ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Monday, February 2, 2009

သာသနာတော်ဘွဲ့တံဆိပ်များ

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို အစဉ်အလာ အတိုင်း ဆက်ကပ်ခဲ့ရာမှ ၁၉၉၂ ခုနှစ်တွင် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် အမျိုးပေါင်း ၂၀ ကို အသစ်ထပ်မံ တီထွင်ပြဋ္ဌာန်း၍ ရဟန်း ပုဂ္ဂိုလ်များသာကမ သာသနာ့ နွယ်ဝင် သီလရှင် ဆရာကြီးများ၊ ဥပါသကာ၊ ဥပါသိကီ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၂၂ မျိုးကို နှစ်စဉ် ဇန်န၀ါရီလ ၄ ရက်နေ့ တွင်နိုင်ငံတော်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆက်ကပ်အပ်နှင်းခဲ့သည်။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲကို သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသဏ လိုဏ်ဂူတော်ကြီး၌ နှစ်စဉ် တပေါင်းလတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

ဘွဲ့တံဆိပ်တော် ၂၂ မျိုး
  • ၁။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့
  • ၂။ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့
  • ၃။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့
  • ၄။ အဂ္ဂမဟာပဏ္ဍိတဘွဲ့
  • ၅။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၆။ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့
  • ၇။ မဟာဓမ္မကထိကဗဟုဇနဟိတရေဘွဲ့
  • ၈။ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့
  • ၉။ မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့
  • ၁၀။ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၁၁။ မဟာကမ္မဋ္ဌာနာစရိယဘွဲ့
  • ၁၂။ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့
  • ၁၃။ ဂန္ထ၀ါစကပဏ္ဍိတဘွဲ့
  • ၁၄။ သဒ္ဓမ္မဇောတိကဓဇဘွဲ့
  • ၁၅။ ကမ္မဋ္ဌာနာစရိယဘွဲ့
  • ၁၆။ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့
  • ၁၇။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့
  • ၁၈။ သီရိသုဓမ္မသိင်္ဂီဘွဲ့
  • ၁၉။ သီဟသုဓမ္မမဏိဇောတဓရဘွဲ့
  • ၂၀။ သီဟသုဓမ္မသိင်္ဂီဘွဲ့
  • ၂၁။ သုဓမ္မမဏိဇောတဓရဘွဲ့
  • ၂၂။ သုဓမ္မသိင်္ဂီဘွဲ့။

Tuesday, January 6, 2009

မဟာသမ္မတမင်းများ

မဟာသမ္မတမင်းများ

  • ရောစမင်း
  • ဝရရောစမင်း
  • ကလျာဏမင်း
  • ဝရကလျာဏမင်း
  • မန္ဓာတုမင်း
  • ဝရမန္ဓာတုမင်း
  • ဥပေါသထမင်း
  • ဝရမင်း
  • ဥပဝါရမင်း
  • မဂ္ဃဒေဝမင်း

Wednesday, December 24, 2008

မေတ္တာပုဗ္ဗဘာဂပဋိပဒါ (သို့မဟုတ်) ကမ္မဋ္ဌာနူပစာ

၁။ သက္ကောစ = စွမ်းနိုင်သူ
၂။ ဥဇူစ = ဖြောင့်ဖတ်သူ
၃။ သုဟုဇူစ = အလွန်ဖြောင့်မတ်သူ
၎။ သုဝစောစ = ဆိုဆုံးမလွယ်သူ
၅။ မုဒုစ = နူးညံ့သူ
၆။ အနတိမာနိ = မာန်မာနမရှိသူ
၇။ သန္တုဿကောစ = ရောင့်ရဲလွယ်သူ
၈။ သုဘရောစ = မွေးမြူလွယ်သူ
၉။ အပ္ပကိစ္စော = ကိစ္စနည်းပါးသူ
၁၀။ သလ္လဟုက၀ုတ္တိ = ပေါ့ပါးသောအဖြစ်ရှိသူ
၁၁။ သန္တိန္ဒြိယောစ = ငြိမ်သက်သော ဣနြေ္ဒရှိသူ
၁၂။ နိပကောစ = ရင့်ကျက်သောပညာရှိသူ
၁၃။ အပ္ပဂမ္ဘော = မကြမ်းတမ်း/ မရိုင်းပြသူ
၁၄။ ကုလေသွနနုဂိဒ္ဓေါ = လူတို့၌ မတွယ်တာသူ
၁၅။ နစခုဒ္ဒမာစရေကိဉ္စိယေန၀ိညူ ပရေဥပ၀ဒေယျုံ =
       ပညာရှိများ ကဲ့ရဲ့မည့် အနည်းငယသော အပြစ်သော်မှလည်း ရှောင်ကျဉ်သူ

