ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည်။ မြင့်မြတ်သူများ အနေနှင့် ပို၍ တာဝန်ရှိသည်။ ထို့ကြောင့် ထိုတာဝန်အရ အဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သော နည်းလမ်းကို သုံးရန်လိုသည်။ ထိုမှန်ကန်သော နည်းလမ်းမှာ သည်းခံခြင်း "ခန္တီ" ပင်ဖြစ်သည်။
သည်းခံခြင်း ခန္တီကို အလယ်ကျင့်စဉ် မဇ္ဈိမပဋိပဒါ အတိုင်း အသုံးပြုသောအခါ ယင်းနှင့် နီးသောအကြောင်း ပဒဌာန်ကို သိရန်လိုသည်။ သည်းခံခြင်း ခန္တီ၏ နီးသောအကြောင်း ပဒဌာန်မှာ " မှန်မှန်ကန်ကန် သိခြင်း ယထာဘူတဥာဏ်" ဖြစ်သည်။
ထို့ကြောင့် မိမိအပေါ် စော်ကားမှုများကို ယင်းနှင့်ပတ်သက်၍ အကျိုးအကြောင်း ဆင်ခြင်နိုင်သော ယထာဘူတဥာဏ်ဖြင့် ပိုင်းခြားဝေဖန်ပြီး အဒေါသဖြင့် သည်းခံမှသာ ပါရမီမြောက်သော သည်းခံခြင်း ဖြစ်သည်။
DHAMMA VIRA ARTICLES (17/10)