျှင် ငါဘုရားသည် နတ်ပြည်နှင့်တကွ ဖြစ်သော မာရ်နတ် လွှမ်းခြုံ ၀သ၀တ္တီဘုံ နှင့်တကွဖြစ်သော ဗြဟ္မာ့ဘုံနှင့်တကွဖြစ်သော အနန္တ စကြာဝဠာ
ကမ္ဘာ လောကဓာတ်တိုက်ဘောင်အတွင်း၌ ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော နတ်လူ နှင့်တကွ ဖြစ်သော သတ္တ၀ါများအလယ်၌ “အတုမရှိသော ဘုရားဖြစ်ရန် သဗ္ဗညုတ ရွှေဉာဏ်ကို ပိုင်ပိုင်ရရှိ ထိုးထွင်း၍ သိတော်မူပြီ” ဟူ၍ ၀န်ခံတော် မူပြီ။
(၂၂)
ချစ်သားရဟန်းတို့ ငါဘုရား၏ ဟုတ်တိုင်းအမှန် အမြင်သန်သော ပစ္စဝေက္ခဏာ ဉာဏ်တော်သည် ထင်ရှားဖြစ်ပေါ်၍လာပြီ။ ငါဘုရား၏ အရဟတ္တဖိုလ် ဉာဏ်တော်သည် မပျက်မစီးနိုင် ခံ့ခိုင်တည်တံ့လေပြီ။ ငါဘုရား၏ ဤ ဘ၀ အဖြစ်သည် အဆုံးစွန်သော အဖြစ်ပေတည်း။ ယခု အခါ၌ ဘ၀ အသစ် တဘန်ဖြစ်ဘို့ အရေးသည် မရှိတော့ချေ။ ဤသို့ ဉာဏ်အမြင်သည် ထင်ရှား ဖြစ်ပေါ်၍လာပြီ။
(၂၃)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤ ဓမ္မစက္က ပ၀တ္တန သုတ္တန်ကို ပဌမ လက်ဦး မြွက်ကျူး ဟောကြားတော်မူလေ၏။
ကောဏ္ဍည အမှူး ငါးဦး အစုအဝေးရှိ ကုန်သော ရဟန်းတို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဟောတော်မူ အပ်သော တရားတော်ကို အရိယသစ္စဉာဏ် ထက်သန် ပွင့်လင်း ၀မ်းမြောက်ခြင်း ရှိကြကုန်သည် ဖြစ်၍ ရွှင်လန်းအားရ နှစ်သက်ကြလေကုန်သတည်း။
(၂၄)
ဂါထာမဖက် စုဏ္ဏိယ သက်သက် ဖြစ်သော ဤ ဓမ္မစက္က ပ၀တ္တန သုတ်တော်ကြီးကို ဟောတော်မူအပ်သည် ရှိသော် ရှည်သော အသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ်အား ကိလေသာ မြူတို့မှ စင်ဖြူကင်းဝေးသော မှောက်မှားဒိဋ္ဌိ အညစ်အကြေး မရှိသော သောတာပတ္တိမဂ်ဉာဏ် ဟု ဆိုအပ်သော တရားမျက်လုံးသည် ထင်ရှားစွာ ပေါ်ပေါက်လေ၏။
“အလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခတရားစုသည် ဖြစ်ပေါ်ခြင်းလျှင် အကြောင်းရင်းရှိ၏။ ထိုအလုံးစုံသော တေဘုမ္မက၀ဋ်ဒုက္ခတရားစုသည် မကြွင်းမကျန် အမှန်ချုပ်ဆုံးခြင်း သဘောရှိ၏။” (ဤသို့ ဟုတ်တိုင်းမှန်သိ ဉာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်၍လာ၏။)
(၂၅)
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဓမ္မစကြာသုတ်တော်ကြီးကို ဟောတော်မူ အပ်ပြီးသည် ရှိသော်ကား ဘုမ္မစိုးနတ်တို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။
“အို နတ်များအပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ် အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာ ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤ ဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤ ကမ္ဘာ လောကဓာတ် တိုက်ဘောင် အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား မကန့်ကွက်နိုင်ချေ”
(ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)
ဘုမ္မစိုးနတ်တို့၏ ကြွေးကြော်သံကို ကြားကြကုန်သည်ရှိသော် စာတုမဟာရာဇ်နတ် အများတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။
“….. ….. ….. ….. ….. ….. …… ….. ….. ….. ….. ….. ….. …..”
စါတု မဟာရာဇ် နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
တာဝတိံသာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ယာမာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
တုသိတာ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
နိမ္မာနရတိ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ပရ နိမ္မိတ ၀သ၀တ္တီ နတ်အများတို့သည် ….. ….. ….. ….. “….. ….. ….. ….. …..”
ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးဆူညံ ဟစ်ကြွေးသံကို တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။
“အို နတ် ဗြဟ္မာများ အပေါင်းတို့ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဗာရာဏသီ နေပြည်တော်ကြီး၏ အနီး၌ သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော ရသေ့ သူမြတ် အပေါင်းတို့၏ ဆင်းသက်ကျရောက်ရာ ဖြစ်သော မိဂဒါဝုန်တောကြီး အတွင်း၌ အတုမရှိသော ဤ ဓမ္မစကြာတရားတော်မြတ်ကို ဟောတော်မူအပ်ပေပြီ။ ဤ ဓမ္မစကြာ တရားတော်မြတ်ကို ရဟန်းသည်၎င်း ပုဏ္ဏားသည်၎င်း နတ်သည်၎င်း မာရ် နတ်သည်၎င်း ဗြဟ္မာသည်၎င်း အနန္တ စကြာဝဠာ ဤ ကမ္ဘာ လောကဓာတ် တိုက်ဘောင် အတွင်း၌ တစုံတယောက်သော ပုဂ္ဂိုလ်သည် ၎င်း မဆီးတား မကန့်ကွက်နိုင်ချေ”
(ဤသို့ တပြိုင်နက် ကြွေးကြော်ကြလေကုန်၏။)
ဤသို့လျှင် ထိုခဏအတွင်း၌ ထိုလယအတွင်း၌ ထိုမုဟုတ်အတွင်း၌ အကနိဋ္ဌ ဗြဟ္မာ့ဘုံ တိုင်အောင် ကျော်စောသော အသံသည် အဆင့်ဆင့် ပျံ့နှံ့၍ တက်လေ၏။
(၂၆)
ဤ စကြာဝဠာ အပေါင်း လောကဓာတ် တိုက်တသောင်းသည်လည်း အောက်သို့နိမ့်လျက် တသိမ့်သိမ့် တုန်လှုပ်လေ၏။
အထက်သို့ခုန်တက်၍ တသွက်သွက် တုန်လှုပ်လေ၏။
အေးယဉ်လွှဲသကဲ့သို့ နွှဲကာ နွှဲကာ တုန်လှုပ်လေ၏။
(၂၇)
နတ်အပေါင်း ဗြဟ္မာအပေါင်းတို့၏ တန်ခိုးအလုံးစုံကို သိမ်းခြုံလွှမ်းမိုး၍ စကြ၀ဠာ အပေါင်း လောကဓာတ် တိုက်တသောင်း၌ အတိုင်းမသိ နှိုင်းယှဉ်ဘွယ်မရှိသော ကြီးကျယ် မွန်မြတ်သော ရောင်လျှံထိန်ညီး အလင်းဓာတ်ကြီးသည် အဆန်းတကြယ် အံ့သြဘွယ် ဖြစ်ပေါ်လာ၏။
(၂၈)
ထိုအခါ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ၀မ်းမြောက်မြွက်ကြား ဤ ဥဒါန်းတော် အမိန့်စကားကို ကျူးရင့်တော်မူလေ၏။
အို လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ငါ့ သားတော်ကြီးဖြစ်သော ကောဏ္ဍညသည် အသိဉာဏ် အလင်းပေါက်၍ သောတာပန်အဖြစ်သို့ ရောက်လေပြီတကား။
(ဤသို့ ဥဒါန်းကျူးရင့်တော်မူလေ၏။)
ဤ ဥဒါန်းစကားတော်အားဖြင့် ရှည်သောအသက်တော်ရှိသော အရှင် ကောဏ္ဍည မထေရ် မြတ်ကြီးအား အညာသိ ကောဏ္ဍည ဟူ၍သာလျှင် ဤ အမည်ထူးသည် ဖြစ်လေသတည်း။
(၂၉)
ထို သောတာပန် ဖြစ်ပြီးသောအခါ၌ ရှည်သော အသက်တော်ရှိသော အရှင် အညာသိ ကောဏ္ဍညသည် ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် ဆိုက်ရောက်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည်ဖြစ်၍
ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည်ဖြစ်၍
ယုံမှားခြင်း၏ တဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည် ဖြစ်၍
သို့လော သို့လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည်ဖြစ်၍
ကြောက်ရွံ့မှုကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍
မြတ်စွာဘုရား၏ သာသနာတော်အတွင်း၌ သိမြင်ပြီးသော ဉာဏ် အစွမ်းအားဖြင့် သူတပါးတို့အား ယုံကြည်အားထားခြင်း မရှိလေသောကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရားကို ဤသို့သော စကားကို လျှောက်ထားတောင်းပန်လေ၏။
“အရှင်ဘုရား - တပည့်တော်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါသည်ဘုရား။ ပဉ္ဇင်းအဖြစ်ကို ရလိုပါသည်ဘုရား။” ဤသို့ လျှောက်ထား တောင်းပန်လေ၏။
(၃၀)
မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။
“အို ရဟန်း လာလော့ ငါဘုရားသည် တရားတော်မြတ်ကို ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။ သံသရာ ၀ဋ်ဆင်းရဲ၏ ကိစ္စတုံး၍ အဆုံးတိုင်အောင် ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့”
ဤသို့ မိန့်တော်မူ၏။ ရှည်သော အသက်တော်ရှိသော ထို အရှင် ကောဏ္ဍညအား ထို ဧဟိဘိက္ခု - ပဉ္ဇင်း အဖြစ်သည်သာလျှင် ဖြစ်လေသတည်း။
ဓမ္မစက္ကပ္ပ၀တ္တန သုတ်သည် ပြီးပြီ။