Sunday, July 20, 2008

ကသိုင်း (၁၀)မျိုး

ကသိုင်း (၁ဝ)မျိုး






















(၁)ပထ၀ီ။
(၂)အာပေါ။
(၃)တေဇော။
(၄)၀ါယော။
(၅)နီလ (အညိုရောင်ကသိုဏ်း)။
(၆)ပီတ (အ၀ါရောင်)။
(၇)လောဟိတ (အနီရောင်)။
(၈)သြဒါတ (အဖြူရောင်)။
(၉)အာကာသ (ဟင်းလင်းပြင်)။
(၁၀)အာလောက (အလင်းရောင်)။

Monday, May 12, 2008

ဗျာဒိတ်ရပြီး ဘုရားအလောင်းတို့ မဖြစ်ရာဌာန (၁၈)ပါး


ဗျာဒိတ်ရပြီး ဘုရားအလောင်းတို့ မဖြစ်ရာဌာန (၁၈)ပါး

၁။ ပဋိသန္ဓေကန်း မဖြစ်ခြင်း။
၂။ နားပင်းသူ မဖြစ်ခြင်း။
၃။ သွားရေ မကျခြင်း။
၎။ ဆွံ့အသူ မဖြစ်ခြင်း။
၅။ အရူး မဖြစ်ခြင်း။
၆။ လူရိုင်း မဖြစ်ခြင်း။
၇။ ကျွန်မျိုး မဖြစ်ခြင်း။
၈။ နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်ခြင်း။
၉။ ပဉ္စနန္တရိယကံ မကျူးလွန်ခြင်း။
၁၀။ အသညသတ်ဗြဟ္မာ မဖြစ်ခြင်း။
၁၁။ ငုံးအောက် မငယ်၊ ဆင်ထက်မကြီး တိရစ္ဆာန် မဖြစ်ခြင်း။
၁၂။ နူနာရောဂါ မဖြစ်ခြင်း။
၁၃။ စကြ၀ဠာတစ်ပါး၌ မဖြစ်ခြင်း။
၁၄။ သုဒ္ဓါဝါသဘုံ၌ မဖြစ်ခြင်း။
၁၅။ အပါယ်ငရဲ မကျခြင်း။
၁၆။ မာရ်နတ် မဖြစ်ခြင်း။
၁၇။ ပြိတ္တာမျိုး၌ မဖြစ်ခြင်း။
၁၈။ လိင်ပြန်ရိုး မရှိခြင်း ။ ။

ဗျာဒိတ်ရရန်အင်္ဂါ (၈)ပါး


ဗျာဒိတ်ရရန်အင်္ဂါ (၈)ပါး

၁။ မနုဿတ္တံ - လူသားစစ်စစ်ဖြစ်ခြင်း။
၂။ လိင်္ဂသမ္ပတ္တိ - ယောက်ျားဖြစ်ရခြင်း။
၃။ ဟေတု - တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရခြင်း။
၎။ သတ္ထာရဒဿနံ - ဘုရားကို ဖူးတွေ့ရခြင်း။
၅။ ပဗ္ဗဇ္ဇာ - ရသေ့ ရဟန်းဖြစ်ရခြင်း။
၆။ ဂုဏသမ္ပတ္တိ - ဈာန်သမာပတ် နှင့် ပြည့်စုံခြင်း။
၇။ အဓိကာရော - ဘုရားဆုကို တောင်းခြင်း။
၈။ ဆန္ဒတာ - ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒရှိခြင်း ။ ။

