နောင်တ (၁၀) မျိုး
၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း။
၂။ ဥစ္စာ မစုဆောင်း မိခဲ့လေခြင်း။
၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတစ်ပါး သားမယားကို ပစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း ။ ။
Thursday, May 8, 2008
နောင်တ (၁၀) မျိုး
Posted by အောင်မြေ at 7:36 PM 0 comments
Labels: သုတ
လောကပျက်စီးကြောင်းတရား
လောကပျက်စီးကြောင်းတရား
- ဒုစရိုက်
- အမိကို မလုပ်ကျွေးခြင်း
- အဖကို မလုပ်ကျွေးခြင်း
- ရဟန်းကို မလုပ်ကျွေးခြင်း
- ရဟန္တာကို မလုပ်ကျွေးခြင်း
- မိမိထက် အသက်အရွယ်ကြီးသူကို ရိုသေကင်းမဲ့ မလုပ်ကျွေးခြင်း
- မသင့်လျော်သောအရပ်၌ တပ်မက်နှစ်သက်ခြင်း (အဓမ္မရာဂ)
- အလွန်အားကြီးသော လိုချင်မှု (၀ိသမလောဘ)
- ဖောက်ပြန်သော ကျား+ကျားချင်း၊ မ+မချင်း (အမေ၊ မိထွေး စသည်တို့၌)
မှားယွင်းသော ရာဂတရား (မိစ္ဆာဓမ္မ)
- ဤတရားတို့ တိုးတက်ကြီးပွားလာလျှင် လောကကြီး ဆုတ်ယုတ် ပျက်စီးသည် . . ။ ။
Posted by အောင်မြေ at 7:26 PM 0 comments
Labels: သုတ
Tuesday, May 6, 2008
ပုညတြိယာ (၁၀)ပါး (ကောင်းမှုဆယ်ပါး)
ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)
၁။ ဒါန အလှူပေးခြင်း
၂။ သီလ သီတင်းသီလ ဆောက်တည်ခြင်း
၃။ ဘာဝနာ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း
၎။ အပစာယန မိဘ၊ ဆရာ၊ ရတနာသုံးပါးအား အရိုအသေပူဇော်ခြင်း
၅။ ဝေယျာဝစ္စ မိဘ၊ ဆရာ၊ ရတနာသုံးပါး၏အမှုကို ပြုခြင်း
၆။ ပတ္တိဒါန မိမိကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း
၇။ ပတ္တနုမောဒနာ သူတစ်ပါး၏ကုသိုလ်ကို သာဓုခေါ်ခြင်း
၈။ ဓမ္မသ၀န တရားတော် နာယူခြင်း
၉။ ဓမ္မဒေသနာ သူတစ်ပါးတို့အား တရားဟောပြောခြင်း
၁၀။ ဒိဋ္ဌိဇုကမ္မ ဖြောင့်မတ်စွာ ကောင်းသောအယူကိုယူခြင်း ။ ။
Posted by အောင်မြေ at 11:21 PM 0 comments
သြ၀ါဒ
သြ၀ါဒ
မည်၍မည်မျှပင် စားရ စားရ၊
တစ်ဝမ်း ၀ရုံပဲ။
မည်၍မည်မျှပင် ၀တ်ရ ၀တ်ရ၊
သားရေပြား ဖုံးရုံပဲ။
မည်၍မည်မျှပင် အိပ်ရ အိပ်ရ၊
တစ်ကိုယ်စာ ကလေးပဲ။
မည်၍မည်မျှပင် ပစ္စည်းဥစ္စာ ရှိရှိ၊
သေလျှင် ထားပစ်ခဲ့ရတာ ချည့်ပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊
ကျန်ခဲ့လျှင် သူများဖို့ . . . ။
Posted by အောင်မြေ at 6:25 PM 0 comments
Labels: သြ၀ါဒ
မင်္ဂလာတရား (၃၈) ပါး
မင်္ဂလာတရား ၃၈-ပါး
၁။ လူမိုက်ကို ရှောင်ကြဉ်ရမည်။
