အယဉ် နှင့် အရိုင်း
အိမ်ကြီးနှစ်ဆောင်သည် မျက်နှာချင်းဆိုင် တည်ရှိနေလေသည်။ မျက်စိ ကောင်းသူတစ်ယောက်သည် ထိုအိမ်ကြီးနှစ်ဆောင်၏ အလယ် တလင်းပြင်၌ ရပ်လျက်ရှိသည်။ ထိုသူသည် အိမ်ကြီးနှစ်ဆောင်အတွင်းသို့ ၀င်လာသူများကိုလဲ ကောင်းစွာမြင်ရသည်။ အိမ်ကြီးနှစ်ဆောင်မှ ထွက်ခွာသွားသူ များကိုလဲ ကောင်းစွာမြင်ရသည်။ မမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။ မျက်စိကောင်းသူ မဟုတ်လော။
ထိုနည်းတူပင် ငါဘုရားသည် သတ္တ၀ါ အမျိုးအစားကို ကောင်းစွာ သိမြင်တော်မူ သည်။ မယဉ်ကျေးသူနှင့် ယဉ်ကျေးသူ၊ လမ်းမှားသူနှင့် လမ်းမှန်သူ တို့ကိုလဲ ခွဲခြား၍ သိမြင်တော်မူသည်။ ဆုံးမခက်သူနှင့် ဆုံးမလွယ်သူတို့ကိုလဲ ကောင်းစွာ ခွဲခြား၍ သိမြင်တော်မူသည်သာဖြစ်သည်။ မသိမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပေ။ ငါဘုရား၌ ဤအလုံးစုံကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ ပြည့်စုံ နေသည် မဟုတ်လော။
(ဥပရိပဏ္ဍာသပါဠိတော်၊ သုညတ၀ဂ်၊ ဒေ၀ဒူတသုတ်)
Friday, May 2, 2008
အယဉ် နှင့် အရိုင်း
Posted by အောင်မြေ at 5:43 AM
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment