ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Monday, April 14, 2008

မိတ်ဆွေ

လူသည် အထီးကျန်တစ်ကောင်ကြွက် နေရ၍မရ။ အသိုက်အမြုံနှင့် အသိုင်းအ၀ိုင်းနှင့် အပေါင်းအသင်းနှင့် အဖွဲ့အစည်းနှင့် နေရ၏။ ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့ အချင်းချင်း အမှီသဟဲပြု၍ နေရသည်။
စီးပွားရေးလုပ်ရာ၌ မိတ်ဆွေအပေါင်းအသင်းသည် ပို၍လိုအပ်သည်။ ဓနဗလနှင့် ပြည့်စုံဖို့အတွက် မိတ္တဗလပြည့်စုံမှဖြစ်၏။ မိတ္တဗလနှင့်ပြည့်စုံမှသာ ဓနဗလနှင့် ပြည့်စုံနိုင် သည်။
မိတ္တေ ဘ၀ါ မေတ္တာ ။ မိတ်ဆွေ၌ဖြစ်သောတရား၊ မိတ်ဆွေအချင်းချင်း ထားရှိအပ်သောတရားကို မေတ္တာတရားဟုခေါ်၏။ မိတ္တဗလနှင့် ပြည့်စုံဖို့အတွက် မေတ္တာတရားရှိရမည်။ မိတ်ဆွေအပေါင်းအသင်းနှင့် တွေ့လျှင် ကျွေးချင်စိတ်၊ ပေးချင်စိတ်၊ ကူညီချင်စိတ်ရှိရမည်။ မေတ္တာတရားကို ကျွေးခြင်း၊ ပေးခြင်း၊ ကူညီခြင်း ဖြင့်သာ သရုပ်ဖော်နိုင်၏။
ထိုသို့ပေးနိုင်၊ ကျွေးနိုင်ဖို့အတွက် ပေးစရာ၊ ကျွေးစရာရှိဖို့ လိုအပ်ပြန်သည်။ ဓနဗလနှင့် ပြည့်စုံမှသာ ပေးစရာ ကျွေးစရာရှိ၍ ပေးနိုင်၊ ကျွေးနိုင်မည်ဖြစ်သည်။ သို့ဆိုသော် ဓနဗလ နှင့် မိတ္တဗလသည် အပြန်အလှန် ကျေးဇူးပြုနေသည်ဟု ဆိုနိုင်သည်။

0 comments:

Posts

Followers

Labels

Comments