ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Friday, June 6, 2008

အိမ်မီးလောင်သော်

အိမ်မီးလောင်သော်

  • အိမ်ကို မီးလောင်သည်ရှိသော် အိမ်ရှင်သည် အိုး ခွက် စသည်တို့ကို ထုတ်ယူသယ်ဆောင်ရာ၏။ မီးစွဲလောင် ခြင်းမှ လွတ်ကင်းကျန်ရှိနေသော အချို့ပစ္စည်းများလည်းရှိသည်။ ထို ထုတ်ယူ သယ်ဆောင် ထားသော ပစ္စည်း သည်လည်းကောင်း၊ မီးမလောင်ကျွမ်းဘဲ ကျန်ရစ်ခဲ့သည့် ပစ္စည်းများသည် လည်းကောင်း အိမ်ရှင် အတွက်ဖြစ်သည်။ အိမ်ရှင်အဖို့ အထောက်အပံ့ ဖြစ်သည်။

  • ဤလောက၌ လူသားတို့အား အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီး စသည်တို့သည် အစဉ်သဖြင့် တောက်လောင် ပူကျွမ်းလျက် ရှိနေပေသည်။ မသေမီက အပြစ်မရှိ ကောင်းမြတ်စင်ကြယ်သော ပြုမူလုပ်ဆောင်ချက်သည် သာလျှင်၊ ကုသိုလ်ကောင်းမှု အစုစုသည်သာလျှင် ထိုလူသားအတွက် အထောက်အပံ့ ဖြစ်လေသည်။ အိမ်မီး လောင်ရာ၌ ထုတ်ယူသယ်ဆောင်ထားအပ်သော ပစ္စည်းကဲ့သို့တည်း။
    (တိကနိပါတ်၊ ဗြဟ္မဏ၀ဂ်၊ ဒုတိယ ဒွေဗြာဟ္မဏသုတ်)

0 comments:

Posts

Followers

Labels

Comments