ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, December 29, 2008

နန်းဘုရား


နန်းဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိ စည်သူမင်း၏ သားမက်၊ မနုဟာမင်း၏မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၄င်း၏ဘေးတော် ဖြစ်သော မနုဟာမင်း နေထိုင်ရာအရပ်၌ အထိမ်းအမှတ် အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။ နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရား အတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်းကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီး လေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖတ်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံ ကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့်ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများ နှင့် ထောင့်ချိုး ဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။

ထိုရုပ်ပုံများကို ကျောက်သား တစ်တုံးစီ၌ ရုပ်ပုံ အပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။ နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ဆောက်လုပ် ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကာလသာအိုး (ကြာသွတ်အိုး) ပုံခံ ထားပြီး အထက်တွင် ကြာပန်းကြာနွယ်များ အကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန် ဆာဆင်ထားသည်။

နန်းဘုရား၏ ဇာပြတင်းပေါက် များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက် ပတ်လည်တွင် ကျောက်ဆစ် ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင် မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေ နတ်သမီး (ကျော်ဂြီ-Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုး ပုံများကို ထွင်းထုထားသည်။

Friday, December 26, 2008

နဂါးရုံဘုရား


နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Wednesday, December 24, 2008

မေတ္တာပုဗ္ဗဘာဂပဋိပဒါ (သို့မဟုတ်) ကမ္မဋ္ဌာနူပစာ

၁။ သက္ကောစ = စွမ်းနိုင်သူ
၂။ ဥဇူစ = ဖြောင့်ဖတ်သူ
၃။ သုဟုဇူစ = အလွန်ဖြောင့်မတ်သူ
၎။ သုဝစောစ = ဆိုဆုံးမလွယ်သူ
၅။ မုဒုစ = နူးညံ့သူ
၆။ အနတိမာနိ = မာန်မာနမရှိသူ
၇။ သန္တုဿကောစ = ရောင့်ရဲလွယ်သူ
၈။ သုဘရောစ = မွေးမြူလွယ်သူ
၉။ အပ္ပကိစ္စော = ကိစ္စနည်းပါးသူ
၁၀။ သလ္လဟုက၀ုတ္တိ = ပေါ့ပါးသောအဖြစ်ရှိသူ
၁၁။ သန္တိန္ဒြိယောစ = ငြိမ်သက်သော ဣနြေ္ဒရှိသူ
၁၂။ နိပကောစ = ရင့်ကျက်သောပညာရှိသူ
၁၃။ အပ္ပဂမ္ဘော = မကြမ်းတမ်း/ မရိုင်းပြသူ
၁၄။ ကုလေသွနနုဂိဒ္ဓေါ = လူတို့၌ မတွယ်တာသူ
၁၅။ နစခုဒ္ဒမာစရေကိဉ္စိယေန၀ိညူ ပရေဥပ၀ဒေယျုံ =
       ပညာရှိများ ကဲ့ရဲ့မည့် အနည်းငယသော အပြစ်သော်မှလည်း ရှောင်ကျဉ်သူ

Sunday, December 21, 2008

မိတ်ဆွေ နှင့် ရန်သူ


မိမိသည်သာလျှင် မိမိ၏ မိတ်ဆွေအစစ် ဖြစ်သကဲ့သို့ ရန်သူအစစ်လည်း ဖြစ်နိုင်ပါသည်။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်လျှင် မိမိသည် မိမိ၏ မိတ်ဆွေ အစစ်ဖြစ်သည်။ မကောင်းမှု အကုသိုလ်၌ မျောနစ်လျှင် မိမိသည် မိမိ၏ ရန်သူအစစ် ဖြစ်သည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

ဝါကြွားခြင်း


မိမိနှုတ်က ထွက်သောစကားတိုင်းကို မိမိသည်ပင် တာဝန်ခံရ လေရာ မှန်သောစကား ကို တာဝန်ခံမည်လား၊ ၀ါကြွားပြောသော စကားကို တာဝန်ခံမည်လား။ မှန်သော စကားကို တာဝန်ခံခြင်းသည် သစ္စာထိုက်သော ကြောင့် မိမိအား ကောင်းကျိုး ပေးပေလိမ့်မည်။ ၀ါကြွားပြောသော စကားကို တာဝန်ခံခြင်းသည် မုသား၌ ရှေးရှု အကျုံးဝင် သောကြောင့် မိမိအား ဆိုးကျိုးကိုသာ ပေးဝေပေ လိမ့်မည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

လူ့တန်ဖိုး

လူ၏ စစ်မှန်သော တန်ဖိုးသည် စည်းစိမ်ရှင်၊ ဥစ္စာရှင် အဖြစ် မတည်ပါ။ လောကအကျိုး၊ လူသားအကျိုး သယ်ပိုး ထမ်းဆောင်နိုင်မှု အပေါ်တွင်သာ တည်မှီပါသည်။ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက် လူသေသော်လည်း နာမည် မသေဘဲ ထင်ရှား ကျော်ကြားခဲ့သူများမှာ စည်းစမ်ရှင်၊ ဥစ္စာရှင် မဟုတ်။ လူသားအကျိုးပြု အသိပညာရှင်၊ အတတ် ပညာရှင်များသာ ဖြစ်ပါ၏။ လောကကို သာယာစေသော၊ လှပစေသော၊ မွှေးရနံ့သင်းပျံ့စေသော စေတနာရှင်၊ ကျေးဇူးရှင်ကြီးများ၏ ဂုဏ်သတင်းသည် နှစ်ကာလ ပရိစ္ဆေဒ များစွာကို ကျော်လွှား ဖြတ်သန်းလျက် အစဉ်ထာဝရ သင်းထုံ မွှေးကြိုင်လျက် ရှိသည်သာ ဖြစ်ပါ၏။

မင်းနန်(မော်ကျွန်း) ၏ နှလုံးလှ ဓမ္မာစာစု မှ

အလဲအလှယ်

သူ၏ နှလုံးသား၌ သိမ်မွေ့မှုရှိသည်။ နူးညံ့မှု ရှိသည်။ ရိုးသားမှုရှိသည်။ သန့်စင်မှုရှိသည်။ မြင့်မြတ်မှု ရှိသည်။ နှလုံးသား၌ တည်သော ဤအလှတရားများကို ငွေကြေးဖြင့် ဖြစ်စေ၊ အခွင့်အရေး တစ်စုံတစ်ရာဖြင့် ဖြစ်စေ အလဲအလှယ်ပင် မလုပ်သင့်။ စိန်ရွှေ ရတနာ ဓနဥစ္စာတို့ကို ၀ိသမလောဘဖြင့် ရယူလိုမှု အကြောင်းပြုပြီး နှလုံးသား အလှတရားကို အထိအပါး မခံသင့်၊ အပွန်းအပဲ့ မခံသင့်၊ အဆုံးအရှုံး မခံသင့်။ ။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစမှ

တန့်ကြည့်တောင်စေတီ


တန့်ကြည့်တောင်

ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာ စေတီနှင့် တူရင်းတောင် စေတီ တို့ဖြစ်သည်။ မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမျှော် ကြိုညိုပါက လိုရာဆန္ဒပြည့်ဝ မည်ဟု ယုံကြည်ကြသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောက မင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင် ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။

တန့်ကြည့်တော် စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

Sunday, December 14, 2008

လောကနန္ဒာစေတီ



လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာ ခဲ့သည်။


လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။

လောကနန္ဒာ စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ် ကဲ့သို့ ဖြစ်နေသည်။


လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင် ပါသည်။

Wednesday, December 10, 2008

စိမ်းညက်အမဂူဘုရားနှင့် စိမ်းညက်ညီမစေတီ


စိမ်းညက်အမ ဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး စိမ်းညက်ညီမ စေတီသည် သီဟိုလ်ပုံ စေတီဖြစ်ကာ ခရစ် (၁၂)ရာစု ကတည်းက တည်ခဲ့သည်။


ပုဂံဒေသရှိ ဂူဘုရားနှင့် စေတီကို ပူးတွဲ တည်သည့် ရှေးဟောင်း သာသနိက အဆောက်အအုံ နှစ်ခု ( ဖြတ်စရွှေကူ နှင့် ပုထိုး/ စိမ်းညက်အမဂူ ဘုရားနှင့် စိမ်းညက် ညီမစေတီ အနက် တစ်ခု ) အပါအ၀င် ဖြစ်သည်။


စိမ်းညက်အမ ဂူဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာ များရှိသည်။ စိမ်းညက်အမဂူ အတွင်းစင်္ကြ ပတ်လမ်းနံရံ ရုပ်တုများ နောက်ရှိ ဗောဓိပင် ပုံများ၊ တောင်ဘက် အာရုံခံ ခန်းမတွင် ဗုဒ္ဓရုပ်ပွားပုံ ပါရှိသည့် စက်ဝိုင်းပန်း အထပ်များ၊ သစ်ရွက်ပုံ ပန်းတန်းများ၊ အရှေ့ဘက် အ၀င် ခန်းမနံရံတွင် (၅၅၀) ဇာတ်ကွက် ပန်းချီများနှင့် ကနုတ်ပန်း နံရံပန်းချီများ ရှိသည်။

Friday, December 5, 2008

ဂတိ (၅)ပါး



(၁) ဒေဝဂတိ
နတ်ပြည်မှ နတ်သား၊ နတ်သမီးများ
(၂) မနုဿဂတိ
လူ့ပြည်မှ လူယောက်ျား၊ လူမိန်းမများ
(၃) နိရယဂတိ
ငရဲပြည်သို့ ကျရောက်ခြင်း
(၄) တိရစ္ဆာနာဂတိ
တိရစ္ဆာန်တစ်မျိုးမျိုး ဖြစ်နေခြင်း
(၅) ပေတဂတိ
ပြိတ္တာဘုံသို့ ရောက်ပြီး ပြိတ္တာ(တစ္ဆေ)ဖြစ်ရခြင်း။

ဘဝတစ်ပါးသို့ ပြောင်းသွား ကွယ်လွန်သူတွေမှာ သာဓု ခေါ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို သာဓုမခေါ် ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိပါတယ်။ ဘဝတစ်ပါးကို ပြောင်းသွား၊ ကွယ်လွန်ကြသူ မည်သူမဟူ (နိဗ္ဗာန်မ၀င် နိုင်သေးသမျှ) လားရာ ရောက်ရာ ဂတိ(၅)ပါးမှာ ကျင်လည် နေကြရပါတယ်။

သာဓုခေါ်ဆိုခြင်းနဲ့ ပတ်သက်လို့ ဂတိ(၅)ပါးမှာ ကောင်းတဲ့ ဂတိတွေကို ရောက်သွား ရင်လည်း သာဓု မခေါ်တော့ပါဘူး။ ဒေ၀ဂတိ (နတ်ဖြစ်)၊ မနုဿတိ (လူဖြစ်)သွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ မကောင်းတဲ့ ဂတိ ဒုဂ္ဂတိ ဖြစ်တဲ့ နိရယဂတိ (ငရဲကျသူတွေ)၊ တိရစ္ဆာနဂတိ (အဟိတ်တိရစ္ဆာန် ဖြစ်သွားသူတွေ) နဲ့ ပေတဂတိ (ပြိတ္တာဘုံ ရောက်သွား သူတွေ) ဟာလည်း သာဓု မခေါ်ဆို နိုင်ပါဘူး။

ပေတဂတိ ဆိုတဲ့ ပြိတ္တာ တွေမှာ ခြွင်းချက် ရှိပါတယ်။ မြောက်မြားစွာသော ပြိတ္တာ တွေထဲမှာ ပရဒတ္တူ ပဇီတိက ဆိုတဲ့ ပြိတ္တာမျိုးတွေသာ သာဓု ခေါ်ဆိုနိုင်ကြတာကို သိရပါတယ်။ ပရဒတ္တူ ပဇီဝိတ ဆိုတာကတော့ ပရ= သူတစ်ပါးတို့ရဲ့၊ ဒတ္တ= ပေးဝေတဲ့ အမျှကို၊ ဥပ= အမှီ ပြုကြပြီးတော့ ၊ ဇီဝိတ= အသက်ရှင်နေသူ တွေ ဖြစ်ပါတယ်။ ဒီပြိတ္တာတွေဟာ သူတို့ဖြစ်ရာ ဘ၀တွေမှာ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ်ဆင်းရဲ စတဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက် စေနိုင်တဲ့ သာဓု ကို ခေါ်ချင်ကြပါတယ်။ ငါတို့ကို ရည်မှန်းပြီး ဘယ်သူကများ အမျှအတန်း ပေးဝေကြ မလဲ လို့မျှော်လင့် နေသူတွေ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ပေးဆပ်ချက် (အမျှဝေမှု)နဲ့ အသက်ရှင်နေတဲ့ ပြိတ္တာတွေလို့ ဆိုရပါမယ်။