Thursday, May 8, 2008

နောင်တ (၁၀) မျိုး

နောင်တ (၁၀) မျိုး

၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း။
၂။ ဥစ္စာ မစုဆောင်း မိခဲ့လေခြင်း။
၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတစ်ပါး သားမယားကို ပစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း ။ ။

လောကပျက်စီးကြောင်းတရား

လောကပျက်စီးကြောင်းတရား

- ဒုစရိုက်
- အမိကို မလုပ်ကျွေးခြင်း
- အဖကို မလုပ်ကျွေးခြင်း
- ရဟန်းကို မလုပ်ကျွေးခြင်း
- ရဟန္တာကို မလုပ်ကျွေးခြင်း
- မိမိထက် အသက်အရွယ်ကြီးသူကို ရိုသေကင်းမဲ့ မလုပ်ကျွေးခြင်း
- မသင့်လျော်သောအရပ်၌ တပ်မက်နှစ်သက်ခြင်း (အဓမ္မရာဂ)
- အလွန်အားကြီးသော လိုချင်မှု (၀ိသမလောဘ)
- ဖောက်ပြန်သော ကျား+ကျားချင်း၊ မ+မချင်း (အမေ၊ မိထွေး စသည်တို့၌)
မှားယွင်းသော ရာဂတရား (မိစ္ဆာဓမ္မ)
- ဤတရားတို့ တိုးတက်ကြီးပွားလာလျှင် လောကကြီး ဆုတ်ယုတ် ပျက်စီးသည် . . ။ ။

Tuesday, May 6, 2008

မင်္ဂလာတရား (၃၈) ပါး

မင်္ဂလာတရား ၃၈-ပါး
၁။ လူမိုက်ကို ရှောင်ကြဉ်ရမည်။
၂။ ပညာရှိသောသူကို မှီဝဲဆည်းကပါရမည်။
၃။ ပူဇော်ထိုက်သောသူကို ပူဇော်ရမည်။
၎။ သင့်အပ်လျှောက်ပတ်သောအရပ်၌ နေရပါမည်။
၅။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုရှိရပါမည်။
၆။ မကောင်းမှုကိုမပြုမိအောင် မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်ရပါမည်။
၇။ အကြားအမြင်များအောင် လုံ့လပြုရပါမည်။
၈။ အပြစ်မရှိသောအတတ်ကို တတ်ရပါမည်။
၉။ လူ့ဝိနည်း၊ ရဟန်းဝိနည်းတရားတော်ကို ကောင်းစွာ သင်အံ လေ့ကျင့်ရပါမည်။
၁၀။ တရားလမ်းကြောင်းသင့်၍ ကောင်းမြတ်သောစကားကို ဆိုရပါမည်။
၁၁။ အမိ အဘတို့ကို လုပ်ကျွေး မွေးမြူရပါမည်။
၁၂။ သားမယားတို့ကို သင်္ဂြိုဟ်ထောက်ပံ့ရပါမည်။
၁၃။ အကုသိုလ် အနှောင့်အယှက်မရှိသော အလုပ်ကိုလုပ်၍ အသက်မွေးရပါမည်။
၁၄။ နိဗ္ဗာန်ကို တောင့်တ၍ အလှူပေးရပါမည်။
၁၅။ တရားနှင့်လျှော်သော အကျင့်ကို ကျင့်ရပါမည်။
၁၆။ အဆွေအမျိုးတို့အား ပေးကမ်းထောက်ပံ့ရပါမည်။
၁၇။ လောက၌အပြစ်မရှိ၊ သံသရာ၌လည်း အပြစ်မရှိသော အမှုကိုပြုရပါမည်။
၁၈။ မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ရပါမည်။
၁၉။ မကောင်းမှုမှ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးဖြင့် အထူး ရှောင်ကြဉ်ရပါမည်။
၂၀။ မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်စားခြင်း၊ ရှုရှိုက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ရပါမည်။
၂၁။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရပါ။
၂၂။ ရိုသေထိုက်သောသူကို ရိုသေရပါမည်။
၂၃။ မိမိကိုယ်ကို နှိမ့်ချရပါမည်။
၂၄။ ရသမျှ ပစ္စည်းဥစ္စာနှင့် ရောင့်ရဲတင်းတိမ်ရပါမည်။
၂၅။ သူတထူး၏ ကျေးဇူးကို သိရပါမည်။
၂၆။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို နာယူရပါမည်။
၂၇။ သည်းခံရပါမည်။
၂၈။ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို ကောင်းစွာ နာယူရပါမည်။
၂၉။ ရဟန်းသံဃာတို့ကို ရိုသေလေးမြတ်စွာ ဖူးမြင်ရပါမည်။
၃၀။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းရပါမည်။
၃၁။ မကောင်းမှုကို မပြုမိအောင် ခြိုးခြံစွာ ကျင့်ရပါမည်။
၃၂။ မေထုန်အကျင့်မှကင်းသော မြတ်သောအကျင့်ကို ကျင့်ရပါမည်။
၃၃။ သစ္စာလေးပါးတရားကို ကောင်းစွာ သိမြင်ရပါမည်။
၃၄။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါမည်။
၃၅။ လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသော်လည်း တုန်လှုပ်ခြင်း မဖြစ်ရအောင် မိမိစိတ်ကို ထိန်းရပါမည်။
၃၆။ စိုးရိမ်ခြင်းမဖြစ်ရအောင် စိတ်ကို ထိန်းရပါမည်။
၃၇။ လောဘ၊ ဒေါသ၊ မောဟ ဟူသ၍ မြူမျှမရှိစေရပါ။
၃၈။ ကြောက်ခြင်းဟူသော ဘေးလည်းမရှိစေရပါ။ ။

