အရဟံ
- လူနတ်ဗြဟ္မာ ၊ သတ္တ၀ါတို့
- ထူးစွာအများ ၊ ပူဇော်ထားအပ်
- တရားမြတ်ကြောင့်
- အရဟံ မည်ထိုက်ပါပေသည်။
- လုံးစုံအကြောင်း ၊ တရားပေါင်း၏
- အကြွင်းမရှိ ၊ သိတော်မူကြောင်း
- အကြောင်းကြောင့်ပင်
- သမ္မာသမ္ဗုဒ္ဓေါ မည်ထိုက်ပါပေသည်။
- ၀ိဇ္ဇာသုံးပါး ၊ ရှစ်ပါးဝိဇ္ဇာ
- စရဏာတစ်ဆယ့်ငါး
- ပြည့်စုံငြားကြောင့်
- ၀ိဇ္ဇာစရဏ သမ္ပန္နော
- မည်ထိုက်ပါပေသည်။
- ကောင်းသောစကား ၊ ဆိုအပ်ငြားသည့်
- ဘုရားစင်စစ် ၊ ဖြစ်ခြင်းကြောင့်ပင်
- သုဂတော မည်ထိုက်ပါပေသည်။
- သတ္တလောက ၊ သင်္ခါရနှင့်
- သြကာသလောက ၊ သုံးပါးမကကို
- ဖွင့်ဆိုရှင်းပြ ၊ သိနေမှုကြောင့်
- လောက၀ိဒူ မည်ထိုက်ပါပေသည်။
- လူနတ်ဗြဟ္မာ ၊ သတ္တ၀ါအရေး
- ယဉ်ကျေးစေတတ် ၊ ဂုဏ်ထူးမြတ်ကြောင့်
- အနုတ္တရောပုရိဿဓမ္မသာရတ္ထိ
- မည်ထိုက်ပါပေ၏
- လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏
- ဆရာဖြစ်ဘိမူ ၊ အကြောင်းတူစွာ
- သတ္တာဒေ၀မနုဿာနံ
- မည်ထိုက်ပါပေ၏
- သစ္စာလေးပါး ၊ မြတ်တရားသိ
- အကြောင်းငြိ၍
- ဗုဒ္ဓေါ မည်ထိုက်ပါပေ၏
- ဘုန်းတော်အနန္တ ၊ ဥာဏ်တော်အနန္တ
- ရှိခြင်းကပင်လျှင် ၊ ရှင်ပင်မြတ်မဟာ
- ဘဂ၀ါ မည်ထိုက်ပါပေ သည်တကား
- ဘဂ၀ါ ရှိခိုးချီထိက်ပါပေ သည်တကား
- ဘဂ၀ါ ရိုကျိုးပူဇော်ထိုက် ပါပေ သည်တကား ။ ။
2 comments:
အမရေ ဂုဏ်တော်ကိုးပါးကို လာဖတ်ပြီး ကြည်ညိုသွားပါတယ် ဖော်ပြပေးတာ ကျေးဇူးပါအမ.
အစ်မစာလာဖတ်သွားပါတယ် ဆုရည်
Post a Comment