၂။ ပညာရှိသောသူကို မှီဝဲဆည်းကပါရမည်။
၃။ ပူဇော်ထိုက်သောသူကို ပူဇော်ရမည်။
၎။ သင့်အပ်လျှောက်ပတ်သောအရပ်၌ နေရပါမည်။
၅။ ရှေးကပြုခဲ့ဖူးသော ကောင်းမှုရှိရပါမည်။
၆။ မကောင်းမှုကိုမပြုမိအောင် မိမိကိုယ်ကိုကောင်းစွာ စောင့်ရှောက်ရပါမည်။
၇။ အကြားအမြင်များအောင် လုံ့လပြုရပါမည်။
၈။ အပြစ်မရှိသောအတတ်ကို တတ်ရပါမည်။
၉။ လူ့ဝိနည်း၊ ရဟန်းဝိနည်းတရားတော်ကို ကောင်းစွာ သင်အံ လေ့ကျင့်ရပါမည်။
၁၀။ တရားလမ်းကြောင်းသင့်၍ ကောင်းမြတ်သောစကားကို ဆိုရပါမည်။
၁၁။ အမိ အဘတို့ကို လုပ်ကျွေး မွေးမြူရပါမည်။
၁၂။ သားမယားတို့ကို သင်္ဂြိုဟ်ထောက်ပံ့ရပါမည်။
၁၃။ အကုသိုလ် အနှောင့်အယှက်မရှိသော အလုပ်ကိုလုပ်၍ အသက်မွေးရပါမည်။
၁၄။ နိဗ္ဗာန်ကို တောင့်တ၍ အလှူပေးရပါမည်။
၁၅။ တရားနှင့်လျှော်သော အကျင့်ကို ကျင့်ရပါမည်။
၁၆။ အဆွေအမျိုးတို့အား ပေးကမ်းထောက်ပံ့ရပါမည်။
၁၇။ လောက၌အပြစ်မရှိ၊ သံသရာ၌လည်း အပြစ်မရှိသော အမှုကိုပြုရပါမည်။
၁၈။ မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ရပါမည်။
၁၉။ မကောင်းမှုမှ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးဖြင့် အထူး ရှောင်ကြဉ်ရပါမည်။
၂၀။ မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်စားခြင်း၊ ရှုရှိုက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ရပါမည်။
၂၁။ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရပါ။
၂၂။ ရိုသေထိုက်သောသူကို ရိုသေရပါမည်။
၂၃။ မိမိကိုယ်ကို နှိမ့်ချရပါမည်။
၂၄။ ရသမျှ ပစ္စည်းဥစ္စာနှင့် ရောင့်ရဲတင်းတိမ်ရပါမည်။
၂၅။ သူတထူး၏ ကျေးဇူးကို သိရပါမည်။
၂၆။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို နာယူရပါမည်။
၂၇။ သည်းခံရပါမည်။
၂၈။ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို ကောင်းစွာ နာယူရပါမည်။
၂၉။ ရဟန်းသံဃာတို့ကို ရိုသေလေးမြတ်စွာ ဖူးမြင်ရပါမည်။
၃၀။ သင့်တင့်လျှောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းရပါမည်။
၃၁။ မကောင်းမှုကို မပြုမိအောင် ခြိုးခြံစွာ ကျင့်ရပါမည်။
၃၂။ မေထုန်အကျင့်မှကင်းသော မြတ်သောအကျင့်ကို ကျင့်ရပါမည်။
၃၃။ သစ္စာလေးပါးတရားကို ကောင်းစွာ သိမြင်ရပါမည်။
၃၄။ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါမည်။
၃၅။ လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသော်လည်း တုန်လှုပ်ခြင်း မဖြစ်ရအောင် မိမိစိတ်ကို ထိန်းရပါမည်။
