ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label အလှူပေးမယ်. Show all posts
Showing posts with label အလှူပေးမယ်. Show all posts

Sunday, June 1, 2008

အနှောင့်အယှက်မရှိသောအလှူ

အနှောင့်အယှက်မရှိသောအလှူ

၁။ ထကြွလုံ့လရှိခြင်း၊
၂။ သတိတရားနှင့် ပြည့်စုံခြင်း၊
၃။ စင်ကြယ်သော ကိုယ်နှုတ်မှုရှိခြင်း၊
၎။ စူးစမ်းဆင်ခြင်မှုပြုခြင်း၊
၅။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်ရှောက်ခြင်း၊
၆။ တရားသဖြင့် အသက်မွေးခြင်း ။ ။

အလှူပေးခြင်း (၃)မျိုး (၁)

အလှူပေးခြင်း (၃)မျိုး (၁)

၁။ သားသမီးတို့အား ကျွေးမွေးပြုစုခြင်း (ကြွေးချေခြင်းဒါန)
၂။ သားသမီးတို့က မိဘတို့အား ကျွေးမွေးခြင်း (ကြွေးဆပ်ဒါန)
၃။ သံသရာ ကောင်းကျိုးအတွက် လှူဒါန်းခြင်း (ရွှေအိုးမြှုပ်ဒါန) ။ ။

အလှူပေးခြင်း (၃)မျိုး (၃)

အလှူပေးခြင်း (၃)မျိုး (၃)

၁။ ကိုယ်တိုင်လှူခြင်း၊
၂။ သူတစ်ပါးကို စေလွှတ်၍ လှူခြင်း၊
၃။ သူတစ်ပါး ခရီးသွားရာ၌ လူကြုံပါး၍ လှူခြင်း ။ ။

အလှူပေးခြင်း (၃)မျိုး (၂)

အလှူပေးခြင်း (၃)မျိုး (၂)

၁။ မိမိသုံးဆောင်သည့်ထက် အညံ့ကို လှူခြင်း၊
၂။ မိမိသုံးဆောင်သော အဆင့်နှင့်အညီ လှူခြင်း၊
၃။ မိမိအသုံးအဆောင်ထက် အမြတ်ကို လှူခြင်း။ ။

ဒါန (၄)ပါး

ဒါန (၄)ပါး

၁။ စေတနာမျှဖြစ်သော ဒါန၊
၂။ လိုချင်တပ်မက်ကင်း ဒါန၊
၃။ မကောင်းမှုမှ ကြဉ်ရှောင်ခြင်း ဒါန၊
၎။ လှူဖွယ်ဝတ္ထု ပေးလှူသော ဒါန။ ။

အလှူ(၅)မျိုး

အလှူ(၅)မျိုး

၁။ ကံ-ကံ၏အကျိုးကိုယုံကြည်၍ လှူခြင်း (သဒ္ဓါဒါန)၊
၂။ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လှူခြင်း (သက္ကစ္စဒါန)၊
၃။ ဧည့်သည် လူနာအားလည်းကောင်း ငတ်မွတ်သူအား လည်းကောင်း လှူခြင်း(ကာလဒါန)၊
၎။ မိမိစည်းစိမ်ကို မတပ်မစွန်း လှူခြင်း (အနုဂ္ဂဟိတဒါန)၊
၅။ မိမိကိုယ်ကို မချီးမြှင့်၊ သူတစ်ပါးကို မရှုတ်ချဘဲ လှူခြင်း (အနုပဟဇ္ဇဒါန)။ ။

အလှူခံပုဂ္ဂိုလ်များ

အလှူခံပုဂ္ဂိုလ်များ

၁။ ဘုရား၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ အရိယာသာဝက(၈)ပါး၊
၎။ ဈာန်ရ ရသေ့ပရိဗိုဇ်၊
၅။ ပုထုဇဉ်သီလ၀န္တ၊
၆။ ပုထုဇဉ်ဒုဿီလ၊
၇။ တိရစ္ဆာန် ။ ။

အလှူ(၆)မျိုး

အလှူ(၆)မျိုး

၁။ အဆင်းအလှူ၊
၂။ အသံအလှူ၊
၃။ အနံ့အလှူ၊
၎။ အရသာအလှူ၊
၅။ အ၀တ်အလှူ၊
၆။ တရားအလှူ။ ။

အလှူခံပုဂ္ဂိုလ်၏ အဆင့်အတန်းမြတ်ပုံ

အလှူခံပုဂ္ဂိုလ်၏ အဆင့်အတန်းမြတ်ပုံ

၁။ လူသား၊
၂။ သောတာပန်၊
၃။ သကဒါဂါမ်၊
၎။ အနာဂါမ်၊
၅။ ရဟန္တာ၊
၆။ ပစ္စေကဗုဒ္ဓါ၊
၇။ ဘုရား၊
၈။ ဘုရားအမှူးရှိသောသံဃာ၊
၉။ အရပ်လေးမျက်နှာမှသံဃာ။ ။

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံ

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံ

၁။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာပုဂ္ဂိုလ်(၈)ယောက် ------- အကျိုး မရေမတွက်နိုင်၊
၂။ သာသနာပ ရသေ့ - အကျိုး ကုဋေတစ်သိန်း၊
၃။ သီလရှိသော ပုထုဇဉ် - အကျိုး တစ်သိန်း၊
၎။ ပုထုဇဉ် ဒုဿီလ - အကျိုး တစ်ထောင်၊
၅။ တိရစ္ဆာန်၊ လူ - အကျိုး တစ်ရာ ။ ။

Followers

Labels

Comments