ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ပုဂံအနီးတ၀ိုက်ရှိထင်ရှားသော စွယ်တော်မြတ်စေတီများ. Show all posts
Showing posts with label ပုဂံအနီးတ၀ိုက်ရှိထင်ရှားသော စွယ်တော်မြတ်စေတီများ. Show all posts

Sunday, December 6, 2009

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီများ


ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တော်မူသော အနော်ရထာမင်းကြီးသည် စွယ်တော်စေတီ (၄)ဆူကို သစ္စာအဓိဌာန်ပြုကာ တည်ထားခဲ့သည်။ ထိုစွယ်တော်မြတ် လေးဆူမှာ-
(၁) ရွှေစည်းခုံစေတီတော်
(၂) တန့်ကြည်တောင်စေတီတော်
(၃) တုရင်တောင်စေတီတော်
(၄) လောကနန္ဒာစေတီတော် တို့ဖြစ်သည်။

အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ကား " ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ် လေးဆူကို အကြင်သူသည် နောက်နေ့ မကူးနေ့ချင်း ဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား၊ မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည့်သူအား မကြာချက်ချင်း၊ လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း " ဟူ၍ ဖြစ်ပါသည်။ ဖော်ပြပါ အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ပြုခဲ့သည့် ဆိုရိုးစကားအတိုင်း ယခုအခါ ပုဂံဘုရားဖူး ခရီးသည်တို့သည် ပုဂံတစ်ဝိုက်ရှိ စွယ်တော်စေတီ (၄)ဆူကို ကြိုးစား၍ နေ့ချင်းဖူးမျှော်လေ့ရှိကြပါသည်။

ရွှေစည်းခုံစေတီတော်

အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄ နှစ်မြောက်၊ သက္ကရာဇ် ၃၉၃ ခုနှစ်တွင် သီဟိုဠ်ကျွန်းသို့ တမန်စေလွှတ်၍ စွယ်တော်ပွားတစ်ဆူကို ပင့်ဆောင်စေသည်။ သီဟိုဠ်ဘုရင် ဓာတုသေန မင်းကြီးသည် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားတစ်ဆူ ကိုပေးအပ်ခဲ့ရာ အနော်ရထာဘုရင် ကြီးမှာ များစွာ နှစ်ထောင်းအားရ ရှိတော်မူလေသည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံနေပြည်တော်၌၏ အရှေ့မြောက် အရပ်တွင် ထိုဗုဒ္ဓစွယ်တော်ပွားကို ဌာပနာ၍ ရွှေစည်းခုံ စေတီတော်ကို တည်တော်မူသည်။ စေတီတော်မပြီးမီ အနော်ရထာမင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်သော သားတော် ကျန်စစ်သားမင်းကြီးက ဆက်လက်၍ တည်တော်မူခဲ့ရာ သက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

တန့်ကြည်တောင်စေတီတော်

ပုဂံမြို့ တစ်ဘက်ကမ်း တန့်ကြည်တောင်ထိပ် ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်(၇၀) ၀ါတော်(၃၅)၀ါတွင် ဒေသစာရီ ကြွချီတော်မူ ခဲ့သော တောင်ထူး တောင်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ဒေသစာရီကြွချီ တော်မူစဉ် ရပ်တန့်၍ ကြည့်ရှုတော်မူရာ တောင်ထိပ်ဖြစ်သော ကြောင့် တန့်ကြည်တော် ဟု အမည်တွင်ခဲ့သည်။ အသောကမင်း တရားကြီးက စေတီပေါင်း ရှစ်သောင်း လေးထောင် တည်ခဲ့ရာတွင် တန့်ကြည်တော်ထိပ်၌ စေတီတော် တစ်ဆူတည်ခဲ့သည်ဟု အဆိုရှိသည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည်လည်း ရှင်အရဟံ မထေရ်မြတ်၏ တိုက်တွန်း နိုးဆော်ချက်အရ သီဟိုဠ်မင်းထံမှ ရရှိသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၆ ခုနှစ်တွင် ထိုစေတီတော်ကြီး၌ပင် ထည့်သွင်းဌာပနာ၍ ပြုပြင်တည်ထား တော်မူသည်။ သက္ကရာဇ် ၃၉၇ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် ရွှေထီးတော် အသစ် တင်လှူ ပူဇော်ခဲ့ပါသည်။