သာဓု ခေါ်ဆိုခြင်းဟာ ဘာမှ အရင်းမစိုက် ရပါဘဲနဲ့ (ငွေကြေး ဥစ္စာ မကုန်ကျဘဲနဲ့) ရရှိတဲ့ ကုသိုလ် တစ်မျိုးဖြစ်ပါတယ်။ အမျှပေးဝေတဲ့ သူလည်း အမျှဝေတဲ့အတွက် သူရဲ့ ကုသိုလ်ဒါန လျော့ကျမသွားဘဲ သာဓု ခေါ်တဲ့ ပုဂ္ဂိုလ်လည်း ရရှိစေပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ဒေသနာတော်မှာ ဆီမီး ကူးညှိ ထွန်းခြင်း၊ ပဲ့တင်သံ၊ အရိပ်၊ တံဆိပ်တုံး၊ (ဓာတ်ပုံရိုက်ခြင်း) စတဲ့ ဥပမာတွေ ပြဆိုထား ပါတယ်။ ဆီမီးတစ်တိုင်မှ မီးကူးဆက်ပြီး ထွန်းချင်သလောက် ထွန်းပေမယ့် ပထမဆီမီးတိုင် လျော့မသွားသလို ဆိုလိုခြင်း ဖြစ်ပါတယ်။

(အကျဉ်းမျှ တင်ပြခြင်းဖြစ်ပါတယ်။)

Monday, December 1, 2008

ရွှေဆံတော်စေတီ

ရွှေဆံတော်စေတီကို အေဒီ (၁၀၅၇) တွင် အနော်ရထာမင်း တည်ခဲ့သည်။ ဥဿာပဲခူးမင်းသည် ပုဂံ အနော်ရထာမင်း၏ စစ်ကူကြောင့် ကျွမ်းစစ်သည်မျာကို အောင်နိုင် ခဲ့သည်။ ဥဿာပဲခူးမင်း သည် အနော်ရထာမင်းကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် မွန်မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ဗုဒ္ဓ ဆံတော်တစ်ဆူနှင့် သမီးတော် မဏိစန္ဒာကို ဆက်သခဲ့သည်။ အနော်ရထာ မင်းသည် ဗုဒ္ဓဆံတော်ကို စလေသို့ ကိုယ်တိုင် ဆင်း၍ ကြိုယူခဲ့သည်။ အေဒီ (၁၀၅၇)တွင် ထို ဗုဒ္ဓရွှေဆံတော်ကို ဌာမနာ၍ ရွှေဆံတော် စေတီတည်ခဲ့သည်။ ရွှေဆံတော် စေတီတွင် မဟာပိန္နဲနတ်ရုပ်များ ပြုလုပ်ထား၍ မဟာပိန္နဲ ဘုရားဟုလည်း ခေါ်ဝေါ်ခဲ့ ကြသည်။ ရွှေဆံတော် စေတီကို လေးထောင့် ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာ ၀န်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ် စသည်ဖြင့် ၀န်းဝိုင်းရှုးတက်ကာ အထွတ် စေတီတင်ထားသည်။

ရွှေဆံတော် စေတီ၏ မျက်နှာလေးဘက်တွင် ဂန္ဓကုဋီတိုက်များရှိပြီး အတွင်းတွင် သဲကျောက် အမာစာဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။

Sunday, November 30, 2008

မဟာဗောဓိဘုရား



မဟာဗောဓိဘုရားသည် မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရား ဖြစ်ပြီး ၂၆-၃-၁၂၁၆ တွင် နားတောင်းများမင်းက တည်ခဲ့သည်။


အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာဒေသရှိ မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်စတင် ရရှိသည့် မဟာဗောဓိ ညောင်ပင်အနီးတွင် မဟောဗောဓီပုထိုး ပျက်စီး ယိုယွင်း နေသည်ကို ကြားသိရပြီး သွားရောက်ပြင်ဆင် မွမ်းမံခဲ့ရာမှ မြန်မာတို့ မဟာဗောဓိ ဘုရား ပုံသဏ္ဍာန်ကို သိရှိခဲ့သည်။ နားတောင်းများ မင်းလက်ထက်တွင် အိန္ဒိယနိုင်ငံရှိ မဟာဗောဓိဘုရား ပုံစံအတိုင်း တည်ခဲ့ခြင်း ဖြစ်ပြီး မူလက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ကဲ့သို့ ပုဂံမဟာဗောဓိဘုရား ပတ်ဝန်းကျင်တွင် သတ္တဌာန ဆိုင်ရာ အမှတ်အသား အဆောက်အအုံ များရှိခဲ့သည်။



မဟာဗောဓိ ဘုရားအပေါ်ထပ် လိုဏ်အရှေ့ နံရံတွင် ပထမ အင်းဝခေတ် ရေးကမ္ပည်း မင်စာ (၁၃)ကြောင်း ရှိသည်။ တိုက်မ၏ အပြင်နံရံ ကွမ်းတောင်အရှည်၏ အပြင်နံရံ များတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကဲ့သို့ မုခ်ကပ် အချိုင့်များ ပြုလုပ်ကာ မတ်တပ်ရပ်၊ လျောင်းတော်မူ၊ ဗုဒ္ဓရုပ်ပွားတော် ပေါင်းများစွာကို ထည့်သွင်းထားသည်။


မဟာဗောဓိဘုရား အပြင်တွင် အင်္ဂတေ ပန်းတော့ လက်ရာများဖြစ်သည့် အင်္ဂတေ ပန်းတန်းများ၊ ငှက်ရုပ်၊ နတ်ရုပ်များဖြင့် တန်ဆာဆင်ထားသည်။

Wednesday, November 26, 2008

လေးမျက်နှာဘုရား

လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးတို့က တည်ခဲ့သည်။

လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊ တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌ ကလသားအိုး အယောင်နှင့် တူသော တင့်တယ်စွာသော စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊ စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း တရားနာ ပရိသတ်များအတွက် ဓမ္မသာလာ ဆောက်ခြင်း၊ သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊ သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့် အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန် တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့် ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန် သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက် ပျက်စီးနေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။ ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင် မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ (နံရံအောက်ပိုင်းထုံးသုတ်လိုက်၍ နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။) များကို ကမ္ပည်းစာနှင့် တကွ လေ့လာနိုင်သည်။ ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင် ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊ နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

Monday, November 24, 2008

ဂူပြောက်ငယ် (မြင်းကပါ)







ဂူပြောက်ငယ် (မြင်းကပါ) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈) တွင် တည်ခဲ့သည်။ ဂူပြောက်ငယ် (မြင်းကပါ)သည် နားထောင်များ (ထီးလိုမင်းလို) မင်းငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့ မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်း သုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။

ဂူပြောင်ငယ် (မြင်းကပါ) ဘုရားတွင် နံရံဆေးရေး ပန်းချီဆေးရေးပန်းချီ အင်္ဂတေ ပန်းတော့လက်ရာနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ ကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား အတွင်း အ၀င်ခန်းမ၊ စင်္ကြလမ်းနှင့်  တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ်ဇာတ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ (၁၃၁၃) နှစ်ရေး ကမ္ပည်းစာ (၁၃)ကြောင်း ရှိပြီး "ကျောင်းဖြူ နန်းကျမင်း ကောင်းမှု ဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း " မှတ်တမ်း ဖြစ်သည်။

ဂူပြောက်ငယ် (မြင်းကပါ)ဘုရား၏ အပြင်ဘက် မျက်နှာစာ တွင် အင်္ဂတေပန်းတော့ လက်ရာများ လေ့လာနိုင်သည်။ ဘုရားအလယ် မဏ္ဍိုင်လေး မျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးချယ် အင်္ဂတေ တံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။

ဂူပြောက်ငယ် (မြင်းကပါ) ဘုရား၏ အလယ်မဏ္ဍိုင် ပတ်လည်တွင် စင်္ကြလမ်းရှိပြီး စင်္ကြပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓ၀င်ခန်း ကျောက်ဆစ် ပန်းတမော့ လက်ရာများရှိသည်။ (၁၉၉၃) ခုနှစ်တွင် ဗုဒ္ဓ၀င် ခန်းကျောက်ဆစ် ရုပ်တုရှစ်ဆူကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုပြုတိုက်သို့ ရွှေ့ပြောင်း ပြသထားသည်။

Tuesday, November 18, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၅)

၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၅။ ဓာတ်တော်ကွယ်ခြင်း

ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင် ၁။ ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊ ၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့ ၃။ ဓာတုပရိနိဗ္ဗာန် ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။ ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ဝယ် စုတိကမ္မဇရုပ်များ ချုပ်ငြိမ်း တော်မူခြင်းသည် ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ဆိုပါသည်။

ဘုရားရှင်၏ သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်
သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌ ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊ ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။

ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့ ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့ စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍ ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊ သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည် ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။

ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။ ထိုနေရာသို့ စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ် သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့ ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။

ဤသို့ဖြင့် ဝေနေယျမျာစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက် ချုပ်ငြိမ်း ရပါလိမ့်မည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကြီး ယခုလို နေလိုလလို ထွန်းတောက်ဆဲ ကာလ၀ယ် အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်ကာ ကုသိုလ်ကောင်းမှု အစုစု၌ အပ္ပမာဒ သတိတရားဖြင့် တတ်အားသရွေ့ ကြိုးစားနိုင် ကြစေရန် စေတနာသန့်သန့်ဖြင့် တင်ပြလိုက်ရပါသည်။

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၄)


၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း

ရဟန်းအသွင်အပြင်ကို လိင်္ဂ ဟု ခေါ်ပါသည်။ ၀ိနည်း စည်းကမ်းများ ချို့ယွင်းလာသဖြင့် ရဟန်း သံဃာတော် များ၏ သပိတ်၊ သင်္ကန်း သုံးစွဲပုံမှာ ကြည်ညိုဖွယ် မရှိတော့။ ဖြစ်ကတတ်ဆန်း ဝတ်ရုံ သုံးစွဲကြကုန်သည်။ ထိုအခါ ရဟန်း အသွင် ကွယ်ပျောက်ပြီး လိင်္ဂသာသနာ ကွယ်ပျောက်လေတော့သည်။

Monday, November 17, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၃)


၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသနာကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၃။ ပရိယတ္တိသာသနာ ကွယ်ခြင်း
ဘုရားဟော ပါဠိတော်များနှင့် အဋ္ဌကထာ စသည်တို့ကို ပရိယတ္တိသာသနာဟု ခေါ်ပါသည်။ ထိုကျမ်းစာများ ကွယ်ပျောက် ခြင်းကို ပရိယတ္တိသာသနာ ကွယ်သည်ဟု ခေါ်ပါသည်။ ဘုရားဟော ပိဋကတ်တော်များ ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိသာသနာ မကွယ်နိုင်ပါ။ ကာလကြာသော ဆရာ ဒကာ ချို့ယွင်းမှုကြောင့် ပရိယတ္တိသာသနာ စတင်ကွယ်ပျောက် လေတော့သည်။