Tuesday, April 22, 2008

နာယကဂုဏ် (၆)ပါး

နာယကဂုဏ် (၆)ပါး

၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု ဤခြောက်ခု ကြီးသူနာယက ။

အနာယကဂုဏ် (၆)ပါး

အနာယကဂုဏ်(၆)ပါး

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

Monday, April 21, 2008

ကမ္ဘာတည်သစ်ပင်ကြီး (၇)ပင်

၁။ အရှေ့ကျွန်း၌ ကုက္ကိုပင်။
၂။ တောင်ကွန်း၌ သပြေပင်။
၃။ အနောက်ကျွန်း၌ ထိန်ပင်။
၎။ မြောက်ကျွန်း၌ ပဒေသာပင်။
၅။ တာဝတိံသာနတ်ပြည်၌ ပင်လယ်ကသစ်ပင်။
၆။ အသူရာပြည်၌ သခွပ်ပင်။
၇။ ဂဠုန်ပြည်၌ လက်ပံပင်။ ။

လောကဓံတရား (၈)ပါး

၁။ လာဘော = ပစ္စည်းဥစ္စာပေါများခြင်း ။
၂။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း ။
၃။ ယသော = အခြွေအရံများခြင်း ။
၎။ အယသော = အခြွေအရံနည်းခြင်း ။
၅။ နိန္ဒာ = ချီးမြှောက်ခံရခြင်း ။
၆။ ပသံသ = ကဲ့ရဲ့ခံရခြင်း ။
၇။ သုခံ = ချမ်းသာခြင်း ။
၈။ ဒုက္ခံ = ဆင်းရဲခြင်း ။

Sunday, April 20, 2008

ထာဝရအကျိုးဖြစ်ထွန်းစေသော အလှူ(၆)မျိုး

၁။ သစ်သီးအရန်၊ ပန်းအရန်န်စိုက်ပျိုးလှူဒါန်းခြင်း။
၂။ အရိပ်ကောင်းသစ်ပင် စိုက်ပျိုးလှူဒါန်းခြင်း။
၃။ တံတားခင်းလှူဒါန်းခြင်း။
၎။ ရေအိုးစင် လှူဒါန်းခြင်း။
၅။ ရေတွင်း၊ ရေကန် လှူဒါန်းခြင်း။
၆။ ဂူ၊ ကျောင်း၊ ပြဿဒ်၊ ဇရပ်၊ တန်ဆောင်း လှူဒါန်းခြင်း။