၃၆။ စိုးရိမ်ခြင်းမဖြစ်ရအောင် စိတ်ကို ထိန်းရပါမည်။
၃၇။ လောဘ၊ ဒေါသ၊ မောဟ ဟူသ၍ မြူမျှမရှိစေရပါ။
၃၈။ ကြောက်ခြင်းဟူသော ဘေးလည်းမရှိစေရပါ။ ။
Posted by အောင်မြေ at 6:23 PM 0 comments
Labels: သုတ
Friday, May 2, 2008
အယဉ် နှင့် အရိုင်း
အယဉ် နှင့် အရိုင်း
အိမ်ကြီးနှစ်ဆောင်သည် မျက်နှာချင်းဆိုင် တည်ရှိနေလေသည်။ မျက်စိ ကောင်းသူတစ်ယောက်သည် ထိုအိမ်ကြီးနှစ်ဆောင်၏ အလယ် တလင်းပြင်၌ ရပ်လျက်ရှိသည်။ ထိုသူသည် အိမ်ကြီးနှစ်ဆောင်အတွင်းသို့ ၀င်လာသူများကိုလဲ ကောင်းစွာမြင်ရသည်။ အိမ်ကြီးနှစ်ဆောင်မှ ထွက်ခွာသွားသူ များကိုလဲ ကောင်းစွာမြင်ရသည်။ မမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပါ။ မျက်စိကောင်းသူ မဟုတ်လော။
ထိုနည်းတူပင် ငါဘုရားသည် သတ္တ၀ါ အမျိုးအစားကို ကောင်းစွာ သိမြင်တော်မူ သည်။ မယဉ်ကျေးသူနှင့် ယဉ်ကျေးသူ၊ လမ်းမှားသူနှင့် လမ်းမှန်သူ တို့ကိုလဲ ခွဲခြား၍ သိမြင်တော်မူသည်။ ဆုံးမခက်သူနှင့် ဆုံးမလွယ်သူတို့ကိုလဲ ကောင်းစွာ ခွဲခြား၍ သိမြင်တော်မူသည်သာဖြစ်သည်။ မသိမြင်နိုင်ဖွယ်ရာ အကြောင်းမရှိပေ။ ငါဘုရား၌ ဤအလုံးစုံကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ ပြည့်စုံ နေသည် မဟုတ်လော။
(ဥပရိပဏ္ဍာသပါဠိတော်၊ သုညတ၀ဂ်၊ ဒေ၀ဒူတသုတ်)
Posted by အောင်မြေ at 5:43 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
ဆုံးရှုံးခြင်း ပို၍ ဆုံးရှုံးခြင်း
ဆုံးရှုံးခြင်း ပို၍ ဆုံးရှုံးခြင်း
လောင်းကစားကျူးသူသည် ထာဝစဉ် အရှုံးနှင့် ကြုံရသည်။ ပစ္စည်းဥစ္စာလည်း ဆုံးရှုံးရသည်။ သားသမီး၊ ဇနီး ကိုလည်း ဆုံးရှုံးရသည်။ လောင်းကစားမှုကို အကြောင်းပြု၍ ရာဇ၀တ်သင့်ကာ ဖမ်းဆီး ချုပ်နှောင်ခြင်းလည်း ခံရလေသည်။
ထိုလောင်းကစား ကျူးသူ၏ ဆုံးရှုံးခြင်းသည် သာမန်မျှသာဖြစ်သည်။
စိတ်ဖြင့် မကောင်းမှုကို ကြံစည်တွေးတောခြင်း၊ နှုတ်ဖြင့် မကောင်းမှုကို ပြောဆိုခြင်း၊ ကိုယ်ဖြင့် မကောင်းမှုကို ပြုလုပ်ခြင်း ဟူသော ဒုစရိုက်၌ မွေ့လျော် ကျက်စားမိသူ၏ ဆုံးရှုံးခြင်းသည်ကား လွန်စွာ ကြီးမားလှပေသည်။ ပြုပြင် အစားထိုး၍ ရနိုင်ခဲသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ လောင်းကစားကြူးသူ၏ ဆုံးရှုံး ခြင်းထက် အဆများစွာ ပိုလွန်သော ဆုံးရှုံးခြင်း ပင်ဖြစ်သည်။
(ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်)
Posted by အောင်မြေ at 5:39 AM 0 comments
Labels: ဗုဒ္ဓ၏ဥပမာတစ်ထောင်
