ကျေးဇူးတင်လွှာ


ဒီစာမျက်နှာလေးဖြစ်မြောက်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးကြတဲ့
ဘလော့ဂ်စာမျက်နှာပေါ်က စီနီယာတွေအားလုံး ဂျူနီယာတွေအားလုံး
ဘလော့ဂ်ချစ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ။
အောင်မြေ စာမျက်နှာမှာ ခဏတာရောက်ခဲ့ကြတဲ့ မိတ်ဆွေများအတွက် တစ်ခုလေးလောက် အမှတ်တရဖြစ်သွားခဲ့ရင် ပီတိဖြစ်ရပါတယ်။
ဒီအတွက် ပင်ပန်းရ၊ ကြိုးစားရ တာတွေက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဆုရည် ကြိုးစားနေပါတယ်လို့ ….

Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog Welcome to Aung Myay Blog

Thursday, January 15, 2009

စည်းစိမ် နှင့် မစင်ပိုး

ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း တို့သည် ဥာဏ်ပညာ မရှိသူအဖို့ အနှောင့်အယှက် ဖြစ်သည်။ အနှောင်အဖွဲ့ အပိတ်အပင် ဖြစ်သည်။ မစင်ပိုးကောင် ကဲ့သို့ ဖြစ်စေသည်။

  • မစင်စားသော ပိုးကောင်သည် မစင်ဖြင့် နစ်မွန်း၍ နေလေသည်။ ရှေ့၌လည်း မစင် အတိပြီးသည်။ နောက်၌ လည်းကောင်း၊ ဘေးပတ်ဝန်းကျင်၊ ထက်အောက် ၀န်းကျင်၌ လည်းကောင်း မစင်တို့ဖြင့် ၀ိုင်းဝိုင်းလည်ကာ ပြည့်နှက်၍ နေသည်။
  • မစင်ပိုးကောင်သည် ယင်းသို့လျှင် မစင်တို့ဖြင့် ပြည့်နှက် ၀န်းရံလျက် ရှိနေသည်ကိုပင် ကျေနပ်အားရကာ ၀င့်ကြွားလေသည်။ " ငါ၏ ရှေ့တွင် လည်းကောင်း၊ နောက်တွင် လည်းကောင်း၊ ဘေးပတ်ဝန်းကျင် တွင် လည်းကောင်း မစင် တို့သည် အပြည့်အနှက် ရှိနေသည် တကား " ဟူ၍ မော်ကြွား ထောင်လွှားတတ် လေသည်။

ဥာဏ်ပညာ ကင်းမဲ့သူအား ပစ္စည်းဥစ္စာ ပေါများခြင်း၊ ရာထူးစည်းစိမ် ကြီးမြင့်ခြင်း၊ ထင်ပေါ် ကျော်ကြားခြင်း သည်လည်း ထိုသူအဖို့ ၀င့်ကြွားထောင်လွှားရန် ဖြစ်ပေသည်။

ထို့ကြောင့် ထို ပညာမရှိသူအား မစင်စားသော၊ မစင်၌ မွေ့လျော်တတ်သော မစင်ပိုးနှင့် တူသည်ဟု ခိုင်းနှုန်းအပ် ပေသည်။

( နိဒါန၀ဂ္ဂ၊ လာဘသက္ကာရသံယုတ်၊ ပထပ၀ဂ်၊ မီဠှကသုတ် )

3 comments:

သက်တန့် said...

မှတ်သားဖွယ် ပို့စ်လေးပါ...
မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်... :)

Anonymous said...

မျှဝေမှုလေးကောင်းပါသည်။
ပညာမရှိတဲ့သူသည် မစင်ပိုးနှင့်အလားတူသည်ပေါ့...
ဒါဆို ပညာရှိသူကဒူနဲ့တူလဲရှင့်...။

ကောင်းကင်ပြာ said...

မှတ်သားဖွယ် ပို့စ်လေးပါ ညီမငယ်

Posts

Followers

Labels

Comments