ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Friday, April 18, 2008

ကျေးဇူးရှင်

မိဘနှစ်ပါးရှိသည့်အနက်
လက်ဝဲဘက်ပုခုံး၌ အမိကိုထား၍
လက်ယာဘက်ပုခုံးပေါ်မှာကား အဘကိုထား၍
အသက်ထက်ဆုံး ထိုပုခုံး၌ပင်
အစားအစာကျွေးမွေး၊ အညစ်အကြေးစွန့်စေသည်အထိ
ကိုယ်ဖိရင်ဖိ လုပ်ကျွေးစေကာမူ
မိဘဖြစ်သူတို့၏ ကျေးဇူးကား
ကျေနိုင်သည်မရှိ ဟူ၍
ကျမ်းဂန်များတွင် ညွှန်ပြပြောဆိုသည်မှာ
သားသမီးတို့ အထူးမှတ်သားလျက် သတိပြုသင့်လှပါသည်။

ယနေ့ လူငယ်မောင်မယ်တို့သည်
“မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလမုတ္တမံ”
အမိအဖတို့ကို ကောင်းစွာလုပ်ကျွေး မွေးမြူခြင်းသည်
မြတ်သောမင်္ဂလာဖြစ်ကြောင်း အမှတ်ရကြလျက်
မိဘနှစ်ပါး ကျေးဇူးရှင်များကို
လုပ်ကျွေး၊ မွေးမြူ၊ ပြုစု နိုင်ကြပါစေ.....။

Followers

Labels

Comments