ထိုအခါ အဘိဓမ္မာပိဋကတ် စတင်ဆုတ်ယုတ်ပါတော့သည်။ အဘိဓမ္မာ ပိဋကတ်တွင်လည်း ပဋ္ဌာန်းက စတင်၍ ဓမ္မသင်္ဂဏီအထိ အစဉ်အတိုင်း ဆုတ်ယုတ်ပါသည်။ ထို့နောက် အဂုင်္တ္တိုရ်၊ သံယုတ်ပါဠိတော် ဒီဃနိကာယ် အထိ ဆုတ်ယုတ်ပြီး ဒီယနိကာယ် ကွယ်ပျောက်လျှင် သုတ္တန်ပိဋကတ်တော်နှင့် ဇာတ်တော်မျှ ကိုသာ ဆောင်နိုင်ကြတော့ သည်။ ၀ိနည်းကို လဇ္ဇီ ရဟန်းတော်များ ဆောင်ကြသကဲ့သို့ ဇာတ်တော် ကိုလည်း လာဘ်လာဘကို အလိုရှိသော ပုဂ္ဂိုလ်များက ဆောင်ကြကုန်သည်။ ကာလကြာသော် ဇာတ်တော်ကို အာဂုံ မဆောင်နိုင် ကြတော့ဘဲ အထက်ဆုံး ဝေဿန္တရာ ဇာတ်တော်မှ စ၍ အပဏ္ဏက ဇာတ်တိုင်အောင် ဆုတ်ယုတ်လာတော့ သည်။ ဤသို့ ဇာတ်တော် ကွယ်ပျောက်သော် ၀ိနည်းပိဋကတ်ကိုသာ ဆောင်ကြတော့သည်။

ဝိနည်းဆောင် ရဟန်းတော်များ ရှိနေသဖြင့် ပရိယတ္တိသာသနာတော် တည်ရှိနေသေးသည်။ နောင်သော် ထိုရဟန်းတော်များ သဒ္ဓါ၊ သမာဓိ၊ ပညာ၊ ၀ီရိယ တရားတို့ လျော့နည်းလာကာ အထက် ပါရိဝါပါဠိတော်မှ စတင်၍ မဟာ ၀ိဘင်းအဆုံး ဆုတ်ယုတ်တော့သည်။

အခါတစ်ပါး၌ သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးသည် ဆင်ကျောက်ကုန်းပေါ် ရွှေစင်နှင့် မွှန်းခြယ်ထားသော တောင်းထဲတွင် အသပြာထောင်ထုပ်ကို တင်ပြီး ဘုရားဟော ဂါထာတစ်ပုဒ် ရွတ်ဆိုနိုင်သူ သည် ဤအသပြာကို ယူလော့ဟု သုံးကြိမ်တိုင်တိုင် စည်တီး၍ လှည့်လည်သည်။ ယူမည့်သူ မရှိ၍ နန်းတော်သို့ ပြန်ပို့ရသောအခါ ပရိယတ္တိသာသနာ ကွယ်လေတော့သည်။

Saturday, November 15, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၂)

၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသာနကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။

၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း


သမထ ဝိပဿနာနှင့် စတုပါရိသုဒ္ဓိသီလ သည် ပဋိပတ္တိ သာသနာ ဖြစ်ပါသည်။ ထိုတရားများ ကွယ်ပျောက် ခြင်းကို ပဋိပတ္တိ သာသနာကွယ်သည်ဟု ခေါ်ဆိုပါသည်။ 
သာသနာတော် နောက်ပိုင်းသို့ ရောက်လာကြသောအခါ သဒ္ဓါဝိရိယတရားများ ယုတ်လျော့လာသဖြင့် မဂ်ဖိုလ်ကို ရအောင် အားမထုတ်ချင်တော့ပေ။ စတုပါရိသုဒ္ဓိသီလ ကိုသာ ဖြည့်ကျင့်စောင့်စည်းကြကုန်သည်။ ကာလကြာသောအခါ ထိုသီလကိုပင် မစောင့်စည်းကြတော့ဘဲ သိက္ခာပုဒ်များကို ငယ်ရာမှ စတင်၍ တစတစ ကျူးလွန်လာတော့သည်။ ပါရာဇိက လေးပါးကိုသာ စောင့်စည်းကြကုန်သည်။ နောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းတော်များ ကွယ်လွန်လျှင် လည်းကောင်း၊ သိက္ခာပုဒ်ဆောက်တည်ခြင်းကို ချိုးဖောက်လျှင် လည်းကောင်း ပဋိပတ္တိ သာသနာကွယ်ပျောက်ခြင်း ဖြစ်လေတော့သည်။

Friday, November 14, 2008

သာသနာတော်ကွယ်ပျောက်ပုံ ကွယ်ပျောက်နည်းများ (၁)




၁။ အဓိဂမ သာသနာကွယ်ခြင်း
၂။ ပဋိပတ္တိ သာသနာကွယ်ခြင်း
၃။ ပရိယတ္တိသာသာနကွယ်ခြင်း
၎။ လိင်္ဂသာသနာတော်ကွယ်ခြင်း
၅။ ဓာတ်တော်ကွယ်ခြင်း ။ ။


၁။ အဓိဂမ သာသနာကွယ်ခြင်း
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို အဓိဂမ သာသနာဟု ခေါ်ပါသည်။ ထိုတရားများသည် အဆင့်ဆင့် ကွယ်ပျောက်ကြလေသည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် နှစ်တစ်ထောင် အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ရနိုင်လေသည်။ ထိုနှစ် ကျော်လွန်သောအခါ အဘိညာဉ်ခြောက်ပါးကိုသာ ရကြ တော့သည်။ ထို့နောက် ၀ိဇ္ဇာသုံးပါးသာ ရကြတော့သည်။ ကာလကြာသော် ရဟန္တာမျှသာ ဖြစ်ကြတော့သည်။

ထိုမှ ဆင့်ကဲဆင့်ကဲ ယုတ်လျော့လာရာ အနာဂါမ်ခေတ်၊ သကဒါဂါမ်ခေတ်၊ သောတာပန်ခေတ်သို့ ရောက်သွားလေသည်။ အကြင်အခါ၌ နောက်ပိတ်ဆုံးသော သောတာပန် သေလွန်သည်။ ထိုအခါတွင် အဓိဂမ သာသနာ ကွယ်ပျောက်လေတော့သည်။

သာသနာတော် ကွယ်ကြောင်း တရားများ


၁။ ရဟန်းများ တရားမနာခြင်း
၂။ စာမသင်ခြင်း
၃။ နှုတ်တက်အာဂုံ မဆောင်ခြင်း
၎။ သိအောင် မကြံစည်ခြင်း
၅။ ဓမ္မာနုဓမ္မကို မကျင့်ကြံခြင်း ဒ

(တစ်နည်း)
၁။ စာမသင်ခြင်း
၂။ တရားကို အကျယ်မဟောခြင်း
၃။ စာကို အကျယ်မပို့ချခြင်း
၎။ စာကို အကျယ်မပြန်ဆိုခြင်း
၅။ အနက်အဓိပ္ပာယ်ကို မကြံစည်ခြင်း

(တစ်နည်း)
၁။ အက္ခရာပုဒ်ပျက်တို့ဖြင့် သင်ယူခြင်း
၂။ အပြောအဆို ခက်ခဲခြင်း
၃။ စာချပုဂ္ဂိုလ်များ ရှားပါးခြင်း
၎။ လာဘ်ပေါများအောင် အားထုတ်ခြင်း
၅။ ခိုက်ရန်များ၍ သံဃာကွဲပြားခြင်း ။ ။

သမ္ဘူလဂူဘုရား







သမ္ဘူလဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၅-၂-၁၂၅၆) တွင် သုံးလူလမိဖုရား တည်ခဲ့သည်။ သမ္ဘူလ ဂူဘုရားကျောက်စာတွင် (၁၅-၂-၁၂၅၆)တွင် ကျစွာမင်း၏သမီး၊ ဥဇ္ဇနာမင်း၏ ပယ်မယား တိလောကစန္ဒြ နာမဟာဒေ၀ီ (သုံးလူလ) မိဖုရားသည် ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သမ္ဘူလဂူအတွင်း အေဒီ (၁၂၈၂) က ရေးထိုးသည့် နံရံကမ္မည်းမင်စာတွင် သုံးလူလ ကို သမ္ဘူလဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု အမည်တွင် လာခြင်းဖြစ်ပါသည်။

သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့ လက်ရာများရှိသည်။ အ၀င်ခန်းမ၏ ပေါင်းကူး မျက်နှာကြက်တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားပုံ အတန်း၊ နံရံတွင် သစ်ရွက်ပုံပန်းတန်း၊ အရိမေတ္တယျ ဘုရားနှင့် သက်ဆိုင်သော နံရံပန်းချီများနှင့် ပါဠိကမ္ပည်းစာများ၊ လက်ရေးလှ စာလုံးများ ရှိသည်။ အာရုံခံ ခန်းမများရှိ ပေါင်းကူး မျက်နှာကြက်တွင် ပန်းခက် ပန်းနွယ်ပုံများ၊ နံရံတွင် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ၊ စင်္ကြလမ်း ပေါင်းကူး မျက်နှာကြက်တွင် ထောင့်ဘောင်တန်းများ၊ စက်ဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွားပုံများ ပါရှိသည့် ပန်းကွက်အလှများ၊ စင်္ကြံနံရံတွင် သစ်ရွက် ပန်းတန်းများ၊ နှစ်ကျိန်ရှစ်ဆူ ဘုရားပုံများ၊ လေးထောင့်ကွက်အတွင်း မှ ဗုဒ္ဓရုပ်ပွားတော်ပုံ များနှင့် အလယ်မဏ္ဍိုင် လေးမျက်နှာ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၏ အနောက်နံရံတွင် ဗောဓိညောင်ပင်ပုံများကို လေ့လာနိုင် သည်။

သမ္ဘူလဂူဘုရား၏ အရှေ့အ၀င်မုခ်တံကဲမှ အင်္ဂတေ ပန်းတော့လက်ရာများ၊ တိုင်ဖုံးပန်းများ၊ ဘုရားအပြင် ပတ်လည်ရှိ ဘီလူးပန်းဆွဲ၊ မကာရ်း၊ ကိန္နရာ၊ မနုဟီဟ၊ ခြင်္သေ့၊ ရာမလက်ညှိုးနှင့် စိုင်ပေါင်များ ကနုတ်ပန်းများကို လေ့လာနိုင်သည်။

Monday, November 10, 2008

အရိယာဝေါဟာရ (၁၂)ပါး

အရိယာဝေါဟာရ (၁၂)ပါး

အရိယာတို့ ပြောဆိုသော စကားသည် အရိယဝေါဟာရ ဖြစ်ပါသည်။ ဒါမှမဟုတ် အကျင့်ကောင်းမြတ်ဖြူစင် သော သူတို့ ပြောဆိုသော စကားသည် အရိယဝေါဟာရ ဖြစ်ပါသည်။ အရိယဝေဟာရ (၁၂)ပါးကတော့
(၁) မုသာဝါဒ
(၂) ပိသုဏ၀ါစာ
(၃) ဖရုသ၀ါစာ
(၄) သမ္ဖပ္ပလာပ - စကားတို့ကို ရှောင်ကြဉ်၍ ပြောဆိုခြင်း
(၅) အဒိဋ္ဌေဒိဋ္ဌ၀ါဒိတာ - မမြင်သည်ကို မမြင်ဟု ပြောဆိုခြင်း
(၆) အသုတေ သုတ၀ါဒိတာ - မကြားသည်ကို မကြားဟု ပြောဆိုခြင်း
(၇) အမုတေ မုတ၀ါဒိတာ - (ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ)မတွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း
(၈) အ၀ိညာတေ ၀ိညာတ ၀ါဒိတာ - မသိသည်ကို မသိဟု ပြောဆိုခြင်း
(၉) ဒိဋ္ဌေ အဒိဋ္ဌ၀ါဒိတာ - မြင်သည်ကို မြင်သည်ဟု ပြောဆိုခြင်း
(၁၀) သုတေ အသုတ ၀ါဒိတာ - ကြားသည်ကို ကြားသည်ဟု ပြောဆိုခြင်း
(၁၁) မုတေ အမုတေ ၀ါဒိတာ - (ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ) တွေ့သည်ကို တွေ့သည်ဟု ပြောဆိုခြင်း။
(၁၂) ၀ိညာတေ အ၀ိညာတ ၀ါဒိတာ - သိသည်ကို သိသည်ဟု ပြောဆိုခြင်း