Dhammacakkappavattana-sutta

Homage to the exalted the worthy, the fully enlightened the Buddha supreme.

1
At one time, The Bhagava was dwelling in Benares, at the deer park, Isipatana.
Then the Bhagava addressed the group of five Bhikkhus.
2
Those two extremes, Bhikkhus, should not be followed by one who has given up the world.
Which two?
A life given to attractive sense pleasures, low, vulgar of the average folk, ignoble, unprofitable.
And a life given to self-torment, which is suffering, ignoble and unprofitable.
3
Now, Bhikkhus, by avoiding both these extremes, there is a middle course, fully understood by the Tathagata.
Making for vision,
Making for knowledge,
which leads to tranquility,
to higher knowledge,
to ENLIGHTENMENT,
to Nibbana.
And what Bhikkhus, is the middle course fully understood by the Tathagata.
Making for vision,
Making for knowledge,
which leads to tranquility,
to higher knowledge,
to ENLIGHTENMENT,
to Nibbana.
It is, this Noble Eightfold Path itself.
Namely,
Right view,
Right thought,
Right speech,
Right bodily action,
Right livelihood,
Right endeavour,
Right mindfulness,
Right concentration.
This, Bhikkhus, is the middle course fully understood by the Tathagata.
Making for vision,
Making for knowledge,
which leads to tranquility,
to higher knowledge,
to ENLIGHTENMENT,
to Nibbana.
4
And this, Bhikkhus, is the Noble
Truth about suffering,
Birth is suffering,
Old age is suffering,
Illness is suffering,
Death is suffering,
Association with those we do not love is suffering,
Seperation from those we love is suffering,
Not to get what one desires is suffering,
In brief, the five aggregates of clinging are suffering.
5
And this, Bhikkhus, is the Noble
Truth of the uprising of suffering
It is that craving, which is potent for rebirth, is accompanied by pleasure and lust, seeking satisfaction, now here, now there.
Namely,
The craving for sensual pleasures,
The craving for existence,
The craving for non-existence.
6
And this, Bhikkhus, is the Noble
Truth of the cessation of suffering.
It is the utter fading away and cessation of that very craving,
The giving it up,
The abandoning it,
The release from it,
The detachment from it.
7
And this, Bhikkhus, is the Noble
Truth of the course leading to the cessation of suffering.
It is the Noble Eightfold Path.
Namely,
Right view,
Right thought,
Right speech,
Right bodily action,
Right livelihood,
Right endeavour,
Right mindfulness,
Right concentration.
8
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF SUFFERING.”
9
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THE NOBLE TRUTH OF SUFFERING MUST BE COMPLETELY KNOWN.”
10
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF SUFFERING HAS BEEN COMPLETELY KNOWN.”
11
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF THE UPRISING OF SUFFERING.”
12
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE UPRISING OF SUFFERING MUST BE GIVEN UP.”
13
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE UPRISING OF SUFFERING HAS BEEN GIVEN UP.”
14
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF THE CESSATION OF SUFFERING.”
15
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFERING MUST BE REALISED.”
16
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE CESSATION OF SUFFERING HAS BEEN REALISED.”
17

Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, THIS IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING.”
18
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING MUST BE DEVELOPED.”
19
Among things, Bhikkhus,
not heard of before
by me,
Vision arose,
Knowledge arose,
Wisdom arose,
Special knowledge arose,
Light arose, “THAT, WHICH IS THE NOBLE TRUTH OF THE COURSE LEADING TO THE CESSATION OF SUFFERING HAS BEEN DEVELOPED.”
20
And so long, Bhikkhus, the Vision of Knowledge of these Four Noble Truths with the three sections and twelve modes as they really are, was not well purified by me, So long was I, Bhikkhus, could not admit that “I was a perfect Buddha who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas, with its Maras, with its Brahmas, with its Recluses and Brahmas, its creatures with Devas and Men.”
21
But when, Bhikkhus, the Vision of knowledge of these Four Noble Truths, with the three sections and twelve modes, as they really are, was well purified by me. Then, Bhikkhus, I could admit that “I was a perfect Buddha who had attained the full supreme ENLIGHTENMENT, in the midst of the world with its Devas, with its Maras, with its Brahmas, with its Recluses and Brahmans, its creatures with Devas and Men.”
22
Moreover, the Vision of knowledge arose to me, “Unshakable is freedom for me, this is the last birth, now there is no rebirth.”
23
This is what the Bhagava had said, and the group of five Bhikkhus were delighted and rejoiced at what the Bhagava had said.
24
Further-more, while this explanation was being uttered, Vision of the Dhamma, dustless, stainless arose to the Venerable Kondanna.
That,
“Whatever has the nature of uprising all that has the nature of cessation.”
25
And when the Bhagava had proclaimed the discourse on the turning of the Wheel of Dhamma, The Earth Devas raised the shout.
“The supreme Dhamma wheel proclaimed by the Bhagava in Benares at the deerpark, Isipatana cannot be contradicted by a recluse, or Brahman or Deva or by Mara or by Brahma or by anyone in the world.”
Having heard the shout of the Earth Devas, The Devas of the Four Great Kings shouted
together, “….. ….. ….. ….. ….. ….. .”
Tavatimsa Devas ….. ….. “….. …..”.
Yama Devas ….. ….. ….. ….. “….. …..”.
Tusita Devas ….. ….. ….. “….. …..”.
Nimanarati Devas ….. ….. “….. …..”.
Paranimitavasavati Devas ….. “…..”.
Baramakarika Devas shouted together,
“The supreme Dhamma wheel proclaimed by the Bhagava in Benares at the deerpark, Isipatana, cannot be contradicted by a recluse, or Brahman or Deva or by Mara or by Brahma or by anyone in the world.”
Thus, in that moment, in that second, in that instant the shout reached as far as the Brahma-world.
26
And the Ten Thousand-Fold World-system trembled, quaked and quaked again, shook violently to and fro.
27
And an immeasurable and mighty radiance appeared in the world, surpassing the Devas own glory.
28
Then the Bhagava uttered this solemn utterance
“Indeed, Kondanna has understood,
Indeed, Kondanna has understood.”
Thus, it was that Annasi Kondanna became the name of Venerable Annasi Kondanna.
29
Then, The Venerable Annasi Kondanna,
Having seen Dhamma,
Attained Dhamma,
Known Dhamma,
Plunged into Dhamma,
Having crossed over doubt,
Having put away uncertaintity,
Having attained confidence,
Without depending on others in the Teacher’s religion, spoke to the Bhagava,
“May I, Bhante, get to leave the world in the presence of the Bhagava, May I get the ordination?”
30
And the Bhagava said,
“Come, Bhikkhu, The Dhamma has been well expounded, Practice the holy life rightly, For making an end of suffering.”
So this came to be the ordination of the long lived Venerable Kondanna.

အပူပြီးရင် အပြီးပူနေမယ်

အချစ်ဆိုတာ
အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့
ဘယ်လိုပဲ ပြောပြော၊
ပုထုဇဉ်နယ်ပယ်မှာတော့
အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို
မရှိမဖြစ် ဖြစ်နေပါတယ်။
ငရုတ်သီးထဲကပိုးဟာ
အပူကို လုံးဝမကြောက်တော့သလို
အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့
ပုထုဇဉ်အများစုဟာလည်း
အချစ်ကို ပူလောင်တယ်လို့တောင်
မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမို့မီးတိုးနေတာပါလို့
ဆင်ခြေပေးနေပြန်တော့လည်း
ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
မရှိမဖြစ်ဆားဆိုပေမယ့်
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကို မရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ၊ ၀ိပဿနာ
တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။
တရားအလုပ်ခွင်မှာတော့
အချစ်ကို
ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။
သူက တိုးပွားအောင်လုပ်ရမယ့်အရာ
မဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။

Friday, March 6, 2009

ဒေါသတကယ်ပျက်လေမှ လောကအလယ် မျက်ရည်မကျတော့မှာပါ

ဒေါသကိလေသာကို
အကြွင်းမဲ့ ပယ်သတ်နိုင်လို့
ကိုယ့်ရဲ့နှလုံးသားဟာ
ဒေါသကင်းတဲ့ နှလုံးသား
ဖြစ်သွားပြီဆိုရင်တော့
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ငိုချင်စိတ် မရှိတော့ပါဘူး။
မငိုတတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ
ဘာအကြောင်းကြောင့်မှ
မျက်ရည်မကျတော့ပါဘူး။
ဝိပဿနာအလုပ်ကို
အချိန်ဆက်နိုင်သမျှဆက်အောင်
အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်
ပုထုဇဉ်ဘ၀နဲ့
ရှိနေသေးတယ်ပဲထားဦး၊
ဝိပဿနာရဲ့ တန်ခိုးကြောင့်
စိတ်ဓာတ်ရင့်ကျက်နေတဲ့အတွက်
ဝမ်းသာစရာနဲ့ပဲကြုံကြုံ၊
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
အလွယ်တကူနဲ့
မျက်ရည်မကျတော့ပါဘူး။
အကောင်းအဆိုး လောကဓံအားလုံးကို
အပြုံးမပျက် ခံနိုင်ရည်ရှိသွားပါတယ်။

Thursday, March 5, 2009

အပျော်နဲ့ ငိုတာလည်း မတော်မတည့် အပိုပါပဲ

အပျော်လွန်ပြီး ငိုတာမျိုး၊
ဝမ်းသာလုံးဆို့ပြီး
ငိုတာမျိုးကလည်း
အပေါ်ယံကြည့်လိုက်ရင်
ပီတိကြောင့် ငိုတယ်လို့ထင်ရပေမယ့်
တကယ့် အတွင်းသဘာဝ
အစစ်အမှန်ကတော့
သိမ်မွေ့တဲ့ ဒေါသကြောင့်
ငိုနေတာပါ။
မငိုခင်မှာ ပျော်တဲ့စိတ်၊
ဝမ်းသာတဲ့စိတ်
ဖြစ်နေခဲ့တာ မှန်ပေမယ့်
ပျော်လို့၊ ၀မ်းသာလို့
မျက်ရည်တွေကျပြီး
ငိုလိုက်တဲ့အချိန်မှာတော့
အပျော်ဒဏ်၊ ၀မ်းသာမှုဒဏ်ကို
မခံမရပ်နိုင်တဲ့၊
ခံနိုင်ရည်မရှိတဲ့၊
မခံစားနိုင်တဲ့
ဒေါသအနုစားလေး
စိတ်အစဉ်မှာ လွှမ်းမိုးနေပါတယ်။
အပျော်ဒဏ်၊ ၀မ်းသာမှုဒဏ်ရဲ့
ဖိစီးနှိပ်စက်မှုခံလိုက်ရလို့
မသက်မသာဖြစ်သွားတဲ့ စိတ်ကလေး၊
သိမ်မွေ့စွာ
တုန်လှုပ်ချောက်ချားသွားတဲ့
စိတ်ကလေး ဆိုပါတော့။

Wednesday, March 4, 2009

အတွေးကောင်းရရင် ဆေးပေါင်းခလိမ့်မယ်

ရာဂ၊ ဒေါသ၊ မောဟစတဲ့
ကိလေသာအညစ်အကြေးတွေနဲ့
ညစ်နွမ်းပူလောင်နေတဲ့မျက်ရည်ဟာ
ဆေးဖက်မ၀င်တဲ့မျက်ရည်၊
ဆေးပေါင်းမခတဲ့မျက်ရည်ဖြစ်ပါတယ်။
တရားဓမ္မနဲ့ ယှဉ်တဲ့
နှစ်သက်ဝမ်းမြောက်မှု
ပီတိသောမနဿတွေနဲ့
သန့်စင်အေးမြနေတဲ့မျက်ရည်ကတော့
ဆေးဖက်ဝင်တဲ့မျက်ရည်၊
ဆေးပေါင်းခတဲ့မျက်ရည် ဖြစ်ပါတယ်။

