ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label ဗြဟ္မစိုရ်တရား. Show all posts
Showing posts with label ဗြဟ္မစိုရ်တရား. Show all posts

Sunday, January 18, 2009

ဗြဟ္မစိုရ်တရား အမြဲ လက်ကိုင်ထား

ဗြဟ္မစိုရ်တရားဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် တရားလေးပါးဖြစ်သည်။ ထိုတရားလေးပါးမှာ-
မေတ္တာတရား

  • မေတ္တာဆိုသည်မှာ သူများလည်း မိမိလို ချမ်းသာချင်ကြပေလိမ့်မည်ဟု ကိုယ်ချင်းစာပြီး သူတစ်ပါးတို့ကို ချမ်းသာစေလိုသည့်သဘောဖြစ်သည်။

ကရုဏာတရား
  • ကရုဏာတရားဆိုသည်မှာ သူတပါးဒုက္ခလွတ်အောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ကူညီဖြေရှင်းဆုတောင်းပေးခြင်း သဘောဖြစ်သည်။

မုဒိတာတရား
  • မုဒိတာဆိုသည်မှာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက်ပြည့်စုံသည့် ချမ်းသာသည့်လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေဟု ၀မ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်သည့် သဘောဖြစ်သည်။

ဥပေက္ခာတရား
  • ဥပေက္ခာဆိုသည်မှာ သတ္တ၀ါတိုင်း ကိုယ်တိုင်ပြုလုပ်ထားသည့် ကံအားလျော်စွာ ဖြစ်နေကြရတာပဲဟု ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းသည့်သဘောဖြစ်သည်။

Followers

Labels

Comments