ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Tuesday, January 13, 2009

ဘဝဟောင်းကို မြင်ခြင်း

ဗုဒ္ဓသည် ကျင့်စဉ်တရားကို ဟောကြားထားပေသည်။ ထိုကျင့်စဉ်အတိုင်း အမှန်တကယ် ဆောက်တည် ကျင့်သုံး သူသည် စင်ကြယ်သော ဥာဏ်မျက်စိကို ရရှိနိုင်သည်သာ ဖြစ်သည်။ ထိုဥာဏ်မျက်စိဖြင့် ရှေး၌ ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို သိမြင်နိုင်သည်။ ရှေး၌ ဖြစ်ခဲ့ဖူးသော ဘ၀များစွာကို လည်းကောင်း၊ ထိုထိုဘ၀ များစွာတို့၌ ဖြစ်ခဲ့ဖူးသော အမျိုးအနွယ်၊ မြို့ရွာဒေသတို့ကို လည်းကောင်း၊ မည်သို့ မည်ပုံ ချမ်းသာကြွယ်ဝသည်၊ ဆင်းရဲ နွမ်းပါးသည် စသော အခြင်းအရာကို လည်းကောင်း ပြန်လည်၍ အောက်မေ့ သိမြင်နိုင်သည်သာ ဖြစ်သည်။

ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် မိမိနေထိုင်သည့် ရွာမှ အခြားတစ်ရွာသို့ သွားရောက်သည်။ မိတ်ဆွေ အသီးသီးတို့၏ အိမ်များသို့လည်း ၀င်ရောက်သည်။ ထိုသူသည် မိမိရွာသို့ ပြန်လာပြီးလျှင် သွားရောက်ခဲ့သော ခရီးစဉ်ကို ပြန်လည်၍ အောက်မေ့လေသည်။

"" ငါသည် ရွာမှ ထွက်ခွာ၍ မည်သည့်လမ်းဖြင့် သွားသည်။ နှေးနှေးသွားသည်။ မြန်မြန်သွားသည်။ လမ်း၌ မည်သူနှင့် တွေ့ဆုံသည်၊ ထိုရွာသို့ ရောက်လျှင် မည်သူ့ အိမ်ကို ရှေးဦးစွာ ၀င်သည်၊ မည်သည့် စကားကို ပြောခဲ့သည်၊ ထို့နောက် အခြား မည်သူ့အိမ်သို့ သွားပြန်သည်၊ အိမ်တံခါး ပိတ်ထားသဖြင့် အခြားအိမ်သို့ သွားပြန် သည်။ မည်သူနှင့်တွေ့၍ မည်သည့် အကြောင်း ပြောခဲ့သည် "" စသည်ဖြင့် တစ်ဖန် ပြန်၍ အောက်မေ့ သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

ကြည်လင် သန့်ရှင်း နောက်ကျုကင်းသော ရေအိုင်တစ်အိုင် ရှိသည်။ ထိုရေအိုင်အနီးတွင် မျက်စိအမြင်ရှင်း၍ တိမ်သလ္လာကင်းသော ယောက်ျားတစ်ယောက် ရပ်လျက် ကောင်းစွာ ကြည့်ရှုသည်။ ထိုသူသည် ရေအိုင်ထဲရှိ ခရု၊ ယောက်သွား၊ ငါး၊ လိပ်တို့၏ သွားလာ လှုပ်ရှားမှုကို သိမြင်နိုင် သကဲ့သို့ ဖြစ်သည်။

( မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ပရိဗ္ဗာဇက၀ဂ်၊ မဟာသကုလုဒါယိသုတ် )

Saturday, January 10, 2009

သမုဒ္ဒရာကြီး (၆) စင်း

ဤလောက၌ သမုဒ္ဒရာ၊ သမုဒ္ဒရာဟု ပြောဆိုလေ့ ရှိကြသည်။ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်ပေ။ ကြီးကျယ် များပြားသော ရေအစ ရေအပြင် သာလျှင် ဖြစ်သည်။ သမုဒ္ဒရာ ဟူသည်မှာ မျက်စိ သမုဒ္ဒရာစစ်စစ်အားဖြင့် သတ္တာဝါတို့၏ မျက်စိသည် သမုဒ္ဒရာမည်ပါသည် ထိုမျက်စိသမုဒ္ဒရာ၌ အဆင်းရူပါရုံ တည်းဟူသော အဟုန်အရှိန်သည် ရှိသည်။ အကြင်သူသည် ထိုးအဆင်း တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် မျက်စိသမုဒ္ဒရာကို ကူးမြောက်ပြီးသူ ဖြစ်သည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နား သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နားသည် သမုဒ္ဒရာ မည်ပေသည်။ ထို နားသမုဒ္ဒရာ၌ အသံသဒ္ဒါရုံ တည်းဟသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အသံတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နားသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