အတွေးကောင်းမရရင် ဘေးပေါင်းခလိမ့်မယ်

ကိလေသာအခြေခံတဲ့
မျက်ရည်မှန်သမျှ
ဝမ်းနည်းလို့ပဲကျကျ၊
ဝမ်းသာလို့ပဲကျကျ၊
ဘေးပေါင်းခတဲ့မျက်ရည်ပါပဲ။
စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းနည်းပြီးကျတဲ့မျက်ရည်မှ
ဘေးပေါင်းခတာ မဟုတ်ပါဘူး။
စိတ်ချမ်းသာစရာ၊
စိတ်ပျော်ရွှင်စရာ အဖြစ်အပျက်တွေနဲ့
ကြုံတွေ့ရလို့
ဝမ်းသာပြီးကျတဲ့မျက်ရည်ဟာလည်း
ဘေးပေါင်းခပါတယ်။
ဘယ်လိုသံယောဇဉ်မျိုးကြောင့်ပဲ
မျက်ရည်ကျကျ၊
ဝမ်းနည်းတဲ့ ကိလေသာ၊
ဝမ်းသာတဲ့ကိလေသာ၊
ကိလေသာကို
အခြေခံတာဖြစ်တဲ့အတွက်
ဘေးပေါင်းခတဲ့မျက်ရည်တွေချည်းပါပဲ။
တခြားပြင်ပဘေးတွေ
ဘာမှမတွေ့ရသေးဘူးပဲ ထားပါဦး၊
စိတ်ပူလောင်တဲ့ဘေး၊
စိတ်ရှုပ်ထွေးတဲ့ဘေး၊
စိတ်မတည်မငြိမ်ယောက်ယက်ခတ်တဲ့ဘေး၊
စိတ်လှုပ်ရှားတဲ့ဘေးကတော့
အတွင်းဘေးအဖြစ်နဲ့
သေချာပေါက် ရင်ဆိုင် ကြုံတွေ့ရမှာပါ။

Tuesday, March 3, 2009

မျှဝေပါတယ်

http://majjhimagonyi.info/(အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)

Monday, March 2, 2009

သီလရှင်ဖို့ သီလရှင်ပဲဝတ်ချင်တယ်

မိမိက သီလရှင်ဝတ်ချင်တယ်၊
မိဘတွေ၊ ဆွေမျိုးသားချင်းတွေက
ခွင့်မပြုဘူး။
အတင်းအဓမ္မ တားကြတယ်၊
ဆီးကြတယ်၊ ပိတ်ပင်ကြတယ်။
သီလရှင်ဝတ်ချင်တာ
မ၀တ်ရလို့ဆိုပြီးတော့
မျက်ရည်ကျရတယ်၊ ငိုရတယ်။
အဲဒီလို သီလရှင်ဝတ်ချင်ပါလျက်
ဝတ်ခွင့်မရလို့
ကျတဲ့မျက်ရည်ဟာလည်းပဲ
သေ၀ိတဗ္ဗမျက်ရည်၊
မှီဝဲထိုက်တဲ့မျက်ရည်၊
တန်ဖိုးရှိတဲ့မျက်ရည်ပါပဲ။
ဒီမျက်ရည်ကြောင့်
သီလရှင်ဝတ်ဖြစ်သွားနိုင်တယ်။
မ၀တ်ဖြစ်တောင်မှ
ဝတ်ချင်တဲ့ဓာတ်တော့
အခိုင်အမာ ကိန်းဝပ်သွားနိုင်ပါတယ်။

ချိုးရေမက တိုးဝေကျတဲ့ ငါ့မျက်ရည်

လူတိုင်းလူတိုင်း
နေ့တိုင်းနေ့တိုင်း
ရေချိုးကြတယ်။
မိမိချိုးနေတဲ့ ရေကန်ထဲက
ရေကို ကြည့်ပြီးတော့
သြော်... သံသရာတစ်လျှောက်
ငါကျခဲ့ရတဲ့
မျက်ရည်တွေဟာ
ဒီရေကန်ထဲမှာရှိတဲ့
ရေတွေထက်
အဆပေါင်းများစွာ
မနှိုင်းယှဉ်သာအောင်
များပြားလှပါလား။
အဲဒီလို ဆင်ခြင်လိုက်မယ်ဆိုရင်
သံဝေဂဉာဏ်တွေ
အားကောင်းလာပါလိမ့်မယ်။

လိုတာမရရင်လည်း ငိုရှာကြတာပါပဲ

ပိယေဟိ ၀ိပ္ပယောဂမျက်ရည်ဆိုတာက
မိမိချစ်ခင်နှစ်သက် မြတ်နိုးတဲ့
သက်ရှိသက်မဲ့
ပုဂ္ဂိုလ်သတ္တ၀ါ အရာဝတ္ထုတွေနဲ့
ခွဲခွာကွေကွင်းရခြင်းကြောင့်
ကျရတဲ့မျက်ရည်ပါပဲ။
တစ်နည်းအားဖြင့် ပြောရရင်တော့
ပိုင်ဆိုင်ချင်တာ
မပိုင်ဆိုင်ရလို့
ကျရတဲ့မျက်ရည်၊
လိုချင်တာ မရလို့
ကျရတဲ့မျက်ရည်၊
ဖြစ်ချင်တာ မဖြစ်ရလို့
ကျရတဲ့မျက်ရည်၊
အဲဒီ မျက်ရည်ကို
ပိယေဟိဝိပ္ပယောဂမျက်ရည်လို့
ခေါ်ပါတယ်။

ကုသိုလ်အသက်ရှည်ရဖို့ အခုလိုမျက်ရည်ကျတာပါ

မိမိကျလိုက်တဲ့မျက်ရည်ကြောင့်
အကုသိုလ်တရားတွေ
ဆုတ်ယုတ်သွားတယ်
ကုသိုလ်တရားတွေ
တိုးပွားလာတယ်
ကိလေသာအပူတွေ
ငြိမ်းအေးသွားတယ်ဆိုရင်
အဲဒီမျက်ရည်မျိုးဟာ
ကျသင့်ကျထိုက်တဲ့မျက်ရည်
ဆေးပေါင်းခတဲ့မျက်ရည်ပါပဲ။

Thursday, February 19, 2009

မိဂဒါဝုန်

တည်နေရာ
မိဂဒါဝုန် ဟူသည်မှာ မိဂဒါယ = မိဂ = သမင်၊ ဒါယ = တော = သမင်တို့ကို ဘေးမဲ့ ပေးရာတော ဖြစ်သည်။ ၀န = တော ကို မြန်မာ စကား ပြောင်းလဲသောအခါ ၀ုန် ဖြစ်လာသည်။ မိဂဒါယ၀န မှ မိဂဒါဝုန် ဖြစ်လာသည်ဟု အဓိပ္ပာယ် ရသည်။

မိဂဒါဝုန်သည် ဗာရာဏသီမြို့မှ (၆)မိုင် ခန့်ကွာဝေးသည်။ ဥတ္တရ ပရာဒေ့ရှ် ပြည်နယ် အတွင်း၌ တည်ရှိသည်။ လုမ္ဗိနီနှင့် (၃၁၂) ကီလိုမီတာ၊ သာဝတ္ထိပြည်နှင့် (၃၃) ကီလိုမီတာ ကွာဝေးသည်။ ဂင်္ဂါမြစ်ကမ်း၌ တည်ရှိ၍ ဟိန္ဒူဘာသာဝင် များအတွက် အထွတ်အမြတ် ထားရာမြို့တစ်မြို့ ဖြစ်ခဲ့သည်။

