ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး. Show all posts
Showing posts with label မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး. Show all posts

Monday, October 20, 2008

မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး


လောကထဲတွင် နေထိုင်ကြသော ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်း လောကဓံတရားများနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာပါ။ တစ်ခါတလေ ကောင်းသော လောကဓံတရားများနှင့် တွေ့ကြုံကြရသကဲ့သို့ တစ်ခါတလေလည်း ဆိုးရွားသော လောကဓံတရားများနှင့် တွေ့ကြုံကြရ လေသည်။ ဤကဲ့သို့သော လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ အကြင်မိတ်ဆွေတို့သည် အရာရာတွင် ကိုယ်ရောစိတ်ပါ ကူညီအားပေး ကြသည်။ ထိုမိတ်ဆွေတို့သည် အမြဲတမ်း ပေါင်းသင်းထိုက်၊ မှီဝဲအပ်သော မိတ်ဆွေကောင်းတို့ ဖြစ်ပါသည်။ သတိပြုနိုင်ကြပါစေ...


မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး

(၁) ဒုဒ္ဒဒံ ဒဒါတိ -
ပေးနိုင်ခဲ့သော အရာဝတ္ထုကိုပေး၏။

(၂) ဒုက္ကရံ ကရောတိ -
ပြုနိုင်ခဲ့သော အမှုကို ပြုပေးတတ်၏။

(၃) ဒုက္ခမံ ခမတိ -
သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။

(၄) ဂုယှမဿ အာဝိကရောတိ -
မိမိ၏လျှို့ဝှက်အပ်သောအရာကို ထင်စွာပြု၏။

(၅) ဂုယှမဿ ပရိဂုဟတိ -
အဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်၏။

(၆) အာပဒါသု နဇဟတိ -
ဘေးရန်တို့ကြောင့် မစွန့်ပစ်။

(၇) ခီဏေန နာတိမညာတိ -
ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင်ပြုခြင်း။

တို့ ဖြစ်ကြသည်။

Followers

Labels

Comments