ပုထုဇဉ်တို့ ပြောဆိုသော စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။ ဒါမှမဟုတ် မဖြူစင်သော၊ မသန့်ရှင်းသော၊ မကောင်းမြတ်သော သူတို့၏ စကားသည် အနရိယဝေါဟာရ ဖြစ်ပါတယ်။
(၁) မုသာဝါဒ
လိမ်လည် လှည့်ပတ် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ
သူနှစ်ဦးကြား ဂုံးချောစကား ပြောဆိုခြင်း။
(၃) ဖရုသ၀ါစာ
ကြမ်းတမ်းသောစကား ပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ
သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။
(၅) အဒိဋ္ဌေဒိဋ္ဌ၀ါဒိတာ
မမြင်သည်ကို မြင်သည်ဟု ပြောဆိုခြင်း။
(၆) အသုတေ သုတ၀ါဒိတာ
မကြားသည်ကို ကြားသည်ဟု ပြောဆိုခြင်း။
(၇) အမုတေ မုတ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖေဋ္ဌဗ္ဗ)မတွေ့သည်ကို တွေ့သည်ဟု ပြောဆိုခြင်း။
(၈) အ၀ိညာတေ ၀ိညာတ ၀ါဒိတာ
မသိသည်ကို သိ၏ဟု ပြောဆိုခြင်း။
(၉) ဒိဋ္ဌေ အဒိဋ္ဌ၀ါဒိတာ
မြင်သည်ကို မမြင်ဟု ပြောဆိုခြင်း။
(၁၀) သုတေ အသုတ ၀ါဒိတာ
ကြားသည်ကို မကြားဟု ပြောဆိုခြင်း။
(၁၁) မုတေ အမုတေ ၀ါဒိတာ
(ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ) တွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း။
(၁၂) ၀ိညာတေ အ၀ိညာတ ၀ါဒိတာ
သိသည်ကို မသိဟု ပြောဆိုခြင်း
Showing posts with label အနရိယဝေါဟာရ (၁၂)ပါး. Show all posts
Showing posts with label အနရိယဝေါဟာရ (၁၂)ပါး. Show all posts
Monday, November 10, 2008
အနရိယဝေါဟာရ (၁၂)ပါး
Posted by အောင်မြေ at 3:51 AM 0 comments
Labels: အနရိယဝေါဟာရ (၁၂)ပါး
Subscribe to:
Posts (Atom)