လောကနန္ဒာစေတီတော်

သီရိပစ္စယာမြို့၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းနဖူးတွင် တည်ရှိသည်။ လောကနန္ဒာ စေတီတော်မှာ အနော်ရထာမင်းကြီး၏ ကောင်းမှုတော်များတွင် အထူးခြားဆုံး စေတီတော် ဖြစ်ပါသည်။ သီဟိုဠ်ကျွန်း မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘောဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တစ်ဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက သက္ကရာဇ် ၃၉၄ ခုနှစ်တွင် တည်ထား ခဲ့ခြင်းဖြစ်သည်။ ထို လောကနန္ဒာစေတီတော်ကြီး၏ အာရုံခံ တန်ဆောင်း အနောက်ဘက်တွင် သမိုင်းအတွက် အရေးပါသော ကျောက်စာနှစ်ချပ် ရှိသည်။ တစ်ချပ်မှာ သက္ကရာဇ် ၅၆၉ ခုနှစ်တွင် ရေးထိုး၍ နောက်တစ်ချပ်မှာ သက္ကရာဇ် ၅၉၂ ခုနှစ် တွင် ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

တုရင်တောင်စေတီတော်

ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။ ပုဂံမြို့နယ်နိမိတ် အ၀င်ကတည်းက ထင်ရှားစွာ မြင်တွေ့ရပါသည်။ သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၃ ခုနှစ်တွင် အနော်ရထာမင်းက တည်ထားခဲ့ခြင်း ဖြစ်သည်။ တုရင်တောင် စေတီတော်ကို ဖူးမြော်ရန် လမ်းနှစ်သွယ်ရှိရာ ပထမလမ်းမှာ တောင်ပရွာဇရပ်မှ ယာခင်းများကို ဖြတ်၍ တောင်ပေါ် ကျောင်းကိုပတ်ပြီး တက်သွားသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ တောင်ပရွာဇရပ်မှ အလွန်လမ်းညွှန် ဆိုင်းဘုတ်အတိုင်း လိုက်သွားရသော ကားလမ်းအတိုင်း မောင်း၍ သွားရောက် ဖူးမြော်နိုင်ပါသည်။



Wednesday, April 1, 2009

တူရင်းတောင်စေတီ


တူရင်းတောင်စေတီတော်

တူရင်းတောင်စေတီ ကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် (ယခု သီရိလင်္ကာ) ဘုရင် ၀ိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ တူရင်းတောင်ထိပ် တွင် စေတီတည်ကာ စွယ်တော်ပွားကို ဌာပနာ ခဲ့သည်။

တူရင်းတောင်စေတီ ကို အောက်ခြေ အုတ်ခုံခံ၍ အုတ်ခုံမျက်နှာစာ တွင် ဆင်ရုပ် (၃၂)ရုပ်ကို အရပ်မျက်နှာ အလိုက် အချိုးကျ ပြုလုပ်ထားသည်။ အုတ်ခုံ အထက်တွင် ရှစ်မြှောင့် ပစ္စယာအထက်တွင် ဖောင်းရစ်နှင့် မိုးလျှောများ၊ ပုပြတ်သော ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် စိန်တောင် များပါသည့် ရင်စည်း၊ သေးသွယ် ချွန်တက်သွားသည့် ဖောင်းရစ် တစ်လှည့်၊ မိုးလျှော တစ်လှည့်၊ အထွတ်၊ ကြာမှောက်၊ ရွှဲလုံး၊ ကြာလန်၊ ငှက်ပျောဖူး နှင့် ထီးတို့ဖြင့် အဆင့်ဆင့် တည်ထားသည်။

တူရင်းတောင်စေတီ ကို ခေတ်အဆက်ဆက် စေတနာရှင် များက ပြုပြင်မွမ်းမံခဲ့ကြ သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော စွယ်တော်မြတ်လေးဆူ



( ဦးမောင်မောင် (ရန်ကုန်တက္ကသိုလ်) ၏ ပုဂံစေတီပုထိုးများ )

Sunday, December 21, 2008

တန့်ကြည့်တောင်စေတီ


တန့်ကြည့်တောင်

ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင် စေတီ၊ လောကနန္ဒာ စေတီနှင့် တူရင်းတောင် စေတီ တို့ဖြစ်သည်။ မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမျှော် ကြိုညိုပါက လိုရာဆန္ဒပြည့်ဝ မည်ဟု ယုံကြည်ကြသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောက မင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင် ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။

တန့်ကြည့်တော် စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။

Followers

Labels

Comments