ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, December 29, 2008

နန်းဘုရား


နန်းဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိ စည်သူမင်း၏ သားမက်၊ မနုဟာမင်း၏မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၄င်း၏ဘေးတော် ဖြစ်သော မနုဟာမင်း နေထိုင်ရာအရပ်၌ အထိမ်းအမှတ် အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။ နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရား အတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်းကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီး လေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖတ်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံ ကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့်ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများ နှင့် ထောင့်ချိုး ဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။

ထိုရုပ်ပုံများကို ကျောက်သား တစ်တုံးစီ၌ ရုပ်ပုံ အပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။ နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ဆောက်လုပ် ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကာလသာအိုး (ကြာသွတ်အိုး) ပုံခံ ထားပြီး အထက်တွင် ကြာပန်းကြာနွယ်များ အကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန် ဆာဆင်ထားသည်။

နန်းဘုရား၏ ဇာပြတင်းပေါက် များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက် ပတ်လည်တွင် ကျောက်ဆစ် ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင် မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေ နတ်သမီး (ကျော်ဂြီ-Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုး ပုံများကို ထွင်းထုထားသည်။

Friday, December 26, 2008

နဂါးရုံဘုရား


နဂါးရုံဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်း တည်ခဲ့သည်။ ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းကပါရွာ အနီး ပုန်းအောင်း နေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံလေ့ရှိသည်။ တစ်နေ့တွင် အပယ်ရတနာ ကျန်စစ်သားထံသွားရာ အိပ်ပျော်နေသည့် ကျန်စစ်သားကို နဂါးတစ်ကောက်က ပါးပြင်းဖြင့် မိုးနေသည်ကို တွေ့ရသည်။ ကျန်စစ်သားနိုးလာလျှင် နဂါးလည်း ပျောက်ကွယ် သွားသည်။ ထိုအကြောင်းကို အပယ်ရတနာက ကျန်စစ်သားမင်းအား ပြောပြရာ ကျန်စစ်သားက မိမိမင်းဖြစ်မည့် နိမိတ်ဟု အပယ်ရတနာအား ပြောကြားခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် ၄င်းအား နဂါးပါးပြင်မိုးထားရာ နေရာ၌ နဂါးရုံဘုရား တည်ခဲ့သည်။


နဂါးရုံဘုရားကို မိုးလျော၊ ပစ္စယာအဆင့်ဆင့်ဖြင့် တည်ဆောက်ထားပြီး ပစ္စယာအထက်တွင် ကွမ်းတောင်နှင့် အထွတ်စေတီ ပေါက်ထားသည်။ ပစ္စယာများ၌ ထောင့်စေတီများ ရှိသည်။ နဂါးရုံဘုရားတွင် နံရံများနှင့် စင်္ကြပတ်လမ်း နံရံများတွင် ဗုဒ္ဓ၀င်ခန်းများ၊ မြတ်စွာဘုရား တရားဟောခန်း နံရံဆေးရေး ပန်းချီများကို ရှေးမွန်ဘာသာ ကမ္ပည်းစာများနှင့် တကွ တွေ့ရသည်။


နဂါးရုံဘုရား၏ အ၀င်ခန်းမဆောင် နံရံမုခ်ကပ်များတွင် ဗုဒ္ဓ၀င်ခန်း ဖြစ်သည့် မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာ နတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောတွင် သီတင်းသုံးခန်းနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခန်း စသည့် ကျောက်ဆစ်ရုပ်တု များနှင့် ဂူဘုရားအတွင်းရှိ လက်ဝဲ လက်ယာ နံရံမုခ်ကပ် များတွင်လည်း သဲကျောက်ဖြင့် ထုလုပ်ထားသည့် ကြာပလ္လင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုများ၊ ဒီပင်္ကရာဘုရား ရှေ့မှောက်သုမေဓာ ရှင်ရသေ့ ဗျာဒိတ်ခံယူပုံ စသည့် ကျောက်ဆစ်ရုပ်တု များကို လေ့လာနိုင်သည်။

နဂါးရုံဘုရား အပြင်ဖက်နံရံတွင် တန်ဆာဆင်ထားသည့် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် ဘီလူးပန်းဆွဲများ အင်္ဂတေပန်း များကိုလည်း လေ့လာနိုင်သည်။ နဂါးရုံဘုရား အခြေမှ အတွင်း တံတိုင်းအထိ စဥ့်စိမ်းသုတ် အုပ်ချပ်များ ခင်းထားသည်။