နှာခေါင်း သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ နှာခေါင်းသည် သမုဒ္ဒရာမည် ပေသည်။ ထိုနှာခေါင်း သမုဒ္ဒရာ၌ အနံ့ ဂန္ဓာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အနံ့တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် နှာခေါင်းသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

လျှာ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ လျှာသည် သမုဒ္ဒရာမည် ပေသည်။ ထိုလျှာ သမုဒ္ဒရာ၌ အရသာ ရသာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အရသာတည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် လျှာသမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

ကာယ သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ ကိုယ်ခန္ဓာသည် သမုဒ္ဒရာမည် ပေသည်။ ထိုကိုယ် သမုဒ္ဒရာ၌ အတွေ့အထိ ဖောဋ္ဌဗ္ဗရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို အတွေ့အထိ တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် ကိုယ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

စိတ် သမုဒ္ဒရာ
  • သတ္တ၀ါတို့၏ စိတ်သည် သမုဒ္ဒရာမည် ပေသည်။ ထို စိတ်သမုဒ္ဒရာ၌ သဘောတရား ဓမ္မာရုံတည်း ဟူသော အဟုန်အရှိန် ရှိသည်။ အကြင်သူသည် ထို သဘောတရား တည်းဟူသော အဟုန်အရှိန်ကို သည်းခံနိုင်ငြားအံ့၊ ထိုသူသည် စိတ်သမုဒ္ဒရာ ကို ကူးမြောက်ပြီးသူ ဖြစ်ပေသည်။ လှိုင်းဘေး၊ ၀ဲကယက်ဘေး၊ ရေသတ္တ၀ါကြီးများ၏ ဘေးတို့ကို ကျော်လွန်ပြီး သူဖြစ်သည်။ ကမ်းတစ်ဖက်သို့ ရောက်ရှိပြီးသူ ရဟန္တာ ဖြစ်သည်။

(သဠာယတန၀ဂ္ဂ၊ သဠာယတနသံယုတ်၊ သမုဒ္ဒ၀ဂ်၊ သမုဒ္ဒသုတ်)

Thursday, January 8, 2009

အရိယာမဂ်

ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေတတ်သော လမ်းကောင်း ကိုခေါ်ဆိုပါသည်။

အရိယာမဂ် ဆိုသည်မှာ

  • မှန်ကန်သော ဥာဏ်အမြော်အမြင်
  • မှန်ကန်သော အကြံအစည်
  • မှန်ကန်သော ပြောဆိုမှု
  • မှန်ကန်သော ပြုလုပ်မှု
  • မှန်ကန်သော အသက်မွေးမှု
  • မှန်ကန်သော အားထုတ်ခြင်း လုံ့လ
  • မှန်ကန်သော အောက်မေ့ခြင်း
  • မှန်ကန်သော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

မိစ္ဆာမဂ်

ဘေးရန်ထူပြော၍ ပင်ပန်းဆင်းရဲခြင်း ကြီးစွာ ဖြစ်စေတတ်သော လမ်းဆိုး ကိုခေါ်ဆိုပါသည်။

မိစ္ဆာမဂ် ဆိုသည်မှာ

  • မှားသော အမြင်
  • မှားသော အကြံအစည်
  • မှားသော စကား
  • မှားသော ပြုလုပ်မှု
  • မှားသော အသက်မွေးမှု
  • မှားသော အားထုတ်ခြင်း လုံ့လ
  • မှားသော အောက်မေ့ခြင်း
  • မှားသော တည်ကြည်ခြင်း
တို့ဖြစ်သည်။

(မူလပဏ္ဏာသပါဠိတော်၊ သီဟနာဒ၀ဂ်၊ ၀ိတက္ကသဏ္ဍာနသုတ်)

Wednesday, January 7, 2009

သူတို့ကြောင့်

စိတ်မဖြူစင် ညစ်ညူးစေတတ်သည့် တရားတို့သည် -

  • သူတစ်ပါး၏ စည်းစိမ်ကို ရှေးရှုကြံစည်၍ အလိုရှိခြင်း အဘိဇ္ဈာ 
  • မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ၀ိသမလောဘ 
  • သူတစ်ပါးတို့အား ပျက်စီးစေလိုခြင်း ဗျာပါဒ 
  • အမျက်ထွက်ခြင်း ကောဓ 
  • ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ 
  • ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း မက္ခ 
  • ဂုဏ်ပြိုင်ခြင်း ပလာသ 
  • ငြူစူခြင်း ဣဿာ 
  • ၀န်တိုခြင်း မစ္ဆရိယ 
  • လှည့်ပတ်ခြင်း မာယာ 
  • စဉ်းလဲခြင်း သဋ္ဌေယျ 
  • စိတ်ခက်ထန်ခြင်း ထမ္ဘ 
  • ချုပ်ချယ်ခြင်း သာရမ္ဘ 
  • မောက်မော်ခြင်း မာန 
  • အလွန်မောက်မော်ခြင်း အတိမာန 
  • မာန်ယစ်ခြင်း မဒ 
  • သတိမေ့လျော့ခြင်း ပမာဒ တို့ ဖြစ်သည်။

