ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label မင်းနန်သူတ၀ိုက်ရှိ ထင်ရှားသောစေတီပုထိုးများ. Show all posts
Showing posts with label မင်းနန်သူတ၀ိုက်ရှိ ထင်ရှားသောစေတီပုထိုးများ. Show all posts

Wednesday, November 26, 2008

လေးမျက်နှာဘုရား

လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် တစ်ဆင့်ဂူဘုရား ဖြစ်ပြီး ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးတို့က တည်ခဲ့သည်။

လေးမျက်နှာဘုရား ကျောက်စာအရ ၁၅-၁၂-၁၂၂၃ တွင် အမတ်ကြီး အနန္တသူရ နှင့် ဇနီးက အတိုင်းမသိသောသဒ္ဓါစိတ်ဖြင့် ကုသိုလ်ကောင်းမှု ပြုကြောင်း၊ အာမနာကန် အရပ်၌ ထန်းပင်များ စိုက်ခြင်း၊ တံတိုင်းနှစ်ထပ် ခတ်ခြင်းနှင့် တံတိုင်း အတွင်း၌ ကလသားအိုး အယောင်နှင့် တူသော တင့်တယ်စွာသော စင်္ကြထက်၌ ဂူတည်ကြောင်းသရီရဓာတ်တော်ကို ကြုတ်အဆင့်ဆင့် ထည့်ပြီး ဌာပနာကြောင်း၊ စေတီအထွတ်ကို ရွှေဖြင့် ပြုလုပ်ပြီး အထွတ်ထက်၌ရွှေထီးတင်လှူခဲ့ကြောင်း တရားနာ ပရိသတ်များအတွက် ဓမ္မသာလာ ဆောက်ခြင်း၊ သခင်ထေရ် သီတင်းသုံးရန်ကျောင်းကြီးဆောက်ခြင်း၊ သခင်အရိယာတို့ သီတင်းသုံးရန် ကျောင်းများ ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန်တူးခြင်း၊ ဥယျာဉ်စိုက်ခြင်းနှင့် အရပ်လေးမျက်နှာ မှလာသောသူများ တည်းခိုရန် တန်ဆောင်းဆောက်ခြင်း၊အုတ်ဇရပ် ဆောက်ခြင်းနှင့် ကပ္ပိယငုဋီဆောက် ခဲ့ကြောင်း၊ ၄င်းတို့ကိုယ်စား ဘုရားပြုပြင်ရန် သန့်ရှင်းရေး လုပ်ရန်နှင့်ဘုရား၌ သင်ပုတ်၊ ဆီမီး၊ ဆွမ်း၊ ပန်း မပြတ်တင်ရန် အတွက် ကျွန်များ လှူခဲ့ကြောင်း သိရှိရပါသည်။

လေးမျက်နှာဘုရား၏ အတွင်းနံရံ အောက်ပိုင်းများရှိ နံရံဆေးရေး ပန်းချီများမှာ ထုံးသုတ်လိုက်သည့် အတွက် ပျက်စီးနေပြီဖြစ်သော်လည်း အပေါ်ပိုင်းတွင် နံရံဆေးပန်းချီများ ကျန်ရှိသေးသည်။ ဂူဘုရား၏ အရှေ့အ၀င်ခန်းမ ပေါင်းကူး မျက်နှာကြက်တွင် ဗုဒ္ဓခြေတော်ရာ၊ နံရံအထက်ပိုင်းတွင် မဟောသဓာဇာတ် နံရံဆေးရေးပန်းချီ (နံရံအောက်ပိုင်းထုံးသုတ်လိုက်၍ နံရံဆေး ပန်းချီများ ပျက်စီးခဲ့ပြီ ဖြစ်သည်။) များကို ကမ္ပည်းစာနှင့် တကွ လေ့လာနိုင်သည်။ ဂူဘုရားအတွင်း ပေါင်းကူး မျက်နှာကြက်တွင် ရုပ်ပုံများပါသော စက်ဝိုင်းပုံ ပန်းခက်ပန်းနွယ်များ၊ နံရံတွင် (၅၅၀)ဇာတ်ကွက်နှင့် ကမ္ပည်းစာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် အကြောင်းအရာ ကမ္ပည်းစာများ၊ ဗုဒ္ဓ၀င်ခန်းနှင့်ကမ္ပည်းစာများ၊ ဗုဒ္ဓရုပ်ပွားပုံများ ရှိသည်။
လေးမျက်နှာ ဂူဘုရား၏ အပြင်ဘက် မျက်နှာစာရှိ အင်္ဂတေ ပန်းတော့လက်ရာ များကို လေ့လာနိုင်သည်။