အနရိယဝေါဟာရ (၁၂)ပါး

ပုထုဇဉ်တို့ ပြောဆိုသော စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။ ဒါမှမဟုတ် မဖြူစင်သော၊ မသန့်ရှင်းသော၊ မကောင်းမြတ်သော သူတို့၏ စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။

(၁) မုသာဝါဒ
လိမ်လည် လှည့်ပတ် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ
သူနှစ်ဦးကြား ဂုံးချောစကား ပြောဆိုခြင်း။
(၃) ဖရုသ၀ါစာ
ကြမ်းတမ်းသောစကား ပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ
သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။
(၅) အဒိဋ္ဌေဒိဋ္ဌ၀ါဒိတာ
မမြင်သည်ကို မြင်သည်ဟု ပြောဆိုခြင်း။
(၆) အသုတေ သုတ၀ါဒိတာ
မကြားသည်ကို ကြားသည်ဟု ပြောဆိုခြင်း။
(၇) အမုတေ မုတ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ)မတွေ့သည်ကို တွေ့သည်ဟု ပြောဆိုခြင်း။
(၈) အ၀ိညာတေ ၀ိညာတ ၀ါဒိတာ
မသိသည်ကို သိ၏ဟု ပြောဆိုခြင်း။
(၉) ဒိဋ္ဌေ အဒိဋ္ဌ၀ါဒိတာ
မြင်သည်ကို မမြင်ဟု ပြောဆိုခြင်း။
(၁၀) သုတေ အသုတ ၀ါဒိတာ
ကြားသည်ကို မကြားဟု ပြောဆိုခြင်း။
(၁၁) မုတေ အမုတေ ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ) တွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း။
(၁၂) ၀ိညာတေ အ၀ိညာတ ၀ါဒိတာ
သိသည်ကို မသိဟု ပြောဆိုခြင်း

Wednesday, November 5, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၆)

ရှေးဟောင်းဥရောပ

ဦးချိုတွေနဲ့ နတ်ဘုရားကိုတော့ ဆဲလ်တစ် တို့က မြေဆီမြေသြဇာ ကောင်းစေဖို့ ပူဇော်ပသကြ တာကို မကြာခဏ တွေ့ရှိကြရ ပါတယ်။ ရေတွင်းတွေ ချောင်းတွေမှာလည်း ဆဲလ်တစ် တို့ ယဇ်ပူဇော်ထားတဲ့ လူဦးခေါင်းပြတ်တွေကို တော်တော်များများ တွေ့ရပါသေးတယ်။ ခရစ်ယာန်ဘာသာက ဥရောပမြောက်ပိုင်းဆီ နောက်ကျပြီးမှ တဖြည်းဖြည်းချင်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။ ဆဲလ်တစ် တွေနဲ့ ဂျာမန်တွေ လူမျိုးချင်း ရင်းနှီးပေါင်း စပ်ကြရင်း သူတို့ ကိုးကွယ်ကြတဲ့ ဘာသာတွေဟာ သူတို့ ရှေးဟောင်း နေ့စဉ် လူနေမှု ဘ၀တွေမှာ တွယ်ကပ် နေပါတော့တယ်။ ကျွန်တော်တို့ သိနေကြတဲ့ သူတို့ရဲ့ ကိုးကွယ်မှု တွေကိုလည်း မပြည့်စုံတဲ့ အထောက်အထား အချို့ကနေပြီး ကောက်ချက်ခဲ့ ကြရတာပါ။ အထူးသဖြင့် ရှေးဟောင်း ရောမ စာရေးဆရာတွေ မှတ်တမ်းတင်ခဲ့ တာတွေနဲ့ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကိုသာ အားကိုးခဲ့ကြ ရတာဖြစ်ပါတယ်။ အသေးအဖွဲ အချက်အလက်လေး တွေကို စုစည်းပြီး ယေဘုယျ ကောက်ချက်ဆွဲ ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသအနှံ့အပြားမှာ တွေနေတဲ့ စနစ်တကျ သေသေသပ်သပ် တည်ဆောက်ထားတဲ့ အပြင် အိမ်ထောင် ပရိဘောဂ ပစ္စည်း အပြည့်အစုံပါ ထည့်ပေးထားတဲ့ ဂူသင်္ချိုင်းတွေကို တွေ့ရတာကြောင့် ဆဲလ်တစ်တို့ တမလွန် ဘ၀ရှိတာကို ယုံကြည်ကြကြောင်း မှန်းဆနိုင်ခဲ့ကြပါတယ်။ အထွတ်အမြတ် ထားတဲ့နေရာ တော်တော်များများကိုလည်း အ၀င်လမ်း အတိအကျသတ်မှတ်ပြီး တသီးတသန့် လုပ်ထားကြ တာကြောင့် နောင်အခါ ခရစ်ယာန်ဘာသာ ရောက်ရှိလာချိန်မှာ ဘုရားရှိခိုးကျောင်းတွေ ဆောက်လုပ်ဖို့ အင်မတန် အဆင်ပြေတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။

Druids ဆိုတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ဂန္ထ၀င် စာရေးဆရာ အမြောက်အမြားက ဖော်ပြခဲ့ပေမယ့် သူတို့ရဲ့ ပညာ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကတော့ မသေမချာ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။ အကြားအမြင် မေးမြန်းပွဲတွေ၊ ပျောက်စေဆရာတွေက စိတ်တန်ခိုးနဲ့ ဆေးဝါးကုသတာတွေနဲ့ နက္ခတ္တဗေဒဆိုင်ရာ နက္ခတ်ပွဲတွေမှာ သူတို့တွေက ဘုန်းတော်ကြီးတွေ၊ ခံသမာဓိတွေ အဖြစ်နဲ့ အဓိကအခန်းကနေပြီး ပါဝင်ခဲ့ပုံ ရပါတယ်။

ကျူတွန် တို့ရဲ့ စစ်စွမ်းရည်၊ ခွန်အားစွမ်းပကားနဲ့ ရိုးသားမှုတွေကို ရောမ စာရေးဆရာ တက်ဆီတပ်စ် က ချီးမွမ်းခဲ့ပါတယ်။ ကျူတွန် တို့က နတ်ဘုရား အမြောက်အမြားကို ကိုးကွယ်ကြသူတွေမို့ ရောမစာရေးဆရာက ၄င်းတို့ရဲ့ နတ်ဘုရား အချို့ကို ရောမ နတ်ဘုရားတွေနဲ့ နှိုင်းယှဉ် ဖော်ပြလေ့ ရှိပါတယ်။

အေဒီ ၁၂၆၄ မှာ ကွယ်လွန်သွားတဲ့ အိုင်စလန် က စနော်ရီ စတာလူဆင် လို ရှေးခေတ်သူရဲကောင်း ပုံပြင်တွေကို ရေးသား မှတ်တမ်းတင်ခဲ့သူ ကြောင့် နော့စ်နတ်ဘုရားတွေ အကြောင်း ကျွန်တော်တို့ သိရှိခွင့် ရခဲ့ပါတယ်။ နတ်ဘုရားတွေကိုတော့ အုပ်စုနှစ်ခု ခွဲခြား ထားပါတယ်။ ပထမအုပ်စုကတော့ ဆီဆာ (၀ါ) ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ဗနာ (၀ါ) အနိမ့်စား နတ်တွေ ဖြစ်ကြပါတယ်။ ၄င်းတို့ကတော့ လက်တုံ့ပြန်တတ်တဲ့ နတ်တွေ ဖြစ်ကြပါတယ်။ တမလွန်လောက ကိုတော့ အိုဒင် နတ်ဘုရားက စိုးမိုးတယ်လို့ ၄င်းတို့က ယုံကြည်ခဲ့ကြ ပါတယ်။ မိုးနတ်ဘုရားတော်နဲ့ ပဟေဠိဆန်တဲ့ မာယာသခင်လို ကီ နတ်တို့က အီဆာ နွယ်ဝင် ကြီးမြတ်တဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ မြေဆီစောင့်နတ် ဖရေး ကတော့ ဗနာနွယ်ဝင် အနိမ့်စား နတ်ဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ နတ်ဘုရားတွေလည်း စုတေကြရပါတယ်။ အချိန်ရောက်လာတဲ့အခါ ရာနာရော့စ် မုန်တိုင်းကြီး ဆင်လာပြီး ကမ္ဘာကို ပျက်သုန်းစေ လိမ့်မယ်လို့ ၄င်းတို့က လက်ခံထားကြပါတယ်။ အဲဒီကာလကိုတော့ နတ်ဘုရားတွေ ချုပ်ငြိမ်းကြရမယ့် ဆည်းဆာချိန်အဖြစ် ယုံကြည်ခဲ့ကြ ပါတယ်။

Debbie Gill ၏ Religions of the World

(ယခု တင်ပြမှုသည် အကျဉ်းမျှကိုသာ ဖော်ပြနိုင်ခဲ့တဲ့အတွက် တကူးတက လာဖတ်သူများအား ကျေနပ်မှု ရရှိစေမှာ မဟုတ်ဘူးလို့ ယုံကြည် ပါတယ်။ ကမ္ဘာ့ဘာသာ အယူဝါဒများနှင့် ဆက်နွယ်၍ ဘာသာကြီး တစ်ခုချင်းစီ၏ သမိုင်းကြောင်း များကိုလည်း အလျဉ်းသင့် သလို ဖော်ပြပေးသွားပါဦးမည်။ အားနည်းမှု၊ မှားယွင်းမှုများ တွေ့ရှိ ပါကလည်း မချွင်းမချန် ဝေဖန်အကြံပြုနိုင် ပါတယ်။ စာဖိတ်မိတ်ဆွေများ ကို အစဉ်ရိုသေလျက်ပါ။ ဆုရည် )

Tuesday, November 4, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၅)

ဂရိနှင့် ရောမ

ရှေးဟောင်းဂရိတို့ရဲ့ နတ်ဘုရားတွေကတော့ လူပုံပန်းသဏ္ဍာန် တွေဖြစ်ပေမယ့် ထာဝရ တည်မြဲနေကြပြီး အနိစ္စတရားက ကင်းလွတ်နေကြ သူတွေဖြစ်ပါတယ်။ ၀တ်ပြု ဆုတောင်း၍ သော်လည်းကောင်း၊ အကြားအမြင် အားဖြင့် သော်လည်းကောင်း၊ အတိတ်နိမိတ် ပုံရိပ်များဖြင့် သော်လည်းကောင်း၊ ယဇ်ပူဇော်ခြင်းဖြင့် သော်လည်းကောင်း ဂရိတို့က ၄င်းနတ်ဘုရားများနဲ့ ဆက်သွယ်မှု ပြုခဲ့ကြပါတယ်။ တစ်ခါတစ်ရံ မှာလည်း နာမ်ကိန်းရှင်က တစ်ဆင့် ဒါမှမဟုတ် ဗေဒင်ဆရာက နေပြီး နတ်ဘုရားတွေက မြွတ်ဟလေ့ရှိခဲ့ပါတယ်။ နာမ်ကိန်းရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် စေဖို့အတွက် သီးသန့် နတ်ဘုရားကျောင်း တော်ကြီးတွေကို ရှေးဟောင်းဂရိတို့ တည်ဆောက်ခဲ့ကြပါတယ်။ ဒယ်လ်ဖီ ကနတ်ဘုရားကျောင်း တွေဆိုရင် နတ်ဘုရားမအတွက် ဆောက်လုပ်ခဲ့တဲ့ ဧရာမ ကျောင်းတော်ကြီးတွေ ဖြစ်ပါတယ်။ အသေသပ်ဆုံး ဒိုရစ် ဗိသုကာ လက်ရာအဖြစ် ရပ်တည်နိုင်တဲ့အထိ အနုပညာ လက်ရာမြောက်တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