အရပ် (၆) ပါး

၁။ အမိအဖတို့ကို အရှေ့အရပ်ဟုသိရ၏။
၂။ ဆရာသမားတို့ကို တောင်အရပ်ဟုသိရ၏။
၃။ သားမယားတို့ကို အနောက်အရပ်ဟုသိရ၏။
၎။ အဆွေခင်ပွန်းတို့ကို မြောက်အရပ်။
၅။ အလုပ်သမားတို့ကို အောက်အရပ်။
၆။ ရဟန်းသာမဏေတို့ကို အထက်အရပ်။

သည်းခံခြင်း အကျိုး(၅)ပါး

၁။ လူများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေဝေသေရခြင်း။
၅။ သုဂတိဘ၀သို့ လားရခြင်း။

သီလရှိသူ ရနိုင်သော အကျိုး(၅)ပါး

၁။ စည်းစိမ်ဥစ္စာ
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ် နေနိုင်သည်။
၎။ မတွေဝေဘဲ သေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ ရောက်နိုင်သည်။

လူသတ္တ၀ါများ ရနိုင်ခဲသော လိုချင်စရာ (၅)မျိုး

၁။ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေလိုသည်။
၂။ ရုပ်ဆင်းရူပကာ လှပချင်သည်။
၃။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာစွာ နေလိုသည်။
၎။ သိုင်းသိုင်းဝိုင်းဝိုင်း နေလိုသည်။
၅။ စည်းစိမ်ဥစ္စာ ခံစားလိုသည်။

သင်္ဂါယနာတင်ပွဲများ



သင်္ဂါယနာတင်ပွဲများ


သင်္ဂါယနာတင်ခြင်းဆိုသည်မှာ ကောင်းစွာစုပေါင်းရွတ်ဆိုခြင်းကို ဆိုလိုသည်။ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပိဋကတ်ဓမ္မက္ခန္ဓာ ရှစ်သောင်းလေး ထောင်တို့ကို မချွတ်မယွင်း မတိမ်းမစောင်းစေဘဲ တိကျမှန်ကန်စွာ အရှည် တည်တံ့အောင် စည်းဝေးညှိနှိုင်း အမေးအဖြေ ပြုလုပ်ခြင်းဖြင့် အတည်ပြု ပြီးလျှင် ရဟန်းတော်များစုပေါင်း၍ ရွတ်ဆိုကြခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ သာသနာသက္ကရာဇ် ၂၅၀၀ အတွင်း သင်္ဂါယနာ ခြောက်ကြိမ် တင်ခဲ့ပြီး ဖြစ်သည်။



ပထမသင်္ဂါယနာ


မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက်၊ ထိုနှစ် ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ခုနစ်လ တိုင်၊ အိန္ဒိယနိုင်ငံ၊ ရာဇဂြိုဟ်ပြည်၊ ဝေဘာရ တောင်ရှိ သတ္တပါဏီလိုဏ်ဂူတွင် ပထမသင်္ဂါယနာတင်ပွဲ ကျင်းပခဲ့သည်။


ဒုတိယသင်္ဂါယနာ


ပထမသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့်တွင် အိန္ဒိယနိုင်ငံ၊ ဝေသာလီပြည်၊ ၀ါလုကာရုံ ကျောင်းတော်၌ ရှစ်လတိုင်တိုင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သော ရဟန်းအပါး ခုနစ်ရာ တို့သည် ရွတ်ဆို၍ ဒုတိယသင်္ဂါယနာ တင်ခဲ့ကြသည်။


တတိယသင်္ဂါယနာ


သာသနာသက္ကရာဇ် ၂၁၈ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ပါဋလိပုတ်ပြည်္က နန်းတက်သော အာသောကမင်းလက်ထက်တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ တတိယသင်္ဂါယနာတင်ပွဲ၌ ထူးခြားသော အကျိုးဆက် တစ်ရပ်မှာ ဓမ္မဒူတခေါ် သာသနာပြုများ၊ သာသနာ့ တမန်တော်များအား ကမ္ဘာအရပ်ရပ် နိုင်ငံများသို့ စေလွှတ်ခြင်းဖြင့် သာသနာတော် ပြန့်ပွားစေခဲ့ခြင်းဖြစ်သည်။



