ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, June 29, 2008

လူချမ်းသာ စိတ်ချမ်းသာ (၁၇)

လုံခြုံပါစေ၊ သန့်ရှင်းပါစေ

မိမိကိုယ်ပိုင် ပစ္စည်းများတွင် လုံခြုံမှုလိုအပ်သောပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်း၍ စောင့်ရှောက်ရ မည်။ ပြုပြင်မှုလိုအပ်သော ပစ္စည်းများကို ပြုပြင်မှုပြု၍ စောင့်ရှောက်ရသည်။ ပစ္စည်းဥစ္စာဟူသည် ရှာဖွေဖို့သာ ခက်ခဲသည်မဟုတ်။ စောင့်ရှောက်ဖို့၊ ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ပြုပြင်ဖို့သည်လည်း ခက်ခဲသည်။ လူချမ်းသာ ဖြစ်လိုသူသည် ရှေ့က အပတ်တကုတ် ကြိုးစားအားထုတ် ရှာဖွေနိုင်သကဲ့သို့ နောက်ပိုင်း လုံခြုံအောင် ထိန်းသိမ်း နိုင်ရန်လည်း အထူးလိုအပ်ပါသည်။ ရှေ့က ရှာနိုင် ဖွေနိုင်ပါသော်လည်း နောက်ပိုင်းလုံခြုံအောင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါလျှင် ကြီးပွားတိုးတက်မှု ဖြစ်မလာနိုင်ပေ။ စီးပွားဟူသည် စီးမှပွားသည်ဟု အချို့က ဆိုကြသည်။ အရာရာ စီးစီးပိုးပိုးလုပ်မှ ကပ်စေးနှဲမှ ပွားများပေါများလာ သည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။

(ဓမ္မပိယဆရာတော်၊ အရှင်သံဝရာလင်္ကာရ)
ဆက်လက်တင်ပြပါမည်။

0 comments:

Posts

Followers

Labels

Comments