ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ဆုံးမစာ. Show all posts
Showing posts with label ဆုံးမစာ. Show all posts

Thursday, January 29, 2009

မြတ်သော လူပုဂ္ဂိုလ်

မြတ်သော လူသား

ဤလူ့ဘ၀၌ လူသားများစွာ နေထိုင်ကြသော်လည်း လူတို့၏ ကိုယ်ကျင့်တရား ကမ္မလုပ်ဆောင်မှု ကံတို့ဖြင့် တိုင်းတာ ရေတွက်ကြည့်လျှင် လူမျိုး ၄ မျိုးသာ တွေ့နိုင်ပေသည်။

၁။ ပေတမနုဿ
  • ဒါန ပေးကမ်းလှူဒါန်း ရမှန်းမသိဘဲ စည်းစိမ် ဥစ္စာတို့အပေါ်၌ တွယ်တာမက်မောမှု လောဘက ပြိတ္တာဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို ပေတမနုဿ လူပြိတ္တာ ဟုခေါ်သည်။

၂။ တိရစ္ဆာန မနုဿ
  • ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ် တရားကို မပြုလုပ်ဘဲ တွေဝေမှု မောဟက တိရစ္ဆာန်ဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို တိရစ္ဆာန မနုဿ လူတိရစ္ဆာန် ဟုခေါ်သည်။

၃။ နိရယ မနုဿ
  • လူပုဂ္ဂိုလ်စာရင်း ၀င်သော်လည်း ကုသိုလ် ကောင်းမှုမပြုဘဲ ဒေါသအလျှောက် သူတစ်ပါး အသက်သတ်ခြင်း၊ အကုသိုလ် ဒုစရိုက်တရား တို့ကို လိုလားစွာ ပြုလုပ်၏။ ထိုဒေါသတရားက ငရဲဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို နိရယ မနုဿ လူငရဲသား ဟုခေါ်သည်။

၎။ ပရမတ္တ မနုဿ
  • ထိုပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကို သိ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိ၏။ ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန်ပိုင်းခြား သိတတ်၏။ ထိုပုဂ္ဂိုလ်ကို ပရမတ္တ မနုဿ မြတ်သောလူ ဟု ခေါ်သည်။

ထိုလူပုဂ္ဂိုလ် ၄ မျိုးတွင် ပေတမနုဿ၊ တိရစ္ဆာန မနုဿ၊ နိရယ မနုဿ ၃ မျိုးကား လူဟု ခေါ်ဆိုရသော်လည်း ပစ္စုပ္ပန်နှင့် အနာဂတ် ကာလအတွက် ကုသိုလ်ကောင်းမှု မရှိကြ။ အိပ်၊ စား၊ ကာမ ဤသုံးဝတွင် ဂေါနနှင့် လူအတူ တူတည်း ဟု နီတိ ဆိုရိုးစကားအတိုင်း အကျင့်သုံးပါးသာ ကျင့်သော လူတိရစ္ဆာန် များသာဖြစ်သည်။ လူဖြစ်ရှုံးနေကြသူများဟု ဆိုရပေမည်။

မနုဿ သတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကို ရခဲ၏။ ရခဲသော လူအဖြစ်ကို ရလာလျှင်လည်း လူဖြစ်ကျိုးနပ်ဖို့ လိုပေသည်။ လူဖြစ်လာလျှင် ကုသိုလ်၊ အကုသိုလ်ကို သိရာ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိရာ၏။ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန် ပိုင်းခြား သိတတ်သော ပရမတ္တ မနုဿ မြတ်သောလူ အမျိုးအစားသာ ဖြစ်သင့်ပေသည်။

Friday, April 18, 2008

ဆုံးမစာများ (လေး)

မင်းမရှိသောပြည်၊ အမှုသည်မရှိသောတရား၊ စကားမတတ်သော ရှေ့နေ၊ မပြေပြစ်သော သံတမန်၊ ကျမ်းဂန်မတတ်သော ရဟန်း၊ တိုင်တန်းသူမရှိသော ကြွေးရှင်ယောက်ျား ကဲ့သို့ အမှားမှား အယွင်းယွင်း လစ်ဟင်းရာသည်။


