အချစ်ဆိုတာ
အပူလောင်ဆုံး အနှိုင်းမဲ့မီးလို့
ဘယ်လိုပဲ ပြောပြော၊
ပုထုဇဉ်နယ်ပယ်မှာတော့
အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ ဆားလို
မရှိမဖြစ် ဖြစ်နေပါတယ်။
ငရုတ်သီးထဲကပိုးဟာ
အပူကို လုံးဝမကြောက်တော့သလို
အပူကြိုက်လွန်းလို့ အပူပြီးနေတဲ့
ပုထုဇဉ်အများစုဟာလည်း
အချစ်ကို ပူလောင်တယ်လို့တောင်
မထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမို့မီးတိုးနေတာပါလို့
ဆင်ခြေပေးနေပြန်တော့လည်း
ဘာများတတ်နိုင်ဦးမှာတဲ့လဲ။
မရှိမဖြစ်ဆားဆိုပေမယ့်
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကို မရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ၊ ၀ိပဿနာ
တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။
တရားအလုပ်ခွင်မှာတော့
အချစ်ကို
ကာမစ္ဆန္ဒနီဝရဏ လို့ခေါ်ပါတယ်။
သူက တိုးပွားအောင်လုပ်ရမယ့်အရာ
မဟုတ်ပါဘူး။
ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။
Monday, March 16, 2009
အပူပြီးရင် အပြီးပူနေမယ်
Posted by ကဗျာမ လေး at 7:16 PM
Labels: နေ့စဉ်နှလုံးသွင်းရန်
Subscribe to:
Post Comments (Atom)
1 comments:
သွေးတိုးရောဂါရှိတဲ့သူကတော့
ဆားကို မရှောင်မဖြစ်
ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့
သမထ၊ ၀ိပဿနာ
တရားချမ်းသာကို
ခံစားချင်တဲ့သူဟာလည်း
အချစ်ကိုဝေးဝေးရှောင်ဖို့
လိုအပ်ပါတယ်။
ပြောထားတာ ဒါလိုချင်ရင် ဒါကိုပယ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဟုတ်ပါတယ် ညီမလေး ဒါပေမယ့် တခုက ဆုတ်ယုတ်နေတာကို ပုံမှန်ဖြစ်ဖို့အတွက်ရှောင်တာ တခုက ပုံမှန်ကနေ ဒီထင့်မြင့်မားတဲ့ အဆင့်ကိုတက်လှမ်းဖို့ ရှောင်တာဖြစ်တယ်ဆိုတော့ ရောဂါဖြစ်လို့ ဆားရှောင်ရတာနဲ့ တရားရှာချင်လို့ အချစ်ကိုရှောင်တဲ့အနှစ်သာရ နှစ်ခုက လုံးဝကြီးကို ကွဲပြားနေပါတယ်။ တရားရဲ့တန်ဖိုးကို ပေါ်လွင်စေဖို့ဆိုရင် နောက်ပိုင်း ဥပမာပေးဖြစ်ရင် သူတော်ကောင်းတရားရှာသူတွေကို အခုလို ရောဂါသည်နှင့် နှိုင်းပြီးဥပမာ ပေးတာထက် တခြားအနှစ်သာရ စံချင်းတူတာနဲ့ ဥပမာမျိုးကို ပေးနိုင်အောင် ကြိုးစာဖို့ အစ်မ အကြံပြုတာပါ ညီမလေး။ အမှားပါသွားရင်လည်း တောင်းပန်ပါတယ်နော်။
Post a Comment