ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label သမ္မပ္ပဓာန်တရား (၄) ပါး. Show all posts
Showing posts with label သမ္မပ္ပဓာန်တရား (၄) ပါး. Show all posts

Tuesday, October 28, 2008

သမ္မပ္ပဓာန်တရား (၄) ပါး


ဗောဓိပက္ခိယတရား (၃၇)ပါးတွင် အပါအ၀င်ဖြစ်သော သမ္မပ္ပဓာန်တရား (၄)ပါးဟူသည်မှာ-

(၁)
ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ၀ါယာမော
ဖြစ်ပြီးသော အကုသိုလ်တရားများကို ပယ်နိုင်အောင် အားထုတ်ခြင်း။

(၂)
အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ၀ါယာမော
မဖြစ်သေးသော အကုသိုလ် တရားဆိုးများကို မဖြစ်ပေါ်အော် အားထုတ်ခြင်း။

(၃)
အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ၀ါယာမော
မဖြစ်သေးသော ကုသိုလ်တရားများ ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း။

(၄)
ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ၀ါယာမော
ဖြစ်ပြီးသော ကုသိုလ်တရားများကို ဆထက်တိုးပွား များပြားလာစေရန် အားထုတ်ခြင်း။

(တစ်)
ဗောဓိဆုတွေ ပန်ပြီး နိဗ္ဗာန်ကို မရည်ရွယ်သည့်တိုင် လူသားတိုင်း ကြိုးစားအားထုတ်သင့်သော တရားမှာ သမ္မပ္ပဓာန်တရား (၄) ပါး ဖြစ်ပါသည်။ မိမိတို့သည် ဖြစ်ပြီးသော (ပြုလုပ်ခဲ့မိသော) အကုသိုလ် မကောင်းမှု ဒုစရိုက်တရားများကို ဆင်ခြင်နိုင်အောင် မကြာခဏ သတိရနေတတ်ပါသည်။

(နှစ်)
မိမိတို့သည် မဖြစ်သေးသော အကုသိုလ် ဒုစရိုက်မကောင်းမှု မှန်သမျှကို မပြုမိအောင် သတိထားကြရပါမည်။

(သုံး)
မဖြစ်သေးသော၊ မလုပ်ရသေးသော ကုသိုလ် တရားများကိုမူ ဖြစ်အောင် ကြိုးစားရပါမည်။ ပြုလုပ်ဖြစ်အောင် အားထုတ်ရမည်။

(လေး)
ဖြစ်ပြီးသော ပြုလုပ်ဆည်းပူးထားပြီးသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကိုမူ ပွားများအောင် လုပ်ရသည်။ မကြာခဏ အောက်မေ့ ဆင်ခြင်ရမည်။ သီလာနုဿတိ = မိမိစောင့်ထိန်းထားသော သီလများကို အောက်မေ့ ဆင်ခြင်ခြင်း၊ စာဂါနုဿတိ = မိမိနှင့် စွန့်ကြဲပေးကမ်း လှူဒါန်းဖူး သည်များကို ခဏခဏ အောက်မေ့သတိရခြင်းတို့ကို အပ္ပမာဒ ဆိုတဲ့ သတိတရားဖြင့် ပြန်လည် ပွားများပေးရမည်။

Followers

Labels

Comments