ဘုရားဖူးလမ်းညွှန်
ကလကတ္တားမှ ဗာရာဏသီ သို့ ကား၊ ရထား၊ လေယာဉ် တို့ဖြင့် တိုက်ရိုက်သွားနိုင်သည်။ သို့မဟုတ် ပတ္တနားနှင့် ဂယာမြို့ များမှတစ်ဆင့် ကား၊ ရထားတို့ဖြင့် သွားနိုင်သည်။ ဗာရာဏသီကို ဗဟိုထား၍ အရှေ့ဘက်ရှိ ဗုဒ္ဓဂယာ၊ ရာဇဂြိဟ်၊ နာလန္ဒ နှင့် ပတ္တနားမြို့များသို့ သွားနိုင်သည်။ တဖန် အနောက်ဘက် ကုသိနာရုံ၊ သာဝတ္ထိ၊ လုမ္ဗနီ ဌာနများသို့ သွားရောက် ဖူးမျှော်နိုင်သည်။

မိဂဒါဝုန်သမိုင်း
မိဂဒါဝုန်မှာ မြတ်စွာဘုရား ပထမ ၀ါကပ်တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ရဟန္တာ ဖြစ်တော်မူကြသည်။ ယသသူဌေးသားနှင့် သူငယ်ချင်း (၅၄)ဦးတို့ ပထမ၀ါတွင်းမှာပင် ရဟန္တာ (၆၀)ဖြစ်၍ ၀ါကျွတ်သောအခါ လေးနယ်လေးရပ် သို့ သာသနာပြု စေလွှတ်တော်မူခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် ရာစုနှစ်ပေါင်း များစွာအတွင်း မိဂဒါဝုန်သည် ဗုဒ္ဓ၀ါဒဆိုင်ရာ အသိပညာ ကျွမ်းကျင်မှုနှင့် အနုပညာ တို့အောင်မြင်ရှင်သန်သည့် ဗဟိုဌာန တစ်ခုအဖြစ်သို့ တိုးတက် ရောက်ရှိခဲ့သည်။ တရုတ်ရဟန်းတော် ဟူရင်ဆန် လက်ထက်တွင် မိဂဒါဝုန်၌ ဘုန်းကြီးကျောင်းနှင့် စေတီပေါင်းများစွာ ရှိသည်။ ရဟန်းသံဃာ (၁၅၀၀) ခန့်ရှိသည်။ ရှေးဟောင်း သုတေသနဆိုင်ရာ စုံစမ်း လေ့လာမှုများအရ မိဂဒါဝုန်တွင် မောရိယ ခေတ်မှသည် အေဒီ ၁၂ ရာစု၏ နောက်ဆုံး နှစ်ဝက်အထိ ဗုဒ္ဓ၀ါဒဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အထောက်အထားများ တွေ့ရှိရသည်။ အာသောကမင်း တရားကြီးခေတ်၌ မိဂဒါဝုန်သည် ဗုဒ္ဓတရားတော် ဖြန့်ချိရာ ဗဟိုဌာန တစ်ခု ဖြစ်လာသည် ။

ဘာသာခြားများ တိုက်ခိုက်ဖျက်ဆီးခြင်း

အေဒီ ၁၁၉၄ ခုနှစ်တွင် မာမွတ်ဂိုရီ ၏ စစ်ဗိုလ်ချုပ်ကြီး ဖြစ်သော ကွတ်ဘွတ်ဒိန် သည် ကျူးကျော် တိုက်ခိုက်၍ ကျောင်းကန်ဘုရားများကို ဖြိုဖျက်ခဲ့သည်။ အာသောက ကျောက်စာတိုင်ကြီးကို ချိုးဖဲ့၍ မြေမှာမြှုပ်နှံလိုက်ကြသည်။ ကံကောင်းထောက်မသဖြင့် ကျောက်စာတိုင်၏ ခေါင်းပိုင်းသည် မပျက်မစီး မြေမြှုပ်နေသဖြင့် ယခုအခါ ပြတိုက်အတွင်း၌ တွေ့မြင်နေရခြင်း ဖြစ်သည်။ ရဟန်းတော် အများစု အသတ်ခံကြရ၍ အချို့မှာ တိဗက်သို့ ထွက်ပြေးသွားကြရသည်။ ဤတွင် မိဂဒါဝုန် သမိုင်းအခန်းကဏ္ဍ ကားပြီးဆုံးခဲ့လေသည်။

ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားလာခြင်း

၁၈၉၁ ခုနှစ်တွင် အနာဂါရိကဓမ္မပါလ မိဂဒါဝုန်သို့ ရောက်လာသော အခါ ဤဒေသမှာ သစ်ပင်ကြီးများ ဖုံးအုပ်လျက် ၀က်မွေးသူများ၏ ၀က်ထိန်းကျောင်းရာ စားကျက်ဖြစ်လျက် ရှိသည်။ ထို့ကြောင့် အနာဂါရိက ဓမ္မပါလ သည် ထိုမြေကွက်ကို ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မိခင်ကြီး မလ္လိကာ ဟေ၀ါဗိကာ ရနေမာလတေနိ ၏အလှူငွေဖြင့် ပထမဦးဆုံး ၀ယ်ယူခဲ့သည်။ ဒုတိယမြေကွက်ကိုမူ ကွယ်လွန်သူ ဘိန်ဂရာဇာ၏ အလှူငွေဖြင့် ၀ယ်ယူသည်။ မိဂဒါဝုန်ကို ကမ္ဘာက အာရုံစိုက်လာအောင် ပြုလုပ်ခဲ့သူမှာ ဤ အနာဂါရိကဓမ္မပါလ ဖြစ်သည်။ သူသည် မဟာဗောဓိ အသင်းကြီး တည်ထောင်၍ အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာ ရောင်ဝါအရှိန်အဟုန်ဖြင့် ထွန်းလင်းတောက်ပစေရန် ကြိုးပမ်းခဲ့လေသည်။ နှစ်ပေါင်း (၈၀၀)ကျော် တိမ်မြှုပ် ပျောက်ကွယ်နေသော ဗုဒ္ဓသာသနာတော်သည် ပြန်လည် အသက်ဝင်လာခဲ့ လေသည်။

ဗြိတိသျှ ကိုလိုနီခေတ်

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက် ဗြိတိသျှ ကိုလိုနီအစိုးရသည် အိန္ဒိယပြည် ၏ အတိတ်သမိုင်းနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်ခဲ့သည်။ ထိုအထဲတွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသည် အဓိကဖြစ်သည်။ ကျောက်စာဌာန ဖွင့်လှစ်ပြီး ရှာဖွေစုဆောင်းခဲ့သ်ည။ ၁၈၁၅ ခုနှစ်တွင် ကာနယ်လ်မက်ကင်ဇီက ဤဒေသကို တူးဖော်ခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဆာအလက်ဇန္ဒာ ကာနယ်လ်ဟန် က စနစ်တကျ တူးဖော်ခဲ့သည်။ ၁၈၅၁ ခုနှစ်တွင် မေဂျာ ဘိတိုးက ဆက်လက် တူးဖော်ခဲ့သည်။ မူလဂန္ဓကုဋိဝိဟာရ ကို ယူပီ ဘုရင်ခံ ဆာဟာကုတ် ဘတ္တဂလာ က ၁၉၂၂ ခုနှစ်တွင် အုတ်မြစ်ချ ဆောက်လုပ် ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျောင်းတော်ကြီး ဆောက်လုပ်ပြီးစီးသည်။