ရှေးဟောင်းရောမတို့ရဲ့ ဘာသာကတော့ အိမ်ထောင်စုလိုက် စွဲလန်းကိုးကွယ်မှုတွေ ဘိုးဘေးစဉ်ဆက်ကို ပူဇော်ကန်တော့တာ တွေနဲ့ စိုက်ပျိုးသီးနှံအထွက် ကောင်းစေဖို့ ပူဇော်ပသတဲ့ နတ်တွေကော မျိုးဆက်ပြန့်ပွားစေဖို့ နတ်တွေပါ ရောနှောနေပါတယ်။ တစ်ခါ ဂရိတို့ရဲ့ တိုက်ခိုက်သိမ်းပိုက် ပြီးချိန်မှာ ၄င်းတို့ ယုံကြည်ကိုးကွယ်မှုထဲ ဂရိတို့ရဲ့ နတ်ဘုရားတွေကို လိုက်လျောညီထွေစွာ ထည့်သွင်း ပေါင်းစပ်လိုက်ကြပြီး ရှေးဟောင်း ရောမယဉ်ကျေးမှုကို တိုးပွားစေခဲ့ ကြပါတယ်။

အေဒီ ၉၀ ခန့်မှာတော့ ရောမတို့ရဲ့ ကိုးကွယ်မှု မြင့်တက်လာခဲ့ ပါတယ်။ အဓိကအားဖြင့်တော့ နွားသိုးကို သတ်ဖြတ် ပူဇော်ကြတာပါ။ ရှေးဟောင်းပစ္စည်း တူးဖော်တွေ့ရှိမှုတွေမှာ ၄င်းဓလေ့ကို အများအပြား တွေ့ကြရပါတယ်။ ဒါ့အပြင် နက္ခတ္တဗေဒ ဆိုင်ရာ ဟောစာတမ်းတွေကို ရရှိခဲ့ကြတဲ့ အပြင် ၀ိညာဉ်လွတ်မြောက်ရေး အတွက် ကြယ်တာရာတွေဆီ ခရီးနှင်တဲ့ ကြယ်တာရာပုံ ကားချပ်တွေကိုလည်း တွေ့ခဲ့ကြရ ပါတယ်။ မိမိဘာသာဝင် တိုးပွားစေဖို့အတွက် ရောမစစ်တပ်ကြီးက လူသစ် အများအပြား စုဆောင်းထည့်သွင်း ပေးခဲ့ပါတယ်။ ၄င်း ဘာသာရေး ဘုရားကျောင်းတွေကို ဟတ်ဒရိန်း တံတိုင်းနဲ့ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယား တို့မှာ တွေ့မြင်နိုင်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

ကမ္ဘာ့ဘာသာအယူဝါဒများ (၄)

တောင်အမေရိက

အလယ်နှင့် တောင်အမေရိကရဲ့ ရှေးဟောင်း ယဉ်ကျေးမှုတွေကိုတော့ တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းအထောက် အထားတွေရယ် (၁၆)ရာစုတုန်းက မက္ကဆီကိုနဲ့ ပီရူးကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ စပိန် ဧကရာဇ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ ရေးထားတာတွေကနေပြီး သိရှိခွင့်ရခဲ့ပါတယ်။ အဲဒီ ဧကရာဇ်က တောင်အမေရိကနဲ့ အလယ်အမေရိကရဲ့ ရှေးဟောင်း အမွေအနှစ် အထောက်အထား တော်တော်များများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ၄င်းဒေသမှ အုပ်စိုးသူနဲ့ ဘသာရေးတို့ နီးနီးကပ်ကပ် ယှက်နွယ်ကြီးစိုး အုပ်ချုပ်ခဲ့ပုံရတာကို သိရှိရပါတယ်။

အခုအခါ မက္ကဆီလို့ ခေါ်ခဲ့ကြတဲ့ဒေသမှာ ဘီစီ ၁၂၀၀ ကနေ ၅၀၀ အတွင်းက အိုလ်မက်ဘာသာ ထွန်းကားခဲ့ပါတယ်။ တောင်အမေရိက ကျားသစ်ကို အဓိကထားပြီး တစ်ခြားတိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ပါ ပူးတွဲ ပုံဖော်ထားတဲ့ နတ်ဘုရားတွေအဖြစ် ကိုးကွယ် ပူဇော်ခဲ့ကြပါတယ်။ ဒါပေမယ့် အိုမက် တွေကို တိုက်ခိုက် အောင်နိုင်သွားတဲ့ မာယန် တို့က ၄င်းတို့ရဲ့ ပူဇော်ပသ ကိုးကွယ်မှု တွေကို ပိရမစ်ဘုရားရှိခိုး ကျောင်းကြီးတွေ တည်ဆောက်ပြီး တခမ်းတနား ကျင်းပခဲ့ကြပါတယ်။ မာယန် တို့ရဲ့ နတ်ဘုရားတွေကိုလည်း တိရစ္ဆာန်တွေ၊ ငှက်တွေနဲ့ မကြာခဏ ယဇ်ပူဇော်ပသ ခဲ့ကြပါတယ်။

လူတွေကိုသတ်ပြီး ယဇ်ပူဇော်ရမယ့်အစား တိရစ္ဆာန်တွေကို တင်မြှောက်ကြတဲ့ ဓလေ့ပါ။ အေဒီ(၁၂)ရာစု ခန့်ကစပြီး စပိန်တွေ ကျူးကျော် တိုက်ခိုက်သိမ်းပိုက်တဲ့ ၁၅၃၂ ခုနှစ်အထိ အလယ်အမေရိကမှာ နေထိုင်ကြတဲ့ အက်ဇ်တက်ခ် တို့အနေနဲ့ နေကို ကိုးကွယ်ခဲ့ကြတဲ့အပြင် လူကို သတ်ပြီး နှစ်စဉ်ယဇ်ပူဇော်လေ့ ရှိခဲ့ပါတယ်။ ၄င်းတို့ စစ်နိုင်စဉ်က ဖမ်းဆီးလာခဲ့ကြတဲ့ သုံ့ပန်းနှစ်သောင်းကျော် အနက် အချို့ကို နှစ်စဉ် သတ်ဖြတ်ယဇ်ပူဇော်ကြပုံ ရပါတယ်။

ပီရူးရဲ့ အင်ကာယဉ်ကျေးမှုကလည်း အက်ဇ်တက်ခ် တို့နဲ့ ခေတ်ပြိုင် တည်ရှိခဲ့တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ ပူဇော်ပသပွဲတွေ နတ်ကိုးကွယ်တာတွေနဲ့ ယဇ်ပူဇော်တာတွေကို အခြေခံထားတဲ့ သူတို့ရဲ့ ဘာသာက လက်တွေ့ကျကျ ပြောရရင် များသောအားဖြင့် စိတ်စိညာဉ်ပိုင်းနဲ့ မပတ်သက်ပါ။ ပြည်သူလူထု အများစုကြီး ၀၀လင်လင် စားသောက်ရရေး အတွက် ကောက်ပဲသီးနှံ အထွက်ကောင်းဖို့ကိုသာ အဓိကထားပြီး ပူဇော် ပသခဲ့ကြတာဖြစ်ပါတယ်။
တောင်အမေရိကမှာ နေထိုင်ကြတဲ့ ချာဗင်၊ မိုချီ နဲ့ ချီမူး လူမျိုးစုတွေကတော့ လနတ်ဘုရား ဒါမှမဟုတ် ကြောင်လို ရုပ်ထုတွေကို ကိုးကွယ်ခဲ့ကြ ပါတယ်။ အကယ်၍သာ စပိန်တို့က အလယ်နှင့် တောင်အမေရိကကို နယ်ချဲ့ပြီး ရိုမန်ကက်သလစ် ဘာသာထဲ အတင်းအဓမ္မ မသွတ်သွင်းခဲ့ရင် ဒီနေ့ထိ အလယ်နဲ့ တောင်အမေရိကနေ လူမျိုးစုတွေရဲ့ ရိုးရာကိုးကွယ်မှု ဘာသာတွေကို တွေ့မြင်ကြရ သိရှိကြရမှာ ဖြစ်ပါတယ်။

မာယန် နဲ့ အက်ဇ်တက်ခ် တို့က နတ်ဘုရား ရုပ်ထုပေါင်း မြောက်အမြား ထုလုပ်ထားခဲ့ကြတဲ့အပြင် ရွှေ၊ ငွေ တို့နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း လက်ရှာတွေ မှာလည်း ၄င်းတို့ရဲ့ ကိုးကွယ်မှုတွေကို ဖော်ကျူးထားကြပါသေးတယ်။ ယဇ်ပူဇော်တဲ့ တိရစ္ဆာန်တွေရဲ့ သားရေကို ခွာပြီး ၄င်းအပေါ်မှာ XIPE TOLEC လို့ ရေးထွင်းခြင်းမှ သည် မြွေအရေခွံမှာတောင် ငှက်ပုံထွင်းထားခဲ့ကြပါတယ်။
(ဆက်လက်တင်ပြပါမည်)
Debbie Gill ၏ Religions of the World

Sunday, November 2, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၃)

အီဂျစ်

အဆင့်မြင့်မြင့် ဖွဲ့စည်းတည်ထောင် ထားခဲ့သည့် ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုသည် ယနေ့အထိ ကမ္ဘာတွင် အံ့သြစရာ အသစ်အဆန်း ဖြစ်နေဆဲပါ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက မြို့ပြများ ထူထောင်ကာ လူနေမှု အဆင့်အတန်း မြင့်မြင့်မားမား နေထိုင်ခဲ့ကြပြီး တောင့်တင်းခိုင်မာတဲ့ လူတန်းစား ဖွဲ့စည်းမှုတစ်ရပ် ရှိခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ်တို့မှာ ထူးခြား ပြောင်မြောက်တဲ့ စာပေအရေး အသားလည်း ရှိခဲ့တာကြောင့် ၄င်းတို့ရဲ့ ရှုပ်ထွေး အရေးပါတဲ့ ယဉ်ကျေးမှုကို နှောင်းခေတ် မျိုးဆက်သစ်တွေက အပြည့်အစုံ မဟုတ်တောင် တော်တော်များများကိုတော့ နားလည် သဘောပေါက်နိုင်ကြ ပါတယ်။

၎င်းတို့ရဲ့ ဘာသာရေးမှာ ယစ်ပူဇော်ပွဲတွေနဲ့ ယူဇော်ပသတဲ့ပွဲ အခမ်းအနားသဘင်တွေ အလွန်အရေးပါခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီး တွေကလည်း အလွန်တန်ခိုးထွားတဲ့ လူတန်းစား တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဓမ္မတာ အတိုင်းပဲ နှစ်ကာလ သိပ်ရှည်ကြာလာတဲ့ အခါမှာ အဟောင်းနေရာကို အသစ်က အစားဝင်လာပြီး အီဂျစ်တို့ရဲ့ ရှေးဟောင်း ဘာသာရေး ထုံးတမ်းစဉ်လာတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အကွဲကွဲ အပြားပြား ပူဇော်ပသနေကြတဲ့ နတ်ဘုရား တွေကို စုစည်းလိုက်ပြီး အသစ်ဖြစ်ထွန်းမှု တစ်ရပ်ကို ထူထောင်ခဲ့ကြပါတယ်။ နိုင်းလ်မြစ်ကမ်း နှစ်ဖက်မှာ စိုက်ပျိုးရေးကို အဓိကထား ရပ်တည်နေကြရသူတွေပီပီ နှစ်စဉ် မြစ်ရေလျှံပြီး မြေဆီမြေသြဇာ မြေနှစ်တွေရကာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေရေး အတွက် သဘာဝတရားကြီးကို ကိုယ်စားပြုတဲ့ လူတစ်ပိုင်း၊ တိရိစ္ဆာန်တစ်ပိုင်း ရုပ်ထုတွေ စီမံပြီး ကိုးကွယ်လာကြပါတယ်။

