ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ဥပုသ်စောင့်ခြင်း. Show all posts
Showing posts with label ဥပုသ်စောင့်ခြင်း. Show all posts

Thursday, June 19, 2008

ဥပုသ်စောင့်ခြင်း

ဥပုသ်စောင့်ခြင်း



ဗုဒ္ဓဘာသာဝင်တို့သည် များသောအားဖြင့် ဝါတွင်းကာလ၌ ဥပုသ်စောင့်လေ့ရှိကြသည်။ ဝါကျွတ်သွားသော် ဥပုသ် စောင့်သူ မရှိသလောက် ရှားသွားသည်။ အချို့သော လူကြီးအနည်းငယ်မျှလောက်သာ ဥပုသ် စောင့်ကြတော့ သည်။ အချို့မှာ ဝါတွင်းကာလတွင်ပင် ဥပုသ်သီလ မစောင့်ဖြစ်ကြပေ။ အချို့ကား ဝါဝင် ဝါထွက်လောက်သာ ဥပုသ်စောင့်နိုင်ကြသည်။ ကျန်းမာရေး၊ လူမှုရေးတို့ကြောင့် ဥပုသ် မစောင့်နိုင်ကြပေ။



ဥပုသ်သီလစောင့်ခြင်းသည် အလွန်ပင် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် ဥပုသ်စောင့်လျှင် တကယ့်အရိယာ ဥပုသ်မျိုးဖြစ်ရန်တော့ လိုအပ်ပါသည်။ ဥပုသ်တွင် သာသနာတော်တွင်းဥပုသ်၊ သာသနာပဥပုသ် ဟူ၍ရှိရာ သာသနာပ၌ စောင့်သောဥပုသ်နှင့် သာသနာတော်တွင်း စောင့်သောဥပုသ်တို့သည် ကျေးဇူးများခြင်း၊ အကျိုးရခြင်းတို့ တူညီနိုင်မည်မဟုတ်ချေ။ သာသနာပဥပုသ်သည် သမထဘာဝနာမျှသာ လုပ်နိုင်သည်။ ဝိပဿနာ သာသနာကို အားထုတ်ချင်သော်လည်း ရနိုင်လိမ့်မည်မဟုတ်။

ယခုအချိန်တွင် သာသနာတော် ထွန်းကားနေချိန်ဖြစ်၍ ဘုန်းတော်ကြီးကျောင်းသို့သွားကာ ဥပုသ် စောင့်ထိန်း ကျင့်သုံးနေလျှင် တစ်နေ့တာ ဝိပဿနာ ဘာဝနာတရား ပွားများ အားထုတ်နိုင်သည်။ ဘုန်းတော်ကြီး ကျောင်းတိုင်းလိုလိုပင် တရားအားထုတ်မှုကို အားပေးလျက်ရှိကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။



အမှန်စင်စစ် ရှစ်ပါးသီလ စောင့်ထိန်းခြင်းသည် အဗြဟ္မရိယ သိက္ခာပုဒ်၊ ဝိကာလဘောဇန သိက္ခာပုဒ်၊ နစ္စ၊ ဂီတ၊ ဝါဒိတ၊ ဝိသုက၊ ဒဿန၊ မာလာဂန္ဓ သိက္ခာပုဒ်၊ ဥစ္စာသယန မဟာသယန သိက္ခာပုဒ် တို့သည် ကာမဂုဏ်တရား များ တိုးပွားရာ ဖြစ်သောကြောင့် ယင်းတို့ကို ခေါင်းပါးရန် ကျင့်လိုက်ခြင်းပင် ဖြစ်ပါသည်။



လူတို့သည် ငါးပါးသီလကို နေ့စဉ်မပြတ် စောင့်ထိန်းကြကုန်သည်။ ငါးပါးသီလသည် ကျင့်ရိုးကျင့်စဉ် သီလသာ ဖြစ်သည်။ ထိုငါးပါးသီလထက် ထူခြား၍ အရိယာသံဃာ၊ ပုထုဇဉ်ရဟန်းသာမဏေများ၊ ရာသက်ပန် ဆောက်တည် ကျင့်ကြံသည့် သီလများထဲမှ မေထုတ်မပြု၊ ညစာမစား၊ ပွဲလမ်းမကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာ မြတ်ရာမနေခြင်း ဆိုသော ထိုသိက္ခာပုဒ်များအား အရိယာသံဃာတော်၊ သာမဏေများကဲ့သို့ အမြဲမဟုတ်သည့်တိုင် ဥပုသ်နေ့များကဲ့သို့ အများသတ်မှတ် စောင့်ထိန်းကြသည့် နေ့တစ်နေ့တွင် ရှောင်ကြဉ်မည် ဟူ၍ အကျင့်သီလနှင့် ကျင့်ကြံပြည့်စုံနေသည်ကို ဥပုသ်စောင့်ခြင်း ဟုခေါ်သည်။



တရားအားထုတ် ရခြင်းကြောင့် စိတ်ကြည်လင်မှု ခံစားရပြီး လောဘ၊ ဒေါသ၊ မောဟတို့သည်လည်း နည်းပါးသွားနိုင်ပါသည်။ ဥပုသ်စောင့်ခြင်းသည် အစ၌ ခက်ခဲသည်ဟု ထင်ရသော်လည်း ကြာလာလျှင် ဥပုသ် စောင့်ခြင်းတွင် ပျော်မွေ့လာပါလိမ့်မည်။ တရားနှင့် ပျော်မွေ့ခြင်းသည် အခြားမည်သည့်အရာမျှ လိုက်မမီကြောင်း တွေ့လာပါမည်။

Followers

Labels

Comments