စတုတ္တသင်္ဂါယနာ


သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ၀ါဋဂါမဏိမင်းလက်ထက် သီဟိုဠ် (ယခုသီရိလင်္ကာ)ကျွန်း၌ စတုတ္တသင်္ဂါယနာကို တင်ခဲ့သည်။

ယင်းသင်္ဂါယနာတင်ပွဲကို အိန္ဒိယနိုင်ငံက အသိအမှတ်မပြုဘဲ နောက် နှစ်(၁၅၀)အကြာ သာသနာသက္ကရာဇ် ၆၀၀ တွင် အိန္ဒိယနိုင်ငံ၊ ကနီသျှက မင်းလက်ထက်၊ ကသ္မီရတိုင်း၊ ဇလန္ဓရမြို့၌ သင်္ဂါယနာတင်ခဲ့သည်။
(က) သီဟိုဠ်ကျွန်း၌ တင်ခဲ့သော စတုတ္တသင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံ၌ ပြုလုပ်သော စတုတ္တသင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲဟုလည်းကောင်း ခေါ်သည်။


ပဉ္စမသင်္ဂါယနာ


စတုတ္တသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၂၀၀၀ ခန့်အကြာ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက်၊ သာသနာသက္ကရာဇ် ၂၄၁၅ ခု၊ မြန်မာသက္ကရာဇ် ၁၂၂၂ ခု၊ ကဆုန်လဆန်း (၁)ရက်နေ့မှ ၁၂၃၀ ပြည့်နှစ်၊ ကဆုန်လဆန်း(၁၄)ရက်နေ့ထိ ကျောက်ထက်အက္ခရာ တင်ခြင်းနှင့် နှုတ်တက်သံပြိုင် ရွတ်ဆိုခြင်းနှစ်မျိုးဖြင့် ပဉ္စမသင်္ဂါယနာ ကိုတင်ခဲ့ခြင်းဖြစ်သည်။


ဆဋ္ဌမသင်္ဂါယနာ


ပဉ္စမသင်္ဂါယနာတင်ပြီးနောက် နှစ်ပေါင်း(၈၀)အကြာ သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ဆဋ္ဌမသင်္ဂါယနာတင် မဟာဓမ္မသဘင်ကြီးကိုဆင်ယင်ကျင်းပခဲ့သည်။

ဆဋ္ဌမသင်္ဂါယနာတင်ပွဲသို့ ယိုးဒယား၊ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား လေးနိုင်ငံမှ ပိဋကတ်ကျွမ်းကျင် ပညာရှင် မထေရ်ကြီးများအား မြန်မာနိုင်ငံသို့ ပင့်ဖိတ်၍ မြန်မာနိုင်ငံမှ ပညာရှင်မထေရ်မြတ်ကြီးများ အပါအ၀င် သံဃာတော် ၂၆၁၇ ပါးတို့ဖြင့် ဆဋ္ဌမသင်္ဂါယနာ တင်ပွဲ ကျင်းပခဲ့သည်။
ဆဋ္ဌမသင်္ဂါယနာတင်ပွဲတွင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် ဘုရားကြီးက ပိဋကတ်တော်နှင့်စပ်လျဉ်းသည့် မေးခွန်းများကို မေးပြီး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ ၀ိစိတ္တ သာရဘိဝံသ ဆရာတော် ဘုရားကြီးက အလုံးစုံကုန်စင်အောင် ဖြေကြားတော်မူခဲ့သည်။

Saturday, April 19, 2008

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား(၄)ပါး

၁။ ဣတ္တိဓုတ္တ = မိန်းမလိုက်စားခြင်း ။
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း ။
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း ။
၎။ ပါပမိတ္တ သဟ = ယုတ်မာသောမိတ်ဆွေနှင့် ပေါင်းဖော်ခြင်း ။

Followers

Labels

Comments