ပဉ္စ၀ဂ္ဂီ (၅)ဦးအား တရားဦးဟောပြီ

မြတ်ဗုဒ္ဓသည် ဗုဒ္ဓဂယာတွင် ဗောဓိဥာဏ်ကို ရရှိပြီးနောက် ဆရာဟောင်း တော်စပ်သူ အာဠရကာလာမ နှင့် ဥဒကရာမပုတ္တ တို့ကို တရားဦး ဟောရန် ရှာဖွေသည်။ နှစ်ဦးစလုံးမှာ ကွယ်လွန်သွားနှင့် ကြပြီးဖြစ်သည်။ ထို့နောက် မိမိ၏ အဖော်မိတ်ဆွေဟောင်း ပဉ္စ၀ဂ္ဂီ (၅)ဦးကို ရှာဖွေသည်။ မိဂဒါဝုန်၌ ရှိကြောင်း သိရှိသဖြင့် မိဂဒါဝုန်သို့ ကြွတော်မူသည်။ ပထမတွင် ပဉ္စ၀ဂ္ဂီ(၅)ဦး တို့က မြတ်ဗုဒ္ဓ မြွတ်ဟတော်မူသည့်အတိုင်း မြတ်ဗုဒ္ဓသည် ဗောဓိဥာဏ်ကို အမှန်တကယ်ရပြီး သူဖြစ်ကြောင်း ယုံကြည်ရန် ငြင်းဆိုသည်။ ထိုအခါ မြတ်ဗုဒ္ဓက ယခင်က ငါသည် သင်တို့အား ဤသို့ ပြောကြားခဲ့ဖူး သလား ဟု မေးမြန်းသောအခါ ၄င်းတို့က မပြောကြားဖူးပါကြောင်း ၀န်ခံကြပြီး တရားကို နာယူရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစက္ကပ၀တ္တနတရား စင်္ကြာကို လည်စေခြင်း ဓမ္မစကြာတရားတော်ကို ပထမဆုံး တရားဦး အဖြစ် ဟောကြား တော်မူလေသည်။

မိဂဒါဝုန်၌ ဟောကြားသော သုတ္တန်တရားတော်များ

မြတ်ဗုဒ္ဓသည် ပထမ၀ါကို မိဂဒါဝုန်တွင် ကုန်လွန်စေခဲ့သည်။ မိဂဒါဝုန်သို့ အကြိမ်ကြိမ် ကြွရောက်တော်မူခဲ့ပြီး အောက်ပါ သုတ္တန် တရားတော်များကို ဟောကြားတော်မူခဲ့လေသည်
  • ဓမ္မစကြာသုတ် (မဇ္ဈိမနိကာယ်)
  • အနတ္တလက္ခဏသုတ် (မဇ္ဈိမနိကာယ်)
  • ပဉ္စသုတ် (သံယုတ္တနိကာယ်)
  • ပါသသုတ် (သံယုတ္တနိကာယ်)
  • ဓမ္မဒိန္နသုတ် (သံယုတ္တနိကာယ်)
  • အာဒိတ္တပရိယာယသုတ်(မဇ္ဈိမနိကာယ်)
  • သစ္စ၀ိဘင်္ဂသုတ် (မဇ္ဈိမနိကာယ်)
  • ရထကာရသုတ် (အဂုင်္တ္တရနိကာယ်)
  • ဒုတိယသမယသုတ် (အဂုင်္တ္တရနိကာယ်)
  • ကဋုဝိယသုတ် (အဂုင်္တ္တရနိကာယ်)
  • မေတ္တယျပဥှာ (ပါရယဏေ၀ဂ်)
  • သစေတနသုတ်
  • မေဇ္စျေသုတ်
  • ဟတ္ထိသာရိပုတ္တသုတ်
  • ပထမမာရပါသသုတ်
စသည်တို့ ဖြစ်လေသည်။

ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ မြတ်ဝေ(ရွှေပြည်သာ) ၏ မိဂဒါဝုန်

Wednesday, February 18, 2009

သိကြားသာသနာဆိုသည်မှာ

သိကြား သာသနာ ဟူသောစကားမှာ သိကြားမင်း၏ အဆုံးအမကို ဆိုလိုသော စကားမဟုတ်ပါ။ မြတ်စွာဘုရားရှင် ခိုင်းစေ တော်မူချက်အရ သိကြားမင်း စောင့်ရှောက်အပ်သော ဗုဒ္ဓသာသနာကို ဆိုသော စကားဖြစ်ပါသည်။ သိကြားမင်း စောင့်ရှောက်အပ်သော သာသနာဖြစ်သောကြောင့် သိကြားသာသနာဟု ခေါ်ဆိုနေကြခြင်း ဖြစ်ပါသည်။

အနာဂတံဥာဏ်တော်ဖြင့် လောကကို ရှုကြည့်တော်မူရာ

မြတ်စွာဘုရားသည် သာသနာတော်ကို စောင့်ရှောက်ရန် သာသနာ့ ဥာဏ်တော်ဖြင့် လောကကို ရှုကြည့်လတ်သော် သီဟိုဠ်ကျွန်းတွင် သာသနာတော် ထွန်းကားလာမည့် သမ္ပတ္တိဂုဏ်ကို မြင်တော်မူ၍ သီဟိုဠ်ကျွန်း၌ ရှင်မဟိန္ဒ သာသနာပြုအံ့သော အကြောင်းကို မိန့်ကြားတော်မူသည်။ သင် သိကြားမင်းသည် ထိုကဲ့သို့ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်းသို့သွား၍ သာသနာပြုသောအခါ၌ အပေါင်းအဖော် အကူအညီ ဖြစ်ပါလေလော့ဟု စေခိုင်း တော်မူခဲ့လေသည်။

သိကြားမင်းကာ "ကောင်းပါပြီ အရှင်မြတ်ဘုရား" ဟု ၀န်ခံစကား လျှောက်ထား၍ ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုသောအခါ အကူအညီ အဖော်သဟဲ ဖြစ်ခဲ့ကြောင်းဖြင့် ၀ိနယပိဋကတ်၊ အဋ္ဌကထာ တွင် ဖော်ပြသည်။

သာသနာရေးကိစ္စမှန်သမျှ သိကြားမင်းစောင့်ရှောက်ရစ်ရန်

ဤအဋ္ဌကထာ၌ မြတ်စွာဘုရားသခင်သည် အရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြုရေး အတွက်သာ သိကြားမင်းအား စေခိုင်းတော်မူပုံကို ပြသော်လည်း ဤကိစ္စတစ်ခုသာမက နောင် ငါဘုရား မရှိသည့်နောက် သာသနာရေး ကိစ္စမှန်သမျှ သင်သိကြားမင်း စောင့်ရှောက် ကူညီရစ်ပါလေ ဟု မှာကြားခြင်း ကိစ္စပြီး၏။

ထိုသို့ စေခိုင်းတော်မူသောအခါ သာဓုဘန္တေ အာမဘန္တေ စသည်ဖြင့် သိကြားမင်း၏ ၀န်ခံချက် ထို အဋ္ဌကထာ၌ မပါရှိသော်လည်း

တဒါသက္ကေည ဒေ၀ါမိန္ဒာ၊ မဟိန္ဒတ္ထေရံ ဥပသင်္ကမိတွာ၊ ဧတဒဝေါစ-
  • ကာလင်္ကတောဘန္တေ၊ မုဋသိဝရာဇာ၊ ဣဒါနိဒေ၀ါနံပိယတိဿ၊ မဟာရာဇာ ရဇ္ဇံကာရေတိ။
  • သမ္မာ သမ္ဗုဒ္ဓေနစ တုမှေ ဗျာကတာ၊ အနာကတေ မဟိန္ဒောနာမ ဘိက္ခု၊ တဗ္ဗပဏ္ဏိဒီပံ ပသာဒေဿတီတိ။
(၀ိနယ ပါဠိတော်၊ အဋ္ဌကထာ)

