စေတီ(၄)မျိုး (အကျဉ်းမျှသာ)
စေ့ဆော်တတ်၊ လှုံ့ဆော်တတ်၊ အောင်သွယ်ပေးတတ်လို့ စေတီလို့ ခေါ်ရပါသည်။ စေတီကနေပြီး သက်တော်ထင်ရှား ဘုရားအထိ စိတ်ရောက်သွားဖို့ဖြစ်ပါသည်။ အဲဒီစေတီ များမှာ (၁) ဓာတုစေတီ၊ (၂) ဓမ္မစေတီ၊ (၃) ပရိဘောဂစေတီနဲ့ (၄) ဥဒ္ဒိဿစေတီ ရယ်လို့ (၄)မျိုးရှိပါသည်
ဓာတုစေတီ
ဘုရားရှင်နဲ့ ရဟန္တာများရဲ့ ဓာတ်တော်တို့ကို ဌာပနာတည်ထားသော စေတီကို ခေါ်ဆိုပါသည်။
ဓမ္မစေတီ
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်တော်များကို ဓမ္မစေတီလို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋိစ္စသမုပ္ပာဒ်၊ ပဋ္ဌာန်း၊ သတိပဋ္ဌာန်၊ ဗောဓိပက္ခိယတရားတို့ကို ရွှေပြား၊ ငွေပြား၊ ကြေးပြားပေါ်တွင် ရေးသားပြီး စေတီတွင်း ထည့်သွင်းဌာပနာထားခြင်းကို ဓမ္မစေတီဟု ခေါ်ဆိုပါသည်။
ပရိဘောဂစေတီ
ဘုရားရှင်ရဲ့ အသုံးအဆောင်များဖြစ်တဲ့ သပိတ်၊ သင်္ကန်း၊ ဖိနပ်၊ ရေစစ်၊ ဗောဓိပင်များကိုဖြင့် ပရိဘောဂစေတီဟု ခေါ်ဆိုပါသည်။
ဥဒ္ဒိဿစေတီ
အုတ်၊ ကျောက်၊ ကြေး၊ သစ်သား၊ အင်္ဂတေ စသည်တို့ကို ဘုရားရှင်ပုံတော်သွန်းလုပ် ထားသည်တို့ကို ဥဒ္ဒိဿစေတီဟု ခေါ်ဆိုပါသည်။
ဝိမယနဝတ္တုဒေသနာ
ဆိုခဲ့သည့် စေတီ(၄)မျိုးတို့ကို ကြည်ညိုခြင်း၊ ရှိခိုးခြင်း၊ ရေ-ပန်း-အမွှေးနံ့သာ လှူဒါန်းခြင်းတို့သည် သက်တော်ထင်ရှား ဘုရားကို လှူတာပူဇော်တာနှင့် အတူတူပင် ဖြစ်သည်။ " သက်တော်ထင်ရှား ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန် ပြုပြီးနောက် စေတီရုပ်ပွားတော်၌ လည်းကောင်း၊ စိတ်ထားတူမျှသော် တူမျှသော အကျိုးကို ပေးနိုင်ပေသည်။ စိတ်ထား စင်ကြယ် မွန်မြတ်ခြင်းကြောင့် သတ္တဝါတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ " မိန့်ဆိုသည်ရှိပါသည်။ စေတီရုပ်ပွားများကို ပစ်မှားမိပြန်ရင်လည်း ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း သင့်တတ်ကြောင်း ဆင်ခြင်နိုင်ရန် ဖြစ်ပါသည်။
Showing posts with label စေတီ(၄)မျိုး. Show all posts
Showing posts with label စေတီ(၄)မျိုး. Show all posts
Monday, October 27, 2008
စေတီ(၄)မျိုး
Posted by အောင်မြေ at 3:26 AM 0 comments
Labels: စေတီ(၄)မျိုး
Subscribe to:
Posts (Atom)
