ဗျာဒိတ်ရရန်အင်္ဂါ (၈)ပါး
၁။ မနုဿတ္တံ - လူသားစစ်စစ်ဖြစ်ခြင်း။
၂။ လိင်္ဂသမ္ပတ္တိ - ယောက်ျားဖြစ်ရခြင်း။
၃။ ဟေတု - တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်း။
၎။ သတ္ထာရဒဿနံ - ဘုရားကို ဖူးတွေ့ရခြင်း။
၅။ ပဗ္ဗဇ္ဇာ - ရသေ့ ရဟန်းဖြစ်ရခြင်း။
၆။ ဂုဏသမ္ပတ္တိ - ဈာန်သမာပတ် နှင့် ပြည့်စုံခြင်း။
၇။ အဓိကာရော - ဘုရားဆုကို တောင်းခြင်း။
၈။ ဆန္ဒတာ - ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒရှိခြင်း ။ ။
1 comments:
ပွင့်တော်မူနေသော ဘုရားမှ အခြားပုဂ္ဂိုလ် တစ်ဦးအား မည်သည့် အချက်များ
ပြည့်စုံမှ အဘယ်ကမ္ဘာတွင် အဘယ်ဘွဲ့ အမည်ဖြင့် ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးနိုင်
သလဲ ဆိုရင်
ထို ပုဂ္ဂိုလ် သည် ဘုရားဆုကို -
(က)စိတ်ဖြင့် တောင်းသောအချိန် (၇) သင်္ချေ ၊
(ခ)နှုတ်မှ ဖွင့်ဟတောင်းသော ကာလ (၉) သင်္ချေ ပြည့်သော အခါ……
ပွင့်တော်မူနေသော ဘုရားမှ အဘယ်ကမ္ဘာတွင် အဘယ်ဘွဲ့ အမည်ဖြင့် ဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးနိုင်သည် ဆို၏။ ဗျာဒိတ် စကားရပြီးနောက် ဒီဆုပန် ဗျာဓိတ်ခံ ဘုရား လောင်း ကိုယ်တိုင်ကလည်း ဒီကာလမှ စတင်၍ ဘုရားဖြစ်တဲ့ အထိတလျောက်လုံးမှာ ( မူလပါရမီ ၁၀-ပါး ၊ ဥပပါရမီ ၁၀-ပါး ၊ ပရမတ္ထ ပါရမီ ၁၀-ပါး ) ကို
၁/ ကြာမြင်.စွာသော အချိန်
၂/မရပ်မနား
၃/မချွင်းမချန်
၎/ရိုရိုသေသေ
၅/ပျော်ပျော်ပါးပါး....ဖြည်.ရပါမယ် ။ဒါဆိုရင်တော့ ဘုရားဖြစ်ဖို့ရန် ကိုယ်၊နှုတ်၊စိတ်(၃)ပါးလုံးပါရမီ ပြည့်စုံပါပြီ။တောထွက်ပြီး ကျင့်ရပါဦးမယ်။
Post a Comment