ဤအဋ္ဌကထာလာ စကားကို ထောက်၍ မြတ်စွာဘုရား ခိုင်းစေတော်မူသော ခဏပင် သိကြားမင်းသည် အာမ၀န်တာ ခံခဲ့သည်ဟု မှတ်ယူရာ၏။ မြတ်စွာဘုရား စေခိုင်းတော်မူချက် အတိုင်း ရှင်မဟိန္ဒ သီဟိုဠ်ကျွန်း၌ သာသနာပြု သောအခါ သိကြားမင်း အကူအညီပေးခြင်းကို ထောက်ဆ၍ မြတ်စွာဘုရား စေခိုင်းတော်မူချိန်တွင် အာမဘန္တေ၀န်ခံ စကား လျှောက်ထားခဲ့သည်ဟု မှန်းဆ၍ သိနိုင်လေသည်။

မြတ်စွာဘုရားနှင့် အမ္ဗဋ္ဌလုင်

ထို့ပြင် မြတ်စွာဘုရားရှင် နှင့် အမ္ဗဋ္ဌလုင် တို့၏ ဇာတ်နှင့်စပ်၍ စကား အခြေအတင် ပြောဆို မိန့်ကြားရာ၌ မြတ်စွာဘုရားက အမ္ဗဋ္ဌလုင်ကို နှစ်ကြိမ်တိုင်ပင် မေးသောအခါ အမ္ဗဋ္ဌလုင်သည် ပေတိပေကပ် မဖြေကြားဘဲ နေမှုနှင့် ပတ်သက်၍ သိကြားမင်းသည် ဗုဒ္ဓရှင်တော်မြတ်အား လျှောက်ထားခဲ့ဖူး လေသည်။

"ဘ၀ဂါ ဓမ္မံ ဒေသေထ"

  • "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင်မြတ်ဘုရားတို့သည် တရားဓမ္မကို ဟောကြား တော်မူ ကြပါကုန်လေ ... "
"တုံမှာကံ အာဏာယ၊ အ၀တ္တမာနေမယံ ၀တ္တာပေဿာမ"
  • အရှင်မြတ်ဘုရားတို့၏ အာဏာတော်ဖြင့် အမ္ဗဋ္ဌ မလိုက်နာသည်ရှိသော် ကျွန်ုပ်တို့သည် ဤ အမ္ဗဋ္ဌကို လိုက်နာစေပါကုန်အံ့ ...

"တုမာကံ ဓမ္မစက္ကံ ဟောတု၊ အမှာကံ အာဏာစက္ကန္တိ ပဋိညံ အကာသိ"
  • အရှင်မြတ်ဘုရား တို့ဘက်က ဓမ္မစက် ဖြစ်ပါစေ။ တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည် ဟု ပဋိညာဉ် ၀န်ခံချက် ပြုခဲ့လေပြီ။
(သီလက္ခန်၊ အဋ္ဌကထာ ၂၃၁)

သာသနာတော် အနှစ် ၅၀၀၀ ကာလပတ်လုံး

တပည့်တော်တို့ဘက်က အာဏာစက် ဖြစ်ပါစေမည်ဟု သိကြားမင်း၏ လျှောက်ထားချက်သည် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံပြီးသည့်နောက် အနှစ် ၅၀၀၀ ကာလပတ်လုံး တပည့်တော် စောင့်ရှောက်ပါမည်။ သာသနာပြု ပုဂ္ဂိုလ် တို့အား ကူညီပါမည်။ အဖော်သဟဲ ဖြစ်စေပါမည်ဟု လျှောက်ထားခြင်း ပေတည်း။

ထို့ကြောင့် မြတ်စွာဘုရားသခင် တာဝန်ပေး စေခိုင်း တော်မူချက်အရ သိကြားမင်း အာမဘန္တေ၀န်ခံတာ၊ သာသနာတော်ကို စောင့်ရှောက်ကြောင်း ခိုင်မာစွာ မှတ်ယူကြရာ၏။ ထိုသို့ နတ်တို့ သနင်း သိကြားမင်း စောင့်ရှောက်သော သာသနာကို ရည်ညွှန်း၍ လူတို့ ဝေါဟာရ သိကြားသာသနာဟု ပြောဆိုနေကြခြင်း ဖြစ်ပေသတည်။

"မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်ပါစေသောဝ် .. .."

ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၄)၊ အမှတ်(၅)၊ (၁၃-၂-၂၀၀၉) မှ ခင်မောင်မိုး(တောင်ကြီး) ၏ သိကြားသာသနာဆိုသည်မှာ

Monday, February 16, 2009

စူဠာမဏိဘုရား


စူဠာမဏိ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။

စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။

စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် ၂၀ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား "ထို တောက်ပသော အရာသည် မီးလော " ဟုမေးမြန်းရာ မှူးမတ်တို့က "မီး" ဟု လျှောက်တင်ခဲ့သည်။ နရပတိ စည်သူများသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀၀ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဥ့်ကွင်းများကို လေ့လာနိုင်သည်။

စူဠာမဏိ ဘုရားတွင် ပုဂံခေတ်၊ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အ၀ါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။

ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဥ့်ဝါနှင့် စဥ့်စိမ်းရောင် စဥ့်ကွက် စဥ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။

ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ
ပုံကို Flicker မှ ရယူထားပါတယ်။

Thursday, February 5, 2009

“ကံကြွေးထပ်နေသမျှတော့ အမှန်ပေးဆပ်နေရဦးမှာပါပဲ”

ကုသိုလ်ကံတွေ၊
အကုသိုလ်ကံတွေဆိုတာ
တကယ်တော့ ‘ကြွေး’ တွေပါပဲ။
ကုသိုလ်ကံကြောင့်
သုဂတိဘုံတွေမှာ
လူ၊ နတ် ဖြစ်နေရတာလည်း
ကြွေးဆပ်နေရတာပါပဲ။
အကုသိုလ်ကံကြောင့်
ဒုဂ္ဂတိဘုံတွေမှာ
ငရဲ၊ တိရစ္ဆာန်ဖြစ်နေရတာလည်း
ကြွေးဆပ်နေရတာပါပဲ။
ရုပ်နာမ်ခန္ဓာပိုင်ရှင်
သတ္တ၀ါမှန်သမျှ
ကြွေးဆပ်နေရသူတွေချည်းပါပဲ။
‘ကြွေးဆပ်’ နေရတာကိုပဲ
‘ပေးဆပ်’ နေရတယ်လို့
ယဉ်ယဉ်ကျေးကျေး သုံးနှုန်းကြပါတယ်။
အတိတ်ကံကြောင့် ရလာတဲ့
ရုပ်နာမ်ခန္ဓာကို
ပြုစုစောင့်ရှောက်နေရတာဟာ
‘ပေးဆပ်’ နေရတာပါ။
ခန္ဓာစားဖို့၊ ခန္ဓာဝတ်ဖို့၊
ခန္ဓာနေဖို့၊ ခန္ဓာကျန်းမာဖို့၊
ခန္ဓာချမ်းသာဖို့
နည်းအမျိုးမျိုးနဲ့
ရုန်းကန် လှုပ်ရှားနေရတာဟာ
‘ပေးဆပ်’ နေရတာပါ။

( Dr. Khin Zar Htun Kyi )

“သူအသုံးတည့်ရင် အတည့်သုံးသူပါပဲ”