Friday, November 14, 2008

သမ္ဘူလဂူဘုရား







သမ္ဘူလဂူဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၅-၂-၁၂၅၆) တွင် သုံးလူလမိဖုရား တည်ခဲ့သည်။ သမ္ဘူလ ဂူဘုရားကျောက်စာတွင် (၁၅-၂-၁၂၅၆)တွင် ကျစွာမင်း၏သမီး၊ ဥဇ္ဇနာမင်း၏ ပယ်မယား တိလောကစန္ဒြ နာမဟာဒေ၀ီ (သုံးလူလ) မိဖုရားသည် ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သမ္ဘူလဂူအတွင်း အေဒီ (၁၂၈၂) က ရေးထိုးသည့် နံရံကမ္မည်းမင်စာတွင် သုံးလူလ ကို သမ္ဘူလဟု ရေးထိုးခဲ့ရာမှ သမ္ဘူလဘုရားဟု အမည်တွင် လာခြင်းဖြစ်ပါသည်။

သမ္ဘူလဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့ လက်ရာများရှိသည်။ အ၀င်ခန်းမ၏ ပေါင်းကူး မျက်နှာကြက်တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားပုံ အတန်း၊ နံရံတွင် သစ်ရွက်ပုံပန်းတန်း၊ အရိမေတ္တယျ ဘုရားနှင့် သက်ဆိုင်သော နံရံပန်းချီများနှင့် ပါဠိကမ္ပည်းစာများ၊ လက်ရေးလှ စာလုံးများ ရှိသည်။ အာရုံခံ ခန်းမများရှိ ပေါင်းကူး မျက်နှာကြက်တွင် ပန်းခက် ပန်းနွယ်ပုံများ၊ နံရံတွင် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ၊ စင်္ကြလမ်း ပေါင်းကူး မျက်နှာကြက်တွင် ထောင့်ဘောင်တန်းများ၊ စက်ဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွားပုံများ ပါရှိသည့် ပန်းကွက်အလှများ၊ စင်္ကြံနံရံတွင် သစ်ရွက် ပန်းတန်းများ၊ နှစ်ကျိန်ရှစ်ဆူ ဘုရားပုံများ၊ လေးထောင့်ကွက်အတွင်း မှ ဗုဒ္ဓရုပ်ပွားတော်ပုံ များနှင့် အလယ်မဏ္ဍိုင် လေးမျက်နှာ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၏ အနောက်နံရံတွင် ဗောဓိညောင်ပင်ပုံများကို လေ့လာနိုင် သည်။

သမ္ဘူလဂူဘုရား၏ အရှေ့အ၀င်မုခ်တံကဲမှ အင်္ဂတေ ပန်းတော့လက်ရာများ၊ တိုင်ဖုံးပန်းများ၊ ဘုရားအပြင် ပတ်လည်ရှိ ဘီလူးပန်းဆွဲ၊ မကာရ်း၊ ကိန္နရာ၊ မနုဟီဟ၊ ခြင်္သေ့၊ ရာမလက်ညှိုးနှင့် စိုင်ပေါင်များ ကနုတ်ပန်းများကို လေ့လာနိုင်သည်။

Followers

Labels

Comments