-အဖမရှိ အမိမဲ့သား၊ လင်မရှိသည့်မိန်းမ၊ မယားမဲ့သည့်ယောက်ျား၊ အရှင်မဲ့ သည့်ကျွန်၊ တံခွန်မဲ့သည့် ရထားကဲ့သို့ စီးပွားမတွင် ပြင်လွင်စကားသာ ဖြစ်ရာသည်။
-ဆားမရှိသောဟင်း၊ အရင်းမရှိသောကုန်၊ အမှုန်အနယ်များသောရေ၊ လူလေပေါသောရွာ၊ သဒ္ဓါတရားမရှိသောလူ၊ ပိုင်စိုးပိုင်ငြား တရားမတတ်သော သူကြီးကဲ့သို့ ဟူးရီးဟူးရား စကားမလေး ဂွမ်းမွေးပမာ ပေါ့ရာသည်။
-မြင်ပါများသော ငယ်၏၊ နမ်းပါများသော် ပြယ်၏။ ယုံကားယုံ၏ အမှုမကုန်၊ အမှုကားကုန်၏ မယုံ၊ ချစ်သော်မခြားနား၊ မုန်းသော ကစဥ့်ကလျား၊ ကြောင်လက်သည်းကားအခါမဲ့ကိုဝှက် သည်။ အရေးရှိမှ ထွက်၏။ လူလိမ္မာကား အခါမဲ့ကို ၀ှက်၏။ အရာရောက်မှ ထွက်၏။ သားမရိုသေ၊ ကျွန်မရိုသေ၊ ဗိုလ်ခြေမခိုင်းနိုင်။

ဆုံးမစာများ (သုံး)

တင်ပေဖူးသည်၊ ကျေးဇူးရှိလျက်၊ အဆပ်ခက်။


-မယားရှိလျက်၊ အလှည့်ခက်။
-ဧည့်သည်ညဥ့်နက်၊ အအိပ်ခက်။
-ပယ်ခွာခဲ့လျက်၊ အပြန်ခက်။
-လာခဲ့ခေါ်လျက်၊ အနှင်ခက်။
-ပေးပါပြီးလျက်၊ အယူခက်။
-ချောင်းရေလျှံတက်၊ အကူးခက်။
-ရင်ဆိုင်တွေ့လျက်၊ အပြေးခက်။
-တံတားကျိုးပျက်၊ အလျှောက်ခက်။
-ရေအိမ်ပြိုလျက်၊ အပြင်ခက်။
-သား မြေး ဆိုးလျက်၊ အစွန့်ခက်။
-အသား မည်းနက်၊ အဆင်ခက်။

ဆုံးမစာများ (နှစ်)

ဗုဒ္ဓဆာယာကို တွယ်ရမည်၊ ယုတ်လှတာကိုပယ်ရမည်၊
ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြသည်၊ ယုတ်လှတာကိုပယ်မှ ဘေးပကွာမည်


-သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်၊
သေရည်ကိုသောက်က အပါယ်ဘုံသို့ ကျတတ်သည်၊
ရေကြည်ကိုနှောက်က အနည်မှုန်တို့ ထတတ်သည်။


-ထင်တိုင်းလည်းနှိပ်၍မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍မမျိုနှင့်၊
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ်ပွားတတ်သည်၊
ဝင်တိုင်းသိပ်၍မျိုက အန္တရာယ်များတတ်သည်။


-အမျိုးယုတ်သူ အဆင်းလှလျှင်သတိထား၊ တန်ခိုးနုပ်သူထမင်းဝလျှင်မကျီစားနှင့်၊
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်၊
တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

ဆုံးမစာများ (တစ်)

စေတီမှန်းထား မြတ်ဘုရား တည်ထားကောင်းလျက် ညောင်ပင်ဖြတ်သည်။


-မြစ်မရေနက်၊ သောင်ပြင်ဖျက်သည်။
-မောင်းသွင်း ခူနင်း ရေလျှင်သွင်း၊ ပျိုးခင်းကောင်းလျက်၊ မြောင်တောင်ဖျက်သည်။
-ဣတ္တိယမူ၊ ရူပ ကောင်းလျက်၊ ဆံထုံးဖျက်သည်။
-ဓမ္မသတ်တရား ရှိပါငြားလည်း၊ တိမ်းပါးငဲ့ကွက် လက်ဆောင်ဖျက်သည်။
-ပြည်ရွာတိုင်းကား စည်ပင်ငြားလည်း၊ ခေါင်းပါး ခေါင်လျက် စပါးဖျက်သည်။

Followers

Labels

Comments