ကိုယ်မသုံးတော့တဲ့
ပစ္စည်းဟောင်းတစ်ခု
သို့မဟုတ်…
ကိုယ့်အတွက် အသုံးမလိုတဲ့
ပစ္စည်းသစ်တစ်ခုကို
ဘယ်သူ့ကိုမှ မပေးမစွန့်ဘဲ
သိမ်းဆည်းထားရင်
ကိုယ့်အတွက်
အဲဒီပစ္စည်းဟာ အမှိုက်ပါပဲ။
‘ငါ့ပစ္စည်း’၊ ‘ငါ့ဥစ္စာ’နဲ့ စွဲနေရင်
တဏှာဒိဋ္ဌိ ကိလေသာတွေတောင်
တိုးပွားလာဦးမှာပါ။
အသုံးလိုတဲ့သူ
အသုံးတည့်တဲ့သူကို
ပေးလိုက်လှူလိုက်
စွန့်ကြဲလိုက်မယ်ဆိုရင်တော့
‘ကာလဒါန’ လို့ခေါ်တဲ့
‘အချိန်ကိုက်အလှူ’ ဖြစ်သွားပါတယ်။
လိုအပ်သူကို
လိုအပ်ချိန်မှာ
လိုအပ်တာ လှူလိုက်ရတဲ့
ကာလဒါနအလှူရှင်မှာလည်း
လိုအပ်ချက်မှန်သမျှ
အချိန်ကိုက် အခါကိုက်
ပြည့်စုံလာနိုင်ပါတယ်။
လောလောဆယ်မှာ
သူ့အတွက် အကျိုးရှိသွားတဲ့အပြင်
နောင်တစ်ချိန်မှာလည်း
ကိုယ့်အတွက်
တန်ဖိုးမဖြတ်နိုင်အောင်
အကျိုးရှိလာနိုင်ပါတယ်။

( Dr. Khin Zar Htun Kyi )

Monday, February 2, 2009

သာသနာတော်ဘွဲ့တံဆိပ်များ

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို အစဉ်အလာ အတိုင်း ဆက်ကပ်ခဲ့ရာမှ ၁၉၉၂ ခုနှစ်တွင် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် အမျိုးပေါင်း ၂၀ ကို အသစ်ထပ်မံ တီထွင်ပြဋ္ဌာန်း၍ ရဟန်း ပုဂ္ဂိုလ်များသာကမ သာသနာ့ နွယ်ဝင် သီလရှင် ဆရာကြီးများ၊ ဥပါသကာ၊ ဥပါသိကီ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၂၂ မျိုးကို နှစ်စဉ် ဇန်န၀ါရီလ ၄ ရက်နေ့ တွင်နိုင်ငံတော်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆက်ကပ်အပ်နှင်းခဲ့သည်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲကို သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသဏ လိုဏ်ဂူတော်ကြီး၌ နှစ်စဉ် တပေါင်းလတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ဘွဲ့တံဆိပ်တော် ၂၂ မျိုး
  • ၁။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့
  • ၂။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့
  • ၃။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့
  • ၄။ အဂ္ဂမဟာပဏ္ဍိတဘွဲ့
  • ၅။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၆။ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့
  • ၇။ မဟာဓမ္မကထိကဗဟုဇနဟိတရေဘွဲ့
  • ၈။ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့
  • ၉။ မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့
  • ၁၀။ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၁၁။ မဟာကမ္မဋ္ဌာနာစရိယဘွဲ့
  • ၁၂။ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့
  • ၁၃။ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့
  • ၁၄။ သဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၁၅။ ကမ္မဋ္ဌာနာစရိယဘွဲ့
  • ၁၆။ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့
  • ၁၇။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့
  • ၁၈။ သီရိသုဓမ္မသိင်္ဂီဘွဲ့
  • ၁၉။ သီဟသုဓမ္မမဏိဇောတဓရဘွဲ့
  • ၂၀။ သီဟသုဓမ္မသိင်္ဂီဘွဲ့
  • ၂၁။ သုဓမ္မမဏိဇောတဓရဘွဲ့
  • ၂၂။ သုဓမ္မသိင်္ဂီဘွဲ့။

Thursday, January 29, 2009

မြတ်သော လူပုဂ္ဂိုလ်

မြတ်သော လူသား

ဤလူ့ဘ၀၌ လူသားများစွာ နေထိုင်ကြသော်လည်း လူတို့၏ ကိုယ်ကျင့်တရား ကမ္မလုပ်ဆောင်မှု ကံတို့ဖြင့် တိုင်းတာ ရေတွက်ကြည့်လျှင် လူမျိုး ၄ မျိုးသာ တွေ့နိုင်ပေသည်။

၁။ ပေတမနုဿ
  • ဒါန ပေးကမ်းလှူဒါန်း ရမှန်းမသိဘဲ စည်းစိမ် ဥစ္စာတို့အပေါ်၌ တွယ်တာမက်မောမှု လောဘက ပြိတ္တာဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို ပေတမနုဿ လူပြိတ္တာ ဟုခေါ်သည်။

၂။ တိရစ္ဆာန မနုဿ
  • ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ် တရားကို မပြုလုပ်ဘဲ တွေဝေမှု မောဟက တိရစ္ဆာန်ဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို တိရစ္ဆာန မနုဿ လူတိရစ္ဆာန် ဟုခေါ်သည်။

၃။ နိရယ မနုဿ
  • လူပုဂ္ဂိုလ်စာရင်း ၀င်သော်လည်း ကုသိုလ် ကောင်းမှုမပြုဘဲ ဒေါသအလျှောက် သူတစ်ပါး အသက်သတ်ခြင်း၊ အကုသိုလ် ဒုစရိုက်တရား တို့ကို လိုလားစွာ ပြုလုပ်၏။ ထိုဒေါသတရားက ငရဲဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို နိရယ မနုဿ လူငရဲသား ဟုခေါ်သည်။

၎။ ပရမတ္တ မနုဿ
  • ထိုပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကို သိ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိ၏။ ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန်ပိုင်းခြား သိတတ်၏။ ထိုပုဂ္ဂိုလ်ကို ပရမတ္တ မနုဿ မြတ်သောလူ ဟု ခေါ်သည်။

ထိုလူပုဂ္ဂိုလ် ၄ မျိုးတွင် ပေတမနုဿ၊ တိရစ္ဆာန မနုဿ၊ နိရယ မနုဿ ၃ မျိုးကား လူဟု ခေါ်ဆိုရသော်လည်း ပစ္စုပ္ပန်နှင့် အနာဂတ် ကာလအတွက် ကုသိုလ်ကောင်းမှု မရှိကြ။ အိပ်၊ စား၊ ကာမ ဤသုံးဝတွင် ဂေါနနှင့် လူအတူ တူတည်း ဟု နီတိ ဆိုရိုးစကားအတိုင်း အကျင့်သုံးပါးသာ ကျင့်သော လူတိရစ္ဆာန် များသာဖြစ်သည်။ လူဖြစ်ရှုံးနေကြသူများဟု ဆိုရပေမည်။

မနုဿ သတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကို ရခဲ၏။ ရခဲသော လူအဖြစ်ကို ရလာလျှင်လည်း လူဖြစ်ကျိုးနပ်ဖို့ လိုပေသည်။ လူဖြစ်လာလျှင် ကုသိုလ်၊ အကုသိုလ်ကို သိရာ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိရာ၏။ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန် ပိုင်းခြား သိတတ်သော ပရမတ္တ မနုဿ မြတ်သောလူ အမျိုးအစားသာ ဖြစ်သင့်ပေသည်။

Posts

Followers

Labels

Comments