ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, April 21, 2008

မြွေဖမ်းတတ်ရဲ့လား

မြွေဖမ်းသမားနှစ်ဦးရှိလေသည်။

ပထမမြွေဖမ်းသမားသည် မြွေရှာရန် တောသို့ထွက်ခဲ့ရာ ကြီးမားလှသော မြွေတစ်ကောင်ကိုတွေ့သည်။ သူသည် ထိုမြွေ၏ အမြီးနှင့် ကိုယ်ကိုဖိ၍ ဖမ်းလေသည်။ ထိုအခါ မြွေသည် နောက်သို့လှည့်ကာ မြွေဖမ်းသမား၏ လက်ကိုကိုက်လိုက်လေသည်။ မြွေဖမ်းပုံ နည်းစနစ်မမှန်ကန်သောကြောင့် မြွေအကိုက်ခံရခြင်းဖြစ်လေသည်။

ဒုတိယမြွေဖမ်းသမားကား မြွေကိုတွေ့လျှင် ဆိတ်ခွာသဏ္ဍာန် တပ်ဆင်ထားသော တုတ်ချောင်းဖြင့် မြွေ၏ကုတ်ဆက်ကို ပိုင်နိုင်စွာ ဖိညှပ်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မြွေ၏လည်ပင်းကို ကောင်းစွာ ဆုပ်ကိုင်၍ ဖမ်းယူလေသည်။ ထိုသူသည် မြွေအကိုက် မခံရပေ။ အလိုရှိသည့်မြွေကိုလည်း ကောင်းစွာရရှိလေသည်။ မြွေဖမ်းပုံနည်းစနစ် မှန်ကန်သောကြောင့်ဖြစ်သည်။

ဤလောက၌ အချို့သော စာပေသင်ကြားသူတို့သည် သူတစ်ပါးအား အနိုင်ယူ ပြောဆိုရန်အလို့ငှာ၊ ချုပ်ချယ်ရန်အလို့ငှာ သင်ယူကြသည်။ သဒ္ဒါကိုလည်းကောင်း၊ အနက်ကိုလည်းကောင်း ပညာဖြင့် ကောင်းစွာ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ ထို့ကြောင့် ဆိုလိုရင်း အဓိပ္ပာယ်ကို ရေရေ လည်လည် မသိမမြင်ကြပေ။ ထို့ကြောင့်လည်း အယူအဆ၊ အသိအမြင် လွဲမှားကာ ပြုလုပ်ကျင့်သုံးမှုများ လွဲမှားကြရသည်။
ပထမမြွေဖမ်းသမားကဲ့သို့ မလိုအပ်သော ဘေးအန္တရာယ် ဆင်းရဲခြင်း နှင့် ကြုံတွေ့ရသူများပင်ဖြစ်သည်။

အချို့သောသူများမှာမူ စာပေသင်ကြားရာ၌ သူတစ်ပါးအား အနိုင်ယူ ပြောဆိုရန်အလို့ငှာ၊ ချုပ်ချယ်ရန်အလို့ငှာ မသင်ကြားပေ။ မဂ်ဖိုလ် နိဗ္ဗာန်အလို့ငှာ သင်ကြားကြလေသည်။ သဒ္ဒါကိုလည်းကောင်း၊ အနက် ကိုလည်းကောင်း ပညာဖြင့် ကောင်းစွာ ဆင်ခြင်သုံးသပ်ကြလေသည်။ ထို့ကြောင့် ဆိုလိုရင်း အဓိပ္ပာယ်သဘောကို ရေရေလည်လည် သိမြင် ကြလေသည်။ ထို့ကြောင့်လည်း အယူအဆ အသိအမြင်မှန်ကန်ကာ ပြုလုပ်ကျင့်သုံးမှု၌ တည့်မတ်မှန်ကန်ကြသည်။
ဒုတိယမြွေဖမ်းသမားကဲ့သို့ မလိုလားအပ်သော ဘေးအန္တရာယ် ဆင်းရဲမှ ကင်းလွတ်ကြရသူများဖြစ်သည်။
(မူလပဏ္ဏာသပါဠိတော်၊ သြပမ္မ၀ဂ်၊ အလဂဒ္ဒူပမသုတ်)

0 comments:

Posts

Followers

Labels

Comments