ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label သီရိမာဝတ္ထု. Show all posts
Showing posts with label သီရိမာဝတ္ထု. Show all posts

Sunday, July 20, 2008

သီရိမာဝတ္ထု


ဗုဒ္ဓရှင်တော်မြတ်သည် ရာဇဂြိုဟ် ဝေဠုဝန် ကျောင်းတော်၌ သတင်းသုံးတော်မူ သောအခါ သီရိမာ မည်သော ပြည့်တန်ဆာမအိမ်၌ ရှစ်ပါးသော ရဟန်းတို့ကို ကောင်းမွန်စွာ အမြဲလုပ်ကျွေး၏။ ရဟန်းတစ်ပါးသည် သီရိမာ၏ အဆင်း၌ တပ်မက်မောသည် ဖြစ်၍ မစားနိုင်၊ မသောက်နိုင် တမှိုင်မှိုင်၊ တခွေခွေ ဖြစ်နေလေသည်။ သီရိမာ သည်လည်း ထိုခဏ၌ စွဲရောက်လာသော ရောဂါဖြင့် သေဆုံးလေသည်။ ဘုရားရှင်သည် သေဆုံး၍ (၃)ရက်မြောက်သော နေ့၌ ဖူးဖူးရောင်သော သီရိမာ၏ အလောင်းကို အသုဘရှုခြင်းငှာ ရဟန်းတို့နှင့် တကွ သုသာန်သို့ ကြွတော်မူလျှင် ထိုရဟန်းလည်း လိုက်လေသည်။ ဘုရားရှင်သည် ချစ်သားတို့ ၀ိညာဉ်ရှိစဉ် အခါ၌ သီရိမာကို ဥစ္စာတစ်ထောင်ပေးမှ တစ်နေ့ရသည်။ ယခုကား တစ်ချင်ရွေးမျှ ပေးမည့်သူမရှိ၊ အချည်းနှီး အလကား မျှယူမည့်သူ မရှိတကား ဟုမိန့်တော်မူ၍ ပဿ စိတ္တကတံ ဗိမ္ဗံ ဂါထာကို ဟောတော်မူသည်။ သတ္တ၀ါရှစ်သောင်း တရားကောင်းကို ရလေကုန်၏။ ထိုရဟန်းလည်း သောတာပန် ဖြစ်သည်။

ပဿ စိတ္တကတံ ဗိမ္ဗံ၊
အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊
ယဿ နတ္ထိ ဓုဝံ ဌိတိ။


(မြန်မာကဗျာ)
ဆန်းကြယ်ဝတ်စား ထုထားရုပ်သွင်၊
သုံးရာရိုးထောက် ကိုးပေါက်ထိုးကျင်၊
လူမိုက်အများ ဆန်းပြားစိတ်ထင်
လာရှုစမ်း ပျက်ခမ်းဤကိုယ်ပင်။


Behold this beautiful body, a mass of sores, a heaped-up (lump), diseased, mush thought of, in which nothing lasts, nothing persists.

စကားပြေ ။ စိန်၊ ရွှေ၊ ရတနာတို့ကို ဆင်ပြင်၍ ဆန်းဆန်းကြယ်ကြယ် ဆင်ယင်ထားသော ပန်းပုသမား ထုထားသော အရုပ်နှင့်တူသော အနာရောဂါ စုစုပေါင်းတည်နေရာ သုံးရာသော အရိုးတို့သည် တိုင်ကဲ့သို့ ထောက်ပြီး ယိမ်းယိုင်သော အိမ်အိုနှင့် တူသဖြင့် နာကျင်သော ပုထုဇဉ် လူသားများ ဆန်းဆန်း ပြားပြား ကြံစည် စိတ်ကူးအပ်သော (ကိုးပေါက်ဒွါရ အမာဝရှိသော) ဤကိုယ်ကို ရှုကြပါလော့။ ဤခန္ဓာကိုယ်ကြီးသည် အမြဲတာရှည် မတည်တံ့နိုင်ပေ။

ဆရာတော် ဦးသီလာစာရ
(ရိုးမတိမ် မဟာအောင်မြေကျောင်း)

Followers

Labels

Comments