အီဂျစ်တွေမှာ ဘာသာရေးဆိုင်ရာ ကျမ်းတွေ သတ်သတ်မှတ်မှတ် မရှိခဲ့သည့်အပြင် ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန် တရားကိုလည်း ထုတ်ဖော် ရေးသားထားခဲ့တာ မတွေ့ရပါဘူး။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေထဲမှာတော့ နတ်ဘုရားတွေ အကြောင်းနဲ့ ၄င်းတို့ တစ်ပါးနဲ့တစ်ပါး ဆက်နွယ်မှုတွေကို ရေးသားထားကြပြီး ၄င်းတို့ အထွတ်အမြတ် ထားကြတဲ့ ယုံကြည် ကိုးကွယ်မှုကို ပံ့ပိုးပေးထားခဲ့ကြပါတယ်။ ၄င်းတို့ ဘာသာမှာ အဓိက ထားတာကတော့ နောင်တမလွန်ဘ၀ အတွက် ယုံကြည်မှုပါပဲ။ သက်မဲ့ခန္ဓာကိုယ်ကိုတောင် နောင်တမလွန် ဘ၀ခရီးအတွက် စနစ်တကျ ပြုပြင်စီမံ မြှုပ်နှံပြီး ဂူသွင်းခဲ့ကြ ပါတယ်။ တမလွန် ခရီးအတွက် ရွှေ၊ ငွေ၊ ရတနာ စတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ဂူထဲမှာ တစ်ပါတည်း ထည့်သွင်းပေးလိုက် ကြပါသေးတယ်။ လူကိုသာမက အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ကြောင်တွေကိုတောင် စနစ်တကျ ထုတ်ပိုးစီမံပြီး မြှုပ်နှံပေးလေ့ ရှိကြပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ဖေရိုးဘုရင်တွေရဲ့ ဂူသင်္ချိုင်းပိရမစ် ကြီးတွေကို အီဂျစ်နိုင်ငံမှာ ဗိသုကာ ပညာအဆင့်မြင့်မြင့်နဲ့ တည်ဆောက်ခဲ့ ကြတဲ့အပြင် ရုပ်အလောင်းတွေကိုလည်း မပုပ်မသိုး ရလေအောင် ဆေးစီရင်ပြီး ထည့်သွင်း ထားခဲ့ကြပါတယ်။ ဖေရိုးဘုရင်လေး တွမ်တပ်ခမန်ရဲ့ ရွှေမျက်နှာဖုံးစွပ်ကို မြင်ရရုံနဲ့ အီဂျစ်တို့ရဲ့ အနုပညာ အဆင့်အတန်း အင်မတန် မြင့်မားတာကို တအံ့တသြ သိနိုင်ပါတယ်။ အီဂျစ်တို့ရဲ့ အနိစ္စကျမ်း ( Book of the Dead ) ကတော့ သေခြင်းတရားနဲ့ နောင်တမလွန်ဘ၀ အတွက် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ သြ၀ါဒတွေ ရေးသားတဲ့ ကျမ်းဖြစ်ပါတယ်။

(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

Friday, October 31, 2008

ကမ္ဘာ့ဘာသာအယူဝါဒများ (၂)

ရှေးဦးဘာသာများ

ရှေးဟောင်းအီဂျစ်၊ ဂရိနဲ့ အက်ဇ်တက်ခ်တို့ ကိုးကွယ်ကြတဲ့ ရှေးဦး ဘာသာတွေက ခေတ်သစ်ကမ္ဘာကို တအံ့တသြ ညှို့ယူ ဖမ်းစားနေဆဲပါ။ ယစ်ပူဇော်ပွဲတွေအကြောင်း၊ လူစင်စစ်ကိုတောင် ယစ်ပူဇော် ခဲ့တဲ့ ဒဏ္ဍာရီတွေ ကြားသိခဲ့ရ ပါတယ်။ ရှုပ်ထွေးနက်နဲတဲ့ အသွေးအရောင်စုံ နတ်ဘုရားပုံများကို သရုပ်ဖော်ထားတဲ့ အထောက်အထား တွေကိုလည်း မြင်တွေ့ကြရပါတယ်။ နတ်ဘုရား ပုံပြင်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ ဒါ့အပြင် အီဂျစ်နိုင်ငံ ဂါဇာကမ်းမြောင် ဒေသက ပိရပစ်ကြီးတွေ၊ အေသင်မြို့က ဘုရားရှိခိုးကျောင်းကြီးတွေနဲ့ အလယ်အမေရိက ချီချန်အစ်ဇာက မာယန် ဘုရားရှိခိုး ကျောင်းပျက်ကြီးတွေကို ကျွန်တော်တို့ မျက်မြင်တွေ့နေကြရပါတယ်။

ယဉ်ကျေးမှုချင်း သိပ်ဝေးကွာတဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေက လက်ရှိကျွန်တော်တို့ ဘာသာတရားတွေနဲ့ သိပ်ကို ကွဲပြားတယ်လို့ တွေးထင်ကောင်း တွေးထင်မိကြပါ လိမ့်မယ်။ ကျွန်တော်တို့ တွေ့ရှိခဲ့ကြတဲ့ အထောက်အထား မျှလောက်နဲ့ သူတို့ရဲ့ ကိုးကွယ်မှုတွေကို ပြည့်ပြည့်စုံစုံ ပုံဖော်နိုင်ဖို့ကို ခက်ပါတယ်။ ရှေးဟောင်း သုတေသနဆိုင်ရာ ဆွေ့ရှိချက်တွေကို ကြည့်ရှုပြီး ခန့်မှန်းရုံလောက်မျှပဲ စွမ်းဆောင်နိုင်ပါတယ်။ ရှေးဟောင်း အထောက်အထား အများအပြား တွေ့ခဲ့ရပေမယ့် ဆိတ်သုန်း ပျောက်ကွယ် သွားပြီးဖြစ်တဲ့ ယုံကြည်ကိုးကွယ်မှု တစ်ရပ်ကို ဖော်ထုတ် သတ်မှတ်မပေးနိုင်ပါ။ အစိတ်အပိုင်း အမြောက်အမြား ဖြတ်တောက်ထားတဲ့ ပဟေဠိပုံကားချပ် တစ်ချပ်ကို ပြန်ဆက်ဖို့ ကြိုးစားရာမှာ အချို့အစိတ်အပိုင်းတွေ ပျောက်နေတာကြောင့် ပုံကားချပ်ကို အပြည့်အစုံ ပြန်မဖော်နိုင်သလိုမျိုး ဖြစ်နေပါတယ်။

ခရစ်တော် မမွေးဖွားမီ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းနဲ့ သုံးသောင်းအတွင်းမှာ စိုက်ပျိုးသီးနှံတွေ အထွက်ကောင်းစေဖို့ ကိုးကွယ် ပူဇော်မှုတွေ ရှိခဲ့ကြောင်းကိုတော့ ဥရောပတလွှားမှာ အထောက်အထားတွေ တွေ့ရှိခဲ့ကြရပါတယ်။ မြွေတွေ၊ နွားသိုးတွေကို ကိုးကွယ်ခဲ့ကြပြီး ဘုရားရှိခိုးကျောင်းတွေ အခိုင်အခန့်နဲ့ ဘုန်းတော်ကြီးတွေလည်း ရှိနေခဲ့တာကို တွေ့ကြရပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းမှာ ကျောက်တုံးကြီးတွေကို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြ တာကိုလည်း ဥရောပတစ်ခွင်မှာ တွေ့မြင်ကြရ ပါတယ်။ ဥပမာ တာစီယန်ကမောလ်တာ ဘုရားရှိခိုးကျောင်းတွေနဲ့ ပြင်သစ်နိုင်ငံတို့မှာ တွေ့မြင်ကြရပါတယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို အခုလို ပတ်ဝိုင်း စိုက်ထူထားခဲ့ကြသလဲ ဆိုတာကိုတော့ ဘယ်သူကမှ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ကြသေး ပါဘူး။ ကြေးခေတ်ဦးပိုင်း လောက်က စိုက်ထူ ထားခဲ့ကြတယ်လို့ မှန်းဆထားတဲ့ အင်္ဂလန်က ကျောက်တုံးတွေကိုတော့ နက္ခတ္တဗေဒအတွက် စုပုံ ထူထောင်ထားခဲ့ကြတယ်လို့ မှန်းဆနေကြပါတယ်။ တမလွန်အတွက် တိရစ္ဆာန်တွေကို ယစ်ပူဇော်လေ့ရှိကြတာကိုတော့ ဓမ္မကျမ်းစာဟောင်းမှာရော၊ အိန္ဒိယသက္ကတ ကျမ်းတွေမှာပါ တွေ့ကြရပါတယ်။ ပါးစပ်ပြော ယဉ်ကျေးမှုတွေ၊ ပုံပြင်တွေနဲ့ သဏ္ဍာရီတွေမှာ နတ်ဘုရားဗိမာန်တွေနဲ့ ရက်ယှယ်ထားတာကိုလည်း သိနေကြရပါတယ်။

ရှေးဦး ဘေဘီလိုနီးယား၊ ဆီးရီးယားနဲ့ ဖိုးနီးရှားတို့မှာ လူမျိုးစုလိုက် နတ်ဘုရားတွေ ရှိကြပြီး စစ်ကာလတွေမှာ အန္တရာယ် ကင်းအောင် ပူဇော်ပသလေ့ရှိကြပါတယ်။ ဘေဘီလိုနီးယားမှာ နတ်ဘုရားဘဲလ်၊ ဆီးရီးယားမှာ ရင်မ်မွန်၊ အစ္စရေးကတော့ ယေဟိုဝါ လို့ခေါ်ကြပါတယ်။ နှောင်းပိုင်းရောက်တော့ အစ္စလာမ်ဘာသာဝင်တွေကလည်း အလ္လာအရှင်ကို အောင်ပွဲရ ဘုရားတစ်ဆူအဖြစ် ဆည်းကပ် ကိုးကွယ်ကြပါတယ်။

တရုတ်တို့ရဲ့ ရှေးဦးဘာသာတွေကို သုတေသနပြုဖို့ သိပ်ခက်ခဲပါတယ်။ ဘာကြောင့်လဲ ပြောရရင် စာမှု၊ ပေ၊ ပုရပိုက်တွေထဲမှာ သင်္ကေတနဲ့ ရေးထားတာတွေကြောင့် ဖတ်ဖို့ မလွယ်ကူခဲ့ပါဘူး။ အာကာသနတ်ကတော့ တရုတ်တို့ အတွက် အရေးပါဆုံး ဖြစ်ပုံ ရခဲ့ပါတယ်။ လဟာပြင်မှာ အာကာသနတ် ပူဇော်ပွဲနဲ့ ယစ်ပူဇော်ပွဲတွေ ကျင်းပလေ့ ရှိခဲ့ကြ ပါတယ်။ ၄င်းနတ်ကို ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒ ပေါ်ထွန်းလာချိန်ထိ ကိုးကွယ်ခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်နဲ့ တာအိုဝါဒ တို့က အဲဒီ ရှေးဟောင်း သဘာဝတရား ကိုးကွယ်မှုကို ပြောင်းလဲပစ်လိုက်ကြပါတယ်။

(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

ကမ္ဘာ့ဘာသာအယူဝါဒများ (၁)

ဘ၀ကိုဘယ်လို ရပ်တည်နေထိုင်ကြမလဲ၊
တစ်ပါးသူကို ဘယ်လို ဆက်ဆံပြုမူကြမလဲ၊
ဒုက္ခဆင်းရဲတွေကို ဘယ်လို ရှောင်ရှား ကြမလဲ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့၊ ဘဝဆိုတာဘာလဲ၊

စကြဝဠာဘာကြောင့် တည်ရှိနေရသလဲ၊
လူတွေသေပြီးရင် ဘာဖြစ်ကြကုန်သလဲ စတဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်းတွေက လူသားတွေကို ဒီနေ့ထိ ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့ ဘာသာတရားအသီးသီးက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ လူ့သမိုင်း အတွက် လူများစုရဲ့ ဘဝနေနည်းနဲ့ ဘဝအဓိပ္ပာယ်ကို ဘာသာရေးက ပေးခဲ့ပါတယ်။ အယူဝါဒချင်း တွေ့ကြတဲ့အခါ ဒါမှမဟုတ် အယူဝါဒနဲ့ ဘာသာမဲ့တို့ ဆုံကြတဲ့အခါမှာ ဒီနေ့ကမ္ဘာကြီးမှာရော၊ တိုးတက်မှုနှေးကွေးတဲ့ အတိတ်တုန်းကပါ အငြင်းအခုန်တွေ နှလုံးထိခိုက်ရတဲ့ အကြမ်းဖက်မှုတွေ စိမ်ခေါ်မှုနဲ့ အပြောင်းအလဲတွေ မကြာခဏ ကြုံတွေ့ကြရ ပါတယ်။

