ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Sunday, January 18, 2009

ဗြဟ္မစိုရ်တရား အမြဲ လက်ကိုင်ထား

ဗြဟ္မစိုရ်တရားဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် တရားလေးပါးဖြစ်သည်။ ထိုတရားလေးပါးမှာ-
မေတ္တာတရား

  • မေတ္တာဆိုသည်မှာ သူများလည်း မိမိလို ချမ်းသာချင်ကြပေလိမ့်မည်ဟု ကိုယ်ချင်းစာပြီး သူတစ်ပါးတို့ကို ချမ်းသာစေလိုသည့်သဘောဖြစ်သည်။

ကရုဏာတရား
  • ကရုဏာတရားဆိုသည်မှာ သူတပါးဒုက္ခလွတ်အောင် ကိုယ်၊နှုတ်၊စိတ်တို့ဖြင့် ကူညီဖြေရှင်းဆုတောင်းပေးခြင်း သဘောဖြစ်သည်။

မုဒိတာတရား
  • မုဒိတာဆိုသည်မှာ ကိုယ့်အထက်ကလူတွေ၊ ကိုယ့်ထက်ပြည့်စုံသည့် ချမ်းသာသည့်လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေဟု ၀မ်းမြောက်ကြည်သာစွာနဲ့ နှလုံးသွင်းနိုင်သည့် သဘောဖြစ်သည်။

ဥပေက္ခာတရား
  • ဥပေက္ခာဆိုသည်မှာ သတ္တ၀ါတိုင်း ကိုယ်တိုင်ပြုလုပ်ထားသည့် ကံအားလျော်စွာ ဖြစ်နေကြရတာပဲဟု ဘက်မလိုက်ဘဲ မျှမျှတတ နှလုံးသွင်းသည့်သဘောဖြစ်သည်။

4 comments:

Nge Naing said...

ညီမလေး
တချို့က ကိုယ့်ထက်သာတဲ့သူတွေ အောင်မြင်တာကို ၀မ်းသာပေးနိုင်ကြပေမယ့် ကိုယ့်ထက်နှိမ့်တဲ့သူ အောင်မြင်သွားတာကို လုံးဝ ၀မ်းသာမပေးနိုင်တာတွေ ရှိတတ်ပါတယ်။ မုဒိတာရဲ့ သဘောက ကိုယ့်အထက်က လူတွေမှမဟုတ်ဘူး ဘယ်သူမဆို မိမိထက် နှိမ့်တဲ့သူဖြစ်စေ၊ သာတဲ့သူဖြစ်စေ အားလုံးရဲ့ တိုးတက် အောင်မြင်မှုကို ၀မ်းသာပေးခြင်း ဖြစ်တယ်လို့ အစ်မနားလည်ထားတယ်။ အစ်မကတော့ အဲဒီ ၄ ခုမှာ မေတ္တာနဲ့ မုဒိတာကတော့ ဗြမ္မာတွေလောက် မဟုတ်ပေမယ့် လူသားတွေမှာ ရှိသင့်သလောက် ရှိပါတယ်။ ဂရုဏာက လိုတာထက်ပို အလွန်အကျွံ ဖြစ်နေပြီး ဥပက္ခာကျတော့ လုံးဝမရှိဖြစ်လို့ ကိုယ့်စိတ်ကိုကိုယ် တော်တော်ဒုက္ခပေးသလို ဖြစ်နေတယ်။ ဗြမ္မာဇိုလ်တရား လေးပါးကို မျှမျှတတ ဖြစ်အောင် နှလုံးသွင်းဖို့ တော်တော်ကို ကြိုးစားရဦးမှာပါလားလို့ ဒီပို့စ်လေးကို ဖတ်ပြီး သတိထားမိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို သမုဒယ ကင်းတဲ့ စာကောင်းလေးတွေကို နောက်ထပ်လည်း များများရေးနိုင်ပါစေလို့ ဆန္ဒပြုရင်း
နွေးထွေးကြင်နာသော မေတ္တာဖြင့် ဆုရည်ကို အစဉ်ချစ်ခင်လျက်ပါ။

ခေါင်ခေါင် said...

ခုမှ ဗြဟ္မစိုရ် တစ်ရားလေးပါး အကြောင်း ပြည့်ပြည့်စုံစုံ သေသေချာချာ သိသွားတော့တယ်..

ခေါင်ခေါင် said...

ကျေးဇူးပါ အမ ရေ....
နောက်လည်း ဒီလိုအမြဲမျှဝေ ပေးပါနော်...

Anonymous said...

တန်ဖိုးဆိုတာအများကသတိမှတ်တာပါ အရမ်းကိုတန်ဖိုးးရှိပါတယ်o

Posts

Followers

Labels

Comments