Wednesday, December 24, 2008

မေတ္တာပုဗ္ဗဘာဂပဋိပဒါ (သို့မဟုတ်) ကမ္မဋ္ဌာနူပစာ

၁။ သက္ကောစ = စွမ်းနိုင်သူ
၂။ ဥဇူစ = ဖြောင့်ဖတ်သူ
၃။ သုဟုဇူစ = အလွန်ဖြောင့်မတ်သူ
၎။ သုဝစောစ = ဆိုဆုံးမလွယ်သူ
၅။ မုဒုစ = နူးညံ့သူ
၆။ အနတိမာနိ = မာန်မာနမရှိသူ
၇။ သန္တုဿကောစ = ရောင့်ရဲလွယ်သူ
၈။ သုဘရောစ = မွေးမြူလွယ်သူ
၉။ အပ္ပကိစ္စော = ကိစ္စနည်းပါးသူ
၁၀။ သလ္လဟုက၀ုတ္တိ = ပေါ့ပါးသောအဖြစ်ရှိသူ
၁၁။ သန္တိန္ဒြိယောစ = ငြိမ်သက်သော ဣနြေ္ဒရှိသူ
၁၂။ နိပကောစ = ရင့်ကျက်သောပညာရှိသူ
၁၃။ အပ္ပဂမ္ဘော = မကြမ်းတမ်း/ မရိုင်းပြသူ
၁၄။ ကုလေသွနနုဂိဒ္ဓေါ = လူတို့၌ မတွယ်တာသူ
၁၅။ နစခုဒ္ဒမာစရေကိဉ္စိယေန၀ိညူ ပရေဥပ၀ဒေယျုံ =
       ပညာရှိများ ကဲ့ရဲ့မည့် အနည်းငယသော အပြစ်သော်မှလည်း ရှောင်ကျဉ်သူ

Sunday, December 21, 2008

မိတ်ဆွေ နှင့် ရန်သူ


မိမိသည်သာလျှင် မိမိ၏ မိတ်ဆွေအစစ် ဖြစ်သကဲ့သို့ ရန်သူအစစ်လည်း ဖြစ်နိုင်ပါသည်။ ကုသိုလ်ကောင်းမှု၌ မွေ့လျော်လျှင် မိမိသည် မိမိ၏ မိတ်ဆွေ အစစ်ဖြစ်သည်။ မကောင်းမှု အကုသိုလ်၌ မျောနစ်လျှင် မိမိသည် မိမိ၏ ရန်သူအစစ် ဖြစ်သည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

ဝါကြွားခြင်း


မိမိနှုတ်က ထွက်သောစကားတိုင်းကို မိမိသည်ပင် တာဝန်ခံရ လေရာ မှန်သောစကား ကို တာဝန်ခံမည်လား၊ ၀ါကြွားပြောသော စကားကို တာဝန်ခံမည်လား။ မှန်သော စကားကို တာဝန်ခံခြင်းသည် သစ္စာထိုက်သော ကြောင့် မိမိအား ကောင်းကျိုး ပေးပေလိမ့်မည်။ ၀ါကြွားပြောသော စကားကို တာဝန်ခံခြင်းသည် မုသား၌ ရှေးရှု အကျုံးဝင် သောကြောင့် မိမိအား ဆိုးကျိုးကိုသာ ပေးဝေပေ လိမ့်မည်။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစု မှ

လူ့တန်ဖိုး

လူ၏ စစ်မှန်သော တန်ဖိုးသည် စည်းစိမ်ရှင်၊ ဥစ္စာရှင် အဖြစ် မတည်ပါ။ လောကအကျိုး၊ လူသားအကျိုး သယ်ပိုး ထမ်းဆောင်နိုင်မှု အပေါ်တွင်သာ တည်မှီပါသည်။ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက် လူသေသော်လည်း နာမည် မသေဘဲ ထင်ရှား ကျော်ကြားခဲ့သူများမှာ စည်းစမ်ရှင်၊ ဥစ္စာရှင် မဟုတ်။ လူသားအကျိုးပြု အသိပညာရှင်၊ အတတ် ပညာရှင်များသာ ဖြစ်ပါ၏။ လောကကို သာယာစေသော၊ လှပစေသော၊ မွှေးရနံ့သင်းပျံ့စေသော စေတနာရှင်၊ ကျေးဇူးရှင်ကြီးများ၏ ဂုဏ်သတင်းသည် နှစ်ကာလ ပရိစ္ဆေဒ များစွာကို ကျော်လွှား ဖြတ်သန်းလျက် အစဉ်ထာဝရ သင်းထုံ မွှေးကြိုင်လျက် ရှိသည်သာ ဖြစ်ပါ၏။

မင်းနန်(မော်ကျွန်း) ၏ နှလုံးလှ ဓမ္မာစာစု မှ

အလဲအလှယ်

သူ၏ နှလုံးသား၌ သိမ်မွေ့မှုရှိသည်။ နူးညံ့မှု ရှိသည်။ ရိုးသားမှုရှိသည်။ သန့်စင်မှုရှိသည်။ မြင့်မြတ်မှု ရှိသည်။ နှလုံးသား၌ တည်သော ဤအလှတရားများကို ငွေကြေးဖြင့် ဖြစ်စေ၊ အခွင့်အရေး တစ်စုံတစ်ရာဖြင့် ဖြစ်စေ အလဲအလှယ်ပင် မလုပ်သင့်။ စိန်ရွှေ ရတနာ ဓနဥစ္စာတို့ကို ၀ိသမလောဘဖြင့် ရယူလိုမှု အကြောင်းပြုပြီး နှလုံးသား အလှတရားကို အထိအပါး မခံသင့်၊ အပွန်းအပဲ့ မခံသင့်၊ အဆုံးအရှုံး မခံသင့်။ ။

မင်းနန်(မော်ကျွန်း)နှလုံးလှ ဓမ္မာစာစမှ

Followers

Labels

Comments