တစ်ဦးရဲ့ယုံကြည်မှုကို တစ်ဦးကပိုပြီး သဘောပေါက် နားလည်လာမယ်ဆိုရင် ယုံကြည်မှု စနစ်ချင်းမတူ ကွဲပြားမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာတွေကို ပိုပြီးလွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်လို့ လူအများက ယူဆလာကြ ပါတယ်။ ဒါပေမယ့် သိထားယုံနဲ့မလုံလောက်၊ အမှန်တကယ် နားလည်သဘောပေါက် ကြဖို့ လိုအပ်ပါတယ်။ ဘာသာအယူဝါဒတွေရဲ့ နောက်ခံသမိုင်းကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖော်ပြချက်ကနေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ဆက်လက် လေ့လာကြဖို့ ရည်ရွယ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူဝါဒနဲ့ မကိုက်ညီတဲ့ တင်ပြချက်တွေ တွေ့ရတဲ့အခါ ဒါတွေကို စတင်လေ့လာမှု တာထွက် အဖြစ် သဘောထားရပါမယ်။

ဘာသာဆိုတာ " ပြန်လည်ဆက်စပ်ခြင်း " လို့ အဓိပ္ပာယ်ရပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေက ကမ္ဘာကြီးရဲ့ အထူးအဆန်း အံ့သြစရာတွေနဲ့ ထိတွေ့ခဲ့ရတိုင်း ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်းတွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တစ်နည်းအားဖြင့် ဒီအဖြစ်အပျက်တွေရဲ့ မူလအရင်းအမြစ်နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ခေတ်သစ် သိပ္ပံပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းကြသလို ဘာသာရေး တရားတွေကလည်း ကမ္ဘာကြီးရဲ့ မူလအစနဲ့ ပြန်လည်ဆက်စပ်ဖို့ အားထုတ်ကြပါတယ်။

ဒီလို ပြန်လည် ဆက်စပ်ဖို့ နည်းနာနိဿယျ တွေကိုလည်း ဘာသာတရားတွေက ပေးပါတယ်။ မမျှော်လင့်ဘဲ အစစ်အမှန်နဲ့ တိုက်ရိုက် ထိတွေ့မှုရဖို့ ဓာတ်စီးသူနဲ့ အားကိုးရှာသူ၊ နတ်ဝင်သည်နဲ့ နတ်မေးသူ စတဲ့ ပုံသဏ္ဍာန်မျိုးစုံ နာမ်လောက လုပ်ငန်းတွေကို မြင်တွေ့ရပါ လိမ့်မယ်။ အစစ်အမှန်က လူသားတွေနဲ့ တသီးတခြား လွတ်လွတ်ကင်းကင်း တည်ရှိနေတာဖြစ်ပြီး စကားလုံးတွေကို ကျော်လွန်တဲ့ နောက်ဆုံးအပြီးသတ် အမှန်တရားပါ။ အစစ်အမှန်ကို ဘယ်လို နားလည် သဘောပေါက်သလဲ ဆိုတဲ့ အချက်က အစစ်အမှန်ကို ဘယ်လိုရောက်အောင် အဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ အစစ် အမှန်ဆီ ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အချက်တွေပေါ်မှာ တည်ပါတယ်။

ယဉ်ကျေးမှုမျိုးစုံ ရောယှက် ကူးလူးတိုးပွား ဖြစ်ထွန်းနေတဲ့ ကမ္ဘာကြီးမှာ ဘာသာတရားတွေ အားလုံး တစ်ခုနဲ့တစ်ခု အမှန်တကယ် ပဋိပက္ခ ဖြစ်ပွားနေကြပါသလား၊ ဒါမှမဟုတ် တစ်ခုတည်းသော အစစ်အမှန်ဆီ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ် ကနေပြီး ရိုးရိုးသားသား လျှောက်လှမ်းနေကြတာလား။ အခု လက်ရှိအချိန်မှာတော့ ဒီမေးခွန်းတွေ အတွက် အဖြေတွေ မရှိသေးပါ။ အများမြင်နေကြတဲ့ အမျိုးအမည် ကွဲပြား ခြားနားနေတဲ့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ အများနဲ့ အကြုံးဝင် ပတ်သက်တဲ့ ဘုံဝိသေသလက္ခဏာတွေ ရှိ-မရှိ ဆိုတာ ဆက်လက် လေ့လာကြည့် ရအောင်ပါ။
(ဆက်လက်တင်ပြပါမည်)
( Debbie Gill ၏ Religions of the World )

Tuesday, October 28, 2008

သမ္မပ္ပဓာန်တရား (၄) ပါး


ဗောဓိပက္ခိယတရား (၃၇)ပါးတွင် အပါအ၀င်ဖြစ်သော သမ္မပ္ပဓာန်တရား (၄)ပါးဟူသည်မှာ-

(၁)
ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ၀ါယာမော
ဖြစ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင် အားထုတ်ခြင်း။

(၂)
အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ၀ါယာမော
မဖြစ်သေးသော အကုသိုလ် တရားဆိုးများကို မဖြစ်ပေါ်အော် အားထုတ်ခြင်း။

(၃)
အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ၀ါယာမော
မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း။

(၄)
ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ၀ါယာမော
ဖြစ်ပြီးသော ကုသိုလ်တရားများကို ဆထက်တိုးပွား များပြားလာစေရန် အားထုတ်ခြင်း။

(တစ်)
ဗောဓိဆုတွေ ပန်ပြီး နိဗ္ဗာန်ကို မရည်ရွယ်သည့်တိုင် လူသားတိုင်း ကြိုးစားအားထုတ်သင့်သော တရားမှာ သမ္မပ္ပဓာန်တရား (၄) ပါး ဖြစ်ပါသည်။ မိမိတို့သည် ဖြစ်ပြီးသော (ပြုလုပ်ခဲ့မိသော) အကုသိုလ် မကောင်းမှု ဒုစရိုက်တရားများကို ဆင်ခြင်နိုင်အောင် မကြာခဏ သတိရနေတတ်ပါသည်။

(နှစ်)
မိမိတို့သည် မဖြစ်သေးသော အကုသိုလ် ဒုစရိုက်မကောင်းမှု မှန်သမျှကို မပြုမိအောင် သတိထားကြရပါမည်။

(သုံး)
မဖြစ်သေးသော၊ မလုပ်ရသေးသော ကုသိုလ် တရားများကိုမူ ဖြစ်အောင် ကြိုးစားရပါမည်။ ပြုလုပ်ဖြစ်အောင် အားထုတ်ရမည်။

(လေး)
ဖြစ်ပြီးသော ပြုလုပ်ဆည်းပူးထားပြီးသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကိုမူ ပွားများအောင် လုပ်ရသည်။ မကြာခဏ အောက်မေ့ ဆင်ခြင်ရမည်။ သီလာနုဿတိ = မိမိစောင့်ထိန်းထားသော သီလများကို အောက်မေ့ ဆင်ခြင်ခြင်း၊ စာဂါနုဿတိ = မိမိနှင့် စွန့်ကြဲပေးကမ်း လှူဒါန်းဖူး သည်များကို ခဏခဏ အောက်မေ့သတိရခြင်းတို့ကို အပ္ပမာဒ ဆိုတဲ့ သတိတရားဖြင့် ပြန်လည် ပွားများပေးရမည်။

Monday, October 27, 2008

စေတီ(၄)မျိုး

စေတီ(၄)မျိုး (အကျဉ်းမျှသာ)

စေ့ဆော်တတ်၊ လှုံ့ဆော်တတ်၊ အောင်သွယ်ပေးတတ်လို့ စေတီလို့ ခေါ်ရပါသည်။ စေတီကနေပြီး သက်တော်ထင်ရှား ဘုရားအထိ စိတ်ရောက်သွားဖို့ဖြစ်ပါသည်။ အဲဒီစေတီ များမှာ (၁) ဓာတုစေတီ၊ (၂) ဓမ္မစေတီ၊ (၃) ပရိဘောဂစေတီနဲ့ (၄) ဥဒ္ဒိဿစေတီ ရယ်လို့ (၄)မျိုးရှိပါသည်

ဓာတုစေတီ
ဘုရားရှင်နဲ့ ရဟန္တာများရဲ့ ဓာတ်တော်တို့ကို ဌာပနာတည်ထားသော စေတီကို ခေါ်ဆိုပါသည်။

ဓမ္မစေတီ
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်တော်များကို ဓမ္မစေတီလို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋိစ္စသမုပ္ပာဒ်၊ ပဋ္ဌာန်း၊ သတိပဋ္ဌာန်၊ ဗောဓိပက္ခိယတရားတို့ကို ရွှေပြား၊ ငွေပြား၊ ကြေးပြားပေါ်တွင် ရေးသားပြီး စေတီတွင်း ထည့်သွင်းဌာပနာထားခြင်းကို ဓမ္မစေတီဟု ခေါ်ဆိုပါသည်။

ပရိဘောဂစေတီ
ဘုရားရှင်ရဲ့ အသုံးအဆောင်များဖြစ်တဲ့ သပိတ်၊ သင်္ကန်း၊ ဖိနပ်၊ ရေစစ်၊ ဗောဓိပင်များကိုဖြင့် ပရိဘောဂစေတီဟု ခေါ်ဆိုပါသည်။

ဥဒ္ဒိဿစေတီ
အုတ်၊ ကျောက်၊ ကြေး၊ သစ်သား၊ အင်္ဂတေ စသည်တို့ကို ဘုရားရှင်ပုံတော်သွန်းလုပ် ထားသည်တို့ကို ဥဒ္ဒိဿစေတီဟု ခေါ်ဆိုပါသည်။

ဝိမယနဝတ္တုဒေသနာ
ဆိုခဲ့သည့် စေတီ(၄)မျိုးတို့ကို ကြည်ညိုခြင်း၊ ရှိခိုးခြင်း၊ ရေ-ပန်း-အမွှေးနံ့သာ လှူဒါန်းခြင်းတို့သည် သက်တော်ထင်ရှား ဘုရားကို လှူတာပူဇော်တာနှင့် အတူတူပင် ဖြစ်သည်။ " သက်တော်ထင်ရှား ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန် ပြုပြီးနောက် စေတီရုပ်ပွားတော်၌ လည်းကောင်း၊ စိတ်ထားတူမျှသော် တူမျှသော အကျိုးကို ပေးနိုင်ပေသည်။ စိတ်ထား စင်ကြယ် မွန်မြတ်ခြင်းကြောင့် သတ္တဝါတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ " မိန့်ဆိုသည်ရှိပါသည်။ စေတီရုပ်ပွားများကို ပစ်မှားမိပြန်ရင်လည်း ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း သင့်တတ်ကြောင်း ဆင်ခြင်နိုင်ရန် ဖြစ်ပါသည်။

Monday, October 20, 2008

သရဏဂုံတည်ခြင်းအကျိုး

သရဏဂုံတည်ခြင်းအကျိုး


ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်း ထက်၌ ဆန္ဒ၀တီပြည်တွင် မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသော အမျိုးကောင်းသား တစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ .. ..

" ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။

ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်း ကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-

(၁)
နေရာမရွေး အပူဇော်ခံရခြင်း။
(၂)
ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။
(၃)
များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။
(၄)
အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
(၅)
အသားအရောင် ရွှေအဆင်းကဲ့သို့ တောက်ပခြင်း။
(၆)
အရာရာ မိမိအလိုကျဖြစ်ခြင်း။
(၇)
မိတ်ပျက်ခြင်းမရှိ၊ မိတ်ဆွေပေါခြင်း။
(၈)
ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း တို့ဖြစ်သည်။

ထိုဘဝမှ စုတေပြီးသောအခါ သိကြားမင်းအဖြစ်အကြိမ်(၈၀)၊ စကြာမင်းအဖြစ် (၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။

ဂေါတမမြစ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။

(အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)

မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး


လောကထဲတွင် နေထိုင်ကြသော ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်း လောကဓံတရားများနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာပါ။ တစ်ခါတလေ ကောင်းသော လောကဓံတရားများနှင့် တွေ့ကြုံကြရသကဲ့သို့ တစ်ခါတလေလည်း ဆိုးရွားသော လောကဓံတရားများနှင့် တွေ့ကြုံကြရ လေသည်။ ဤကဲ့သို့သော လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ အကြင်မိတ်ဆွေတို့သည် အရာရာတွင် ကိုယ်ရောစိတ်ပါ ကူညီအားပေး ကြသည်။ ထိုမိတ်ဆွေတို့သည် အမြဲတမ်း ပေါင်းသင်းထိုက်၊ မှီဝဲအပ်သော မိတ်ဆွေကောင်းတို့ ဖြစ်ပါသည်။ သတိပြုနိုင်ကြပါစေ...


မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး

(၁) ဒုဒ္ဒဒံ ဒဒါတိ -
ပေးနိုင်ခဲ့သော အရာဝတ္ထုကိုပေး၏။

(၂) ဒုက္ကရံ ကရောတိ -
ပြုနိုင်ခဲ့သော အမှုကို ပြုပေးတတ်၏။

(၃) ဒုက္ခမံ ခမတိ -
သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။

(၄) ဂုယှမဿ အာဝိကရောတိ -
မိမိ၏လျှို့ဝှက်အပ်သောအရာကို ထင်စွာပြု၏။

(၅) ဂုယှမဿ ပရိဂုဟတိ -
အဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်၏။

(၆) အာပဒါသု နဇဟတိ -
ဘေးရန်တို့ကြောင့် မစွန့်ပစ်။

(၇) ခီဏေန နာတိမညာတိ -
ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင်ပြုခြင်း။

တို့ ဖြစ်ကြသည်။

Friday, October 17, 2008

ရိုသေဂါရဝပြုကြစို့

ရိုသေဂါရဝပြုကြစို့



မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့သည် အနန္တဂိုဏ်းဝင်များ ဖြစ်ကြပါသည်။ မိဘများသည် သားသမီးတို့အပေါ် ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်၊ ၀ါးဖက်တော် ကဆီနှစ်နှင့် လူဖြစ်အောင် ကျွေးမွေး ပြုစုစောင့်ရှောက်လျက် ကျေးဇူးကြီးမားသူများ ဖြစ်ကြပါသော်လည်း သားသမီးများ ကြီးပြင်းလာကြသော် မိအိုဖအိုများ အပေါ် ရိုရိုသေသေ လေးလေးစားစား နှင့် လုပ်ကိုင်ကျွေးမွေးလျက်ရှိသည့် သားသမီးများ ရှိကြသလို ကျွေးမွေး စောင့်ရှောက်ခြင်း ကင်းမဲ့ကြသည့် သားသမီးများလည်း ရှိပါသည်။

သားဆိုး သမီးဆိုးတို့က မိအိုဖအိုတို့ကို ကျန်းမာရေး မကောင်းသည့်အခါ ဖုတ်ဝင်သည်ဟု ဆိုပြီး အစားအစာ မကျွေးကြဘဲ အသေသတ်သည့် သားသမီးများ ရှိနေဆဲဖြစ်သည်။ ဤသို့ မိခင်ဖခင် တို့အပေါ် ပြစ်မှား ကျူးလွန်ကြခြင်း ကြောင့် ပဉ္စာနန္တရိယ ကံကြီးထိုက်ကာ လပိုင်း နှစ်ပိုင်းအတွင်း အစားဆင်းရဲခြင်း၊ အ၀တ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စသည့် ဆင်းရဲခြင်းဒုက္ခမျိုးစုံတို့ကို ခံစားနေကြရသည့်အပြင် သက်တမ်းစေ့ မနေကြရဘဲ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘ၀နိဂုံး ချုပ်ကြရသည်။

မိအိုဖအိုတို့ကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနှင့် ကျွေးမွေးစောင့်ရှောက် လျက်ရှိသည့် လိမ္မာ ယဉ်ကျေးသော သားသမီးတို့သည် ယခု မျက်မှောက်ကာလတွင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါကြောင်း၊ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် အပေါင်းတို့ကို ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် မသိမလိမ္မာ၍ ပြစ်မှား ကျူးလွန်ခဲ့သည် ရှိကြပါသော် လက်အုပ်ချီမိုး၊ ရှိခိုးကန်တော့ တောင်းပန်ပါက မိမိတို့ ကျူးလွန်မိသည့် အပြစ်များ ကင်းလွတ်လျက် သုခချမ်းသာ ရရှိကြမည် ဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က ၀ါဝင်၊ ၀ါထွက်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် အခါကြီး ရက်ကြီး နေ့ထူး နေ့မြတ်များတွင် ဘုရားအစရှိသော တရား သံဃာ မိဘ ဘိုးဘွားသက်ကြီး ရွယ်အို ဆရာသမား များကို ရိုသေဂါရ၀ဖြင့် ပူဇော် ကန်တော့ ကြသည်က အပါယ်ဆင်းရဲ၊ ၀ဋ်ဆင်းရဲ အပေါင်းတို့မှ ကင်းဝေးခြင်း၊ မျက်မှောက်ကာလ များတွင် ဘေးအပေါင်း၊ ရန်အပေါင်း၊ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးလျက် ကျန်းမာ ချမ်းသာခြင်း အပေါင်းနှင့် ပြည့်စုံ ကြမှာ ဖြစ်ပါသည်။


လိမ္မာယဉ်ကျေးသော အမျိုးကောင်း သားသမီး ရတနာများ ဖြစ်ကြပါစေ…
အလိမ္မာစာမှာရှိ ဗုဒ္ဓစာပေကြည့် ….
စိတ်ကောင်းရှိ သီလမြဲ ချမ်းသာကြမည် မလွဲ …. ။

Thursday, October 16, 2008

ဓမ္မရာဇိက






ဓမ္မရာဇိက


ဓမ္မရာဇိကစေတီကို ၁၈-၁၀-၁၁၉၈ ခုနှစ်တွင် နရပတိစည်သူမင်း တည်ခဲ့သည်။ ဘုရားရှိ ကျောက်စာတွင် ဓမ္မရာဇိက ဟုဖော်ပြထားသည်။

ဓမ္မရာဇိကဘုရား အရှေ့မျက်နှာ တ၀ဂူအတွင်းရှိ ဓမ္မရာဇက ကျောက်စာအရ နရပတိစည်သူမင်းသည် ၆-၁၀-၁၁၉၆ တွင် သစ်မထီး အရပ်၌ ပုထိုးတည်ရန် မြေနေရာတွေ့ခဲ့ကြောင်း၊ ထိုမြေနေရာအတွက် သစ်မထီးအရပ်ရှိ မထေရ်တို့ထဲ တောင်းပန်ရာ ခွင့်ပြုခဲ့ကြောင်း၊ ၁-၉-၁၁၉၇ တွင် ကျောက်ဖျာထက်၌ အုတ်မြစ်ချ ခဲ့ကြောင်း၊ ဘုရားတွင် ဌာပနာရန် သီဟိုဠ်သို့ ဓာတ်တော်တောင်း စေလွှတ်ပြီး ဓာတ်တော်လေးဆူကို ဌာပနာခဲ့ကြောင်း၊ ဘုရားတည်ဆောက်ရာ လက်ခငွေ (၄၄၀၂၇)ကျပ်၊ (၁၈)ပဲ လုံး ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် ထိုကျောက်စာတွင် ပုဂံခေတ် မြန်မာနိုင်ငံ၏ လေးမျက်နှာ နယ်နိမိတ်၊ ခရိုင်အမည်၊ တိုက်အမည်နှင့် ပုဂံခေတ်စစ်အင်အား တို့ကို ဖော်ပြထားသည်။

ဓမ္မရာဇိကစေတီတွင် ပထမပစ္စယာကစ၍ လက်ယာရစ်လှည့်ပြီး ပစ္စယာအဆင့်ဆင့် ဘေးဘက်တွင် (၅၅၀)ဇာတ်များနှင့် ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င်ခန်းစဉ် စိမ်းသုတ်အုတ်ချပ်(စဥ့်ကွင်း)များကို ကမ္ပည်းစာ များနှင့်တကွ တွေ့နိုင်သည်။

(ဓမ္မရာဇိက စေတီရှိ စဥ့်ကွင်းများကို အေဒီ ၁၈၉၀ မှ ၁၉၀၀ အတွင်း ဂျာမန်လူမျိုး ဘူမိဗေဒပညာရှင် ဒေါက်တာ ဖရစ်ဗွန်နွတ်တလင် ကလည်းကောင်း၊ ခရစ် ၁၈၉၉ တွင် ဂျာမန်လူမျိုး ထောမန်ခေါင်းဆောင်သော အဖွဲ့ လည်းကောင်း ခိုးယူသွားခဲ့ဖူးသည်။)

Wednesday, October 8, 2008

မနုဟာဘုရား






မနုဟာဘုရား


မနုဟာဘုရားကို အေဒီ (၁၀၆၈)တွင် မနုဟာမင်း တည်ခဲ့သည်။ မနုဟာမင်းသည် မြင်းကပါအရပ်တွင် အကျယ်ချုပ်ဘဝဖြင့် နေရစဉ် မြင်းကပါ သူဌေးထံ မနောမယ ကြောင်မျက်ရွဲလက်စွပ်ကို ရောင်းချခဲ့ရာ ငွေလှည်း ၆ စီးတိုက် ရရှိခဲ့သည်။ မနုဟာမင်းသည် ထိုငွေဖြင့် လောကနန္ဒာသင်္ဘောဆိပ် အရှေ့မြောက် စောင်းအရပ်ရှိ သီရိဇေယျဘုံမိ ကုန်းတွင် ၁၅-၈-၁၀၆၇ တွင် ဘုရားစတင်တည်ရာ ၁၂-၃-၁၀၆၈ တွင် ပြီးစီးခဲ့သည်။ မနုဟာဂူ ဘုရားသည် စတုရန်းပုံ နှစ်ထပ် အဆောက်အဦးဖြစ်ပြီး ပစ္စယာများ အထက်၌ စေတီရံများ ရှိသည်။

မနုဟာဂူဘုရားအတွင်း ဗုဒ္ဓရုပ်ပွားဆင်းတု (ဘူမိဖဿမုဒြာ)သုံးဆူ ရှိပြီး အလယ်မှ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးသည် (၁၀.၂၄)မီတာ၊ (၃၃.၅)ပေ မြင့်ပြီး ဘေး ၂ ဖက်မှ ဗုဒ္ဓရုပ်ပွား ဆင်းတုနှစ်ဆူသည် (၆.၂၅)မီတာ၊ (၂၀.၅)ပေ မြင့်သည်။ ဂူဘုရား၏ အနောက်ဘက် အခန်းတွင် အလျား (၂၈.၈၀)မီတာ၊ ၉၄.၅)ပေ ရှိသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် ရှိသည်။

မနုဟာဂူဘုရား အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာ၊ ဘီလူး ပန်းဆွဲများဖြင့် တန်ဆာဆင်ထားသည်။ မနုဟာဘုရား ရှေ့မျက်နှာစာတွင် ကြီးလားလှသည့် သပိတ်ကြီးရှိသည်။

Wednesday, September 24, 2008

မြစေတီ







မြစေတီသည် ခရစ်(၁၂)ရာစုဦးက တည်ဆောက်ခဲ့သည့် စေတီဖြစ်သည်။ မြစေတီ၏ မဟာရာမ် တံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာ တွေ့ရပြီး မြစေတီကျောက်စာ (ယခု ရာဇကုမာရ် ကျောက်စာ) ဟု ခေါ်တွင် ခဲ့သည်။ ထိုမြစေတီ ကျောက်စာပါ ရည်ညွှန်းထားသော ဘုရားမှာ မြစေတီ၏ အနောက်ဘက်တွင် ကပ်လျက်ရှိသည့် မြင်းကပါ ဂူပြောက်ကြီး ဘုရား ဖြစ်သည်။

Posts

Followers

Labels

Comments