ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog
Showing posts with label မဟာသတိပဋ္ဌာန်လေးပါး. Show all posts
Showing posts with label မဟာသတိပဋ္ဌာန်လေးပါး. Show all posts

Friday, August 15, 2008

မဟာသတိပဋ္ဌာန်လေးပါး (၄)

သဘာတရားကို ဆင်ခြင်ခြင်းငါးပါး

(၁) နီဝါရဏ (အပိတ်အပင်)တရားငါးပါး
- ကာမဂုဏ်အလိုရှိခြင်း။
- သူတစ်ပါးပျက်စီးစေလိုခြင်း။
- လေးလံထိုင်းမှိုင်းခြင်း။
- ပျံ့လွင့်ခြင်းနှင့် နောင်တပူပန်ခြင်း။
- ယုံမှား ဒွိဟနှစ်လုံးနှစ်ခွဖြစ်ခြင်း။

(၂) ခန္ဓာငါးပါး (သိမှုတစ်ခု၏ဖွဲ့စည်းပုံ)
- ဖောက်ပြန်တတ်သည့်တရားအစု (အာယတနတို့၏ထိတွေ့ခြင်း)
- ခံစားခြင်း (ဝေဒနာ)
- မှတ်သိခြင်း။
- အားထုတ်မှု။ (စဉ်းစားဆင်ခြင်မှု)
- အထူးသိမှု။

(၃) အာယတနတစ်ဆယ့်နှစ်ပါး (သိမှုဖြစ်စေသောအကြောင်းအရင်း)
- မျက်စိ။
- အဆင်း။
- နား။
- အသံ။
- နှာခေါင်း။
- အနံ့။
- လျှာ။
- အရသာ။
- ကိုယ်။
- အတွေ့အထိ။
- စိတ်။
- သဘောတရား(ဝေဒနာ)(အထူးသိမှု)

(၄) ဗောဇ္ဈင်ခုနှစ်ပါး (သစ္စာတရားတို့ကို သိကြောင်းအကြောင်းအရင်း)
- တရားနှင့်နေထိုင်ခြင်း။
- ဖြစ်ပျက်ကြောင်းကျိုးများကိုသိအောင်လုပ်ခြင်း။
- အားထုတ်မှုကိုပြုခြင်း။
- ကျေနပ်နှစ်သိမ့်ခြင်း။
- အေးငြိမ်းချမ်းသာခြင်း။
- တည်ငြိမ်ခြင်း။
- အစွဲအလန်းမရှိ သိမြင်ခံစားခြင်း။

(၅) သစ္စာလေးပါး (သစ္စာဆိုသည်မှာ အမှန်တရားဖြစ်သည်)
- ဆင်းရဲခြင်းအမှန်တရား။
- ဆင်းရဲခြင်းကြောင်း အမှန်တရား။
- ဆင်းရဲငြိမ်းကြောင်း အမှန်တရား။
- ဆင်းရဲငြိမ်းကြောင်းသို့ ရောက်စေတတ်သော အကျင့်အမှန်တရား (မဂ္ဂင်ရှင်းပါးအကျင့်) ။ ။

Wednesday, August 13, 2008

မဟာသတိပဋ္ဌာန်လေးပါး (၃)

စိတ်ကိုဆင်ခြင်ခြင်းတစ်ဆယ့်ခြောက်ပါး

- ရာဂနှင့် တကွသောစိတ်။
- ရာဂကင်းသောစိတ်။
- ဒေါသနှင့်တကွသောစိတ်။
- ဒေါသကင်းသောစိတ်။
- မောဟနှင့်တကွသောစိတ်။
- မောဟကင်းသောစိတ်။
- ငိုက်မျဉ်းသောစိတ်၊ လေးလံသောစိတ်။
- ပျံ့လွင့်သောစိတ်။
- ကသိုဏ်းအာရုံတစ်ခုခုတွင် တည်ငြိမ်နေသော ပုဂ္ဂိုလ်တွင်ဖြစ်သော ချမ်းသာသောစိတ်။
- ကသိုဏ်းအာရုံတစ်ခုခုတွင် တည်ငြိမ်နေသော ပုဂ္ဂိုလ်တွင်ဖြစ်သော ချမ်းသာသောစိတ်မှ တစ်ပါး အခြားသော ကာမာဝစရစိတ်။
- မြင့်မြတ်သောစိတ်။
- တည်ကြည်သောစိတ်။
- မတည်ကြည်သောစိတ်။
- ကုသိုလ်စိတ်။
- အကုသိုလ်စိတ်။

Monday, August 11, 2008

မဟာသတိပဋ္ဌာန်လေးပါး (၂)

ဝေဒနာကို ဆင်ခြင်ခြင်းကိုးပါး
- သုခဝေဒနာ၊ ချမ်းသာသောဝေဒနာ။
- ဒုက္ခဝေဒနာ၊ ဆင်းရဲသောဝေဒနာ။
- အဒုက္ခမသုခဝေဒနာ၊ ဆင်းရဲခြင်းမဟုတ်၊ ချမ်းသာမဟုတ်သော ဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော ချမ်းသာသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသောဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသောဝေဒနာ။
- ကာမဂုဏ်နှင့်စပ်သော မကောင်း မဆိုးသောဝေဒနာ။
- ကာမဂုဏ်နှင့်မစပ်သော မကောင်း မဆိုးသောဝေဒနာ။

Sunday, August 10, 2008

မဟာသတိပဋ္ဌာန်လေးပါး (၁)

ရုပ်အပေါင်းကို ရှုဆင်ခြင်းခြင်း တစ်ဆယ့်လေးပါး
- ထွက်သက် ၀င်သက်ကို ရှုဆင်ခြင်ခြင်း။
- အနေအထိုင်ပုံစံကို ရှုဆင်ခြင်ခြင်း။
- လှုပ်ရှားမှုကို စဉ်ဆက်မပြတ် ဆင်ခြင်ခြင်း၊ ကွေး၊ ဆန့်၊ မ၊ ချ၊ လှဲများကို ရှုမှတ်ခြင်း။
- ဤခန္ဓာကိုယ် ဖွဲ့စည်းပုံကို ရှုပြီး စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းခြင်း။
- ဤခန္ဓကိုယ်ကို ဓာတ်ကြီး(၄)ပါးအဖြစ် နှလုံးသွင်းခြင်း။
- သူသေကောင်(၉)မျိုးနှင့် နှိုင်းယှဉ်ဆင်ခြင်ခြင်း။
o သေပြီး(၁)ရက်၊ (၂)ရက်၊ သူသေကောင်ဖြစ်။
o ပုပ်ပွ၊ အရည်ထွက်။
o လင်းတစား
o သွေးသားအကြောကျန်။
o အသားတွေကုန်၊ သွေးနှင့်အကြောကျန်။
o သွေးခမ်းခြောက်၊ အကြောကျန်၊ အရိုးစု၊ အရိုးဖြူဖွေး။
o အရိုးပုံ။
o အမှုန့်ဖြစ်။

Followers

Labels

Comments