ရဟန်းတို့ ဤတရား၌ကိန်းအောင်းလျှင် ဤတရားတို့နှင့် ယှဉ်လျှင် စိတ်ညစ်ညူး၏။ စိတ်မဖြူစင်ခြင်း ဖြစ်၏။ ဤတရားတို့အား သိမြင်၍ ပယ်စွန့်သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်း ဖြစ်၏။

(မူလပဏ္ဏသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်)

အပယ်ရတနာဘုရား




အပယ်ရတနာ ဂူဘုရားသည် သီဟိုဠ်ပုံ လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ခရစ် (၁၁) ရာစုနှောင်းတွင် ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရားတို့ တည်ခဲ့သည်။

ကျန်စစ်သားသည် စောလူးမင်းရန်ကြောင့် မြင်းပါရွာအနီး ပုန်းအောင်းနေရစဉ် ဇနီးဖြစ်သူ အပယ်ရတနာက သွားရောက် တွေ့ဆုံခြင်း၊ ထမင်းပို့ခြင်း ပြုလုပ်ခဲ့သည်။ ကျန်စစ်သား ပုဂံထီးနန်း ရရှိပြီးနောက် အပယ်ရတနာမိဖုရား ထမင်းလာပို့ရာ အရပ်၌ အမှတ်တရအဖြစ် အပယ်ရတနာဘုရား ကိုတည်ခဲ့သည်။

အပယ်ရတနာဘုရား တိုက်မအထက်တွင် ပစ္စယာ အဆင့်များ၊ မိုးလျောများ၊ ထောင့်စေတီများဖြင့် တည်ဆောက်ထားပြီး ခေါင်းလောင်းပုံ သပိတ်မှောက် အထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ် အထွတ်စေတီ ရှိသည်။

အပယ်ရတနာဘုရားရှိ နံရံဆေးရေး ပန်းချီများတွင် မဟာယာန (ကြီးသောယာဉ်) ဂိုဏ်းဗုဒ္ဓဘာသာနှင့် ဟိန္ဒူအယူဝါဒနှင့် သက်ဆိုင်သော ပုံများကို အခြားဘုရား များထက် ပိုမိုတွေ့ရသည်။ ဘုရားတွင် မဟာယာန ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ဗောဓိသတ္တ / အ၀လောကိတေသွာရ (လောကနာထ) သည် ကြာပွင့်ပေါ်ထိုင်ပြီး လက်ယာလက်တွင် ကြာပွင့်ကိုင်ကာ လက်ဝဲလက်မှာ ၀၇ဒမုဒြာ အနေအထားဖြင့် ရေးဆွဲထားသည့် ပုံများ၊ ထိုင်နေသည့် နတ်ရုပ်ပုံများ၊ မတ်တပ်ရပ် နတ်ရုပ်ပုံများ၊ ဂူပေါက်တန်း အသီးသီးတွင် ဗုဒ္ဓပုံ၊ ရသေ့ပုံများ၊ စင်္ကြအတွင်း ပတ်လမ်း အပြင်နံရံအပေါ်ဘက်တွင် အရိုးတပ် စက်ဝိုင်းများအတွင်း ဗြဟ္မာ၊ သီဝ၊ ဗိဿနိုး ပုံများနှင့် အ၀င်ခန်းမဆောင်တွင် ရှေးမွန်ဘာသာဖြင့် ကမ္ပည်းမင်စာ ရေးထိုးထားသည့် ဗုဒ္ဓ၀င် နံရံဆေးရေး ပန်းချီများ ရှိသည်။ အပယ်ရတနာဘုရား တွင် ဇာပြတင်းပေါက် တပ်ဆင်ထားသည်ကို လေ့လာနိုင်ပါသည်။

Tuesday, January 6, 2009

မဟာသမ္မတမင်းများ

မဟာသမ္မတမင်းများ

  • ရောစမင်း
  • ဝရရောစမင်း
  • ကလျာဏမင်း
  • ဝရကလျာဏမင်း
  • မန္ဓာတုမင်း
  • ဝရမန္ဓာတုမင်း
  • ဥပေါသထမင်း
  • ဝရမင်း
  • ဥပဝါရမင်း
  • မဂ္ဃဒေဝမင်း